ဂျပန်က မြန်မာနိုင်ငံတွင် ကားထုတ်လုပ်မည်

Tuesday, January 25, 2011

ဂျပန်-မြန်မာ ပူးပေါင်းကားထုတ်လုပ်ရေး စီမံကိန်းလုပ်ငန်း အစည်းအဝေးကို ဇန်ဇဝါရီလ ၁၈ ရက်နေ့က ရန်ကုန်မြို့တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ထိုစီမံကိန်းလုပ်ငန်းစဉ်တွင် ဂျပန် ကားကုမ္ပဏီကြီးများဖြစ်သော ဟွန်ဒါ၊ စူဇူကီး အော်တိုတို့မှ အဖွဲ့ဝင်ပေါင်း ၄၀၀ ကျော်၊ မြန်မာ့ကားထုတ်လုပ် လုပ်ငန်းရှင် ၇၃ ဦးတက်ရောက်ခဲ့သည်။

လုပ်ငန်းစဉ်အရ မြန်မာနိုင်ငံတွင်အခြေစိုက်ပြီး အိမ်နီးချင်း နိုင်ငံများကို လက်လီ ပြန်ရောင်းချနိုင်ရေးဖြစ်သည်။

စူဇူကီး ဂျပန်ကားကုမ္ပဏီ ဥက္ကဋ္ဌ Tokushige Shimada က ဤ လုပ်ငန်းစဉ်ကို မြန်မာနိုင်ငံတွင် အကောင်အထည်ဖော် လွန်ခဲ့တဲ့ ၃ နှစ်ကတည်းက အစီအစဉ် ရှိခဲ့ကြောင်း၊ မြန်မာတွင် အခြေစိုက်၍ အိမ်နီးချင်းဖြစ်သော ဘင်္ဂလားဒေရှ်နှင့် အင်ဒိုနီးရှားတို့အား အဓိက ပစ်မှတ်ထားကြောင်း၊ နောက်တချက်ကတော့ မြန်မာတွင် လုပ်ငန်းအတွက် လုပ်အားခ သက်သာကြောင်း ပြောသွားသည်။

မြန်မာလုပ်ငန်းရှင်တဦးက “ဒီမှာက လုပ်အားခကို တခြားနိုင်ငံမှာ ယှဉ်လိုက်ရင် အများကြီး သက်သာတယ်လေ။ နောက်တခုက မြို့ကြီးတွေမှာ မော်တော်ယာဉ်တွေက လက်ရှိလူဦးရေနဲ့ဆို မမျှဘူးဖြစ်နေတယ်။ သူတို့လာလုပ်မယ်ဆိုရင် အနာဂတ်အတွက် အကျိုးမြတ်တွေ အများကြီးရနိုင်တယ်” ဟု ဆိုသည်။

ဝင်းလက်
Ref: www.cnfol.com

3 comments :

  1. ဂျပန်က မြန်မာပြည်ထဲမျာ ကားထုတ်လုပ်မယ် ဆိုတာ ကောင်းတာပေါ့...။ ကားဈေးတွေကျပြီး ကားစီးနိုင်တဲ့သူတွေ ပေါများလာနိုင်တယ်။ ဒါပေမယ့် မြန်မာပြည်မှာ လျှပ်စစ်ဓာတ်အားက လုံလောက်အောင် ပေးနိုင်ပါ့မလား ဆိုတာရယ်..၊ နေရာတကာ ဗိုလ်ကျ၊စီးပွားရေးကို လက်ဝါးကြီး အုပ်နေတဲ့ ဦးပိုင်က လာပြီးချုပ်ကိုင် အုံးမှာလား ဆိုတာရယ် မေးစရာလေးတွေ ရှိတယ်။

  1. Anonymous said... :

    What a strange or funny news to have production plants to be set-up for Honda & Suzuki in Myanmar.If so, warmly welcome to set up the production assembly!!
    Myanmar people will get a job.Good sign for every one.But I'm so sorry for hearing that Myanmar people are consider as the low pay earner.
    I have no idea to whom to blame.

  1. Anonymous said... :

    ဘယ်စာချုပ်ပဲချုပ်ချုပ် လုပ်နိုင်လို့ ချုပ်တာပဲရှိတယ် မလုပ်နိုင်ပဲ ကလေးကလား ချုပ်လို့မရဘူး။မြန်မာနိုင်ငံဟာ စက်မှုကဏ္ဍကို အားပေးမြှင့်တင်နေတာဖြစ်လို့ ကားထုတ်လုပ်ဖို့ လျှပ်စစ်မရှိပဲ မလုံလောက်ပဲ ဘယ်သူမှမလုပ်ဘူး။လျှပ်စစ်မရှိပဲ ကားထုတ်လုပ်လို့မရဘူးဆိုတာ လူတိုင်းကလေးတိုင်း နားလည်တယ်။လုပ်နိုင်လို့လုပ်တာပဲ။
    ဘာပဲဖြစ်ဖြစ် လျှပ်စစ်ကိစ္စကိုအသာထား ဒါက သူတို့လုပ်နိုင်လို့လုပ်တာ။ကိုယ့်အလုပ်မဟုတ်ဘူး။အဓိက မြန်မာနိုင်ငံမှာ ကားများများထုတ်နိုင်ပြီး ပြည်ပပါတင်ပို့နိုင်မှာဖြစ်လို့ ၀မ်းသာစရာတစ်ခုဖြစ်ပါတယ်။ကားများများထုတ်နိုင်လာမှာဖြစ်သလို ဈေးနှုံးလည်း နိုင်ငံတကာနည်းများတူ ဈေးနှုံးချိုသာစွာနဲ့ရောင်းချမှာဖြစ်လို့ လူလတ်တန်းစားအထိ ကားစီးနိုင်မှာဖြစ်လို့ အင်မတန် ကောင်းမွန်တဲ့သတင်းတစ်ခုဖြစ်သလို မြန်မာနိုင်ငံအနေနဲ့ကြိုဆိုရမှာပါ။ဂျပန်နိုင်ငံအတွက်လည်း အကျိုးရှိသလို မြန်မာနိုင်ငံအတွက်လည်း အကျိုးရှိတဲ့ ရလဒ်ဖြစ်ပေါ်လာမှာပါ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved