ကွန်ပျူတာတွေ ကွယ်နေတဲ့ အစည်းအဝေး

Wednesday, January 19, 2011


ရွေးကောက်ပွဲ ကော်မရှင်က ခေါ်ယူတဲ့ အစည်းအဝေးပါတဲ့။ အစည်းအဝေးခန်းကတော့ ခန့်ငြားပါတယ်။ အဲဒီကော်မရှင်ရဲ့ အစည်းအဝေးတွေတိုင်း ကွန်ပျူတာတွေ ဘာတွေနဲ့ ကျကျနန ခင်းကျင်းထားတာ တွေ့ရပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲမစခင်ကတည်း ကော်မရှင်ရဲ့ ဘယ်အစည်းဝေးပုံကြည့်ကြည့် ဘယ်သူမှ ကွန်ပျူတာသုံးတာ မတွေ့ရပါဘူး။

စဉ်းစားကြည့်ပြန်တော့လည်း ကွန်ပျူတာက သုံးတတ်ဦးမှ၊ သုံးပြန်ရင်လည်း ရေးမှတ်ထားတာတွေ ကိုယ်နဲ့ ပြန်ပါလာဖို့ လုပ်ရဦးမယ်။ ဒီတော့ ကွန်ပျူတာရှေ့ချပြီး စာအုပ်နဲ့ရေးကြတာ ထင်ပါရဲ့။

လာမယ့် လွှတ်တော်ထဲမှာ အမတ်တွေတော့ ဘယ်လိုနေမယ် မသိသေးပါဘူး။ လောလောဆယ်တော့ လွှတ်တော်အမတ်တွေအတွက် ဝက်အူရစ် ဥပဒေစည်းမျဉ်းတွေတော့ ကြိုကြား ကြားနေရပါတယ်။


3 comments :

  1. Anonymous said... :

    သူတို့ ကွန်တာပြူက ဘာမှမှ မပေါ်ပဲ .. လူရှိန်အောင် ဖောရှောလုပ်ထားတာနေမှာပါ။ ဒါမှမဟုတ် ကွန်တာပြူရှေ့က ပုဂ္ဂိုလ်များ အလှပြင်ဖို့ မှန်အစားထားထားတာနေမှာပေါ့။ (မှန်ကြီးထားတော့ မကောင်းဘူးလေ)။ တယောက်နဲ့တယောက် ချက်တင်လုပ်ပြီး ဆွေးနွေးတိုင်ပင်နေကြတာလည်း ဖြစ်နိုင်တယ်။ ဒါမှမဟုတ် ကွန်တာပြူဆိုတာ ဒါပဲဆိုပြီး ကွန်ပြူတာဖွင့်နည်းပိတ်နည်းတွေ သင်ပေးနေတာလည်းဖြစ်နိုင်တယ်။ ပုဂ္ဂိုလ်တွေ အားလုံး ခေါင်းလေးတွေငုံ့ပြီး လိုက်ရေးမှတ်နေကြတယ်လေ .. :D

  1. A S A said... :

    So funny! I have never seen like this meeting. That's why in Burmese proverb "Not fulfill pot spill".

  1. kz said... :

    ဒါဆိုရင်ယိုးဒယားနယ်စပ်မှာကပ်ရက်မှီခိုနေတဲ့
ဲ့သူတွေဘဲကွန်ပျူတာကိုနားလယ်တယ်ပေါ့။ဟုတ်?

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved