ကြွက်ရောင်းရန် ရှိသည်

Wednesday, January 19, 2011

မင်းသမီး မင်္ဂလာဆောင်မှာ တွေ့ရတဲ့ ဧည့်ကြိုများ ဖြစ်တယ်လို့ တနင်္လာနေ့ထုတ် အလင်းတန်းဂျာနယ်က ဓာတ်ပုံတပုံက ဆိုပါတယ်။ 
ဒါရိုက်တာ မောင်မျိုးမင်း အိမ်နံရံမှာ "ကြွက်ရောင်းရန် ရှိသည်" ဆိုပြီး ရေးသင့်ပါတယ်။ အဲဒီလို ရေးထားရင် ကြွက် ထွက်ပြေးတယ်လို့ မြန်မာတနိုင်ငံလုံး ယုံကြတယ် မဟုတ်လား။
ဆရာမောင်မျိုးမင်း တိုက်ပုံ ဘယ်ဘက်လက်မှာ နှင်းဆီပန်းပွင့်နဲ့ ရိုးတံပုံ ထိုးထားတယ် လို့ ယူဆပါတယ်။ ဒါဟာ ကြွက်ကိုက်သွားတဲ့နေရာကို ပန်းပွင့်နဲ့ ဖုံးတဲ့ သဘောပါ။ ကြွက်ကိုက်တာ တော်တော် များသွားပုံရပါတယ်၊ ပန်းပွင့်က အတော်လေးကို ကြီးနေလို့ပါ။

ကဲ စာဖတ်သူတို့ တိုက်ပုံဖြစ်ဖြစ် ဘာအ၀တ်အစား ဖြစ်ဖြစ် ရန်သူမျိုးငါးပါးကြောင့် ပျက်စီးသွားရင် မီးဖိုဆောင်မှာ လက်နှီးလုပ်ဖို့ မလိုတော့ဘူး။ အပေါက်အပြဲကို ကိုယ်နှစ်သက်ရာ ပုံရောင်စုံ အကြီးအသေးတွေ ဖုံးပြီး ဟန်မပျက် ၀တ်နိုင်ပါပြီ။ 

ဒါပေါ့ - မင်္ဂလာဆောင်တို့ ဘာတို့လည်း အဲဒါပဲ ၀တ်သွားပေတော့ဗျာ။ စာနယ်ဇင်း မျက်နှာဖုံးမှာတောင် ပါလာနိုင်တယ်နော်။

လွှတ်တော်တက်မယ့် ဆရာတွေလား၊ အင်း - ၀တ်သွားပေါ့ဗျာ။ လွှတ်တော် အ၀တ်အစား စတိုင် စည်းကမ်းချက်ထဲမှာ ဇာထိုးပန်းထိုး မလုပ်ရ ဘာညာ ရေးထားတာမှ မဟုတ်တာ။ 

အဲ - ကြွက်ရောင်းရန် ရှိသည် ဆိုပြီးလည်း အိမ်နံရံမှာ ရေးထားသင့်ပါတယ်။  ကြွက် သူပုန် အဲ -- ကြွက်သောင်းကျန်းမှုကြောင့် အ၀တ်အစားတိုင်းကို ဇာထိုးပန်းထိုး လုပ်ရမယ် ဆိုရင်လည်း မသက်သာဘူးမဟုတ်လား။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved