၆၃ နှစ်မြောက် ချင်းအမျိုးသားနေ့

Sunday, February 20, 2011

၆၃ နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရောက် ချင်းတိုင်းရင်းသားတွေက ဒီနေ့ နေ့လည်မှာ သိုက်သိုက်ဝန်းဝန်း ကျင်းပခဲ့ကြပါတယ်။ 

အခမ်းအနားကို တာဝန်ယူကျင်းပတဲ့ ချင်းကျောင်းသားလူငယ်များအဖွဲ့ရဲ့ ဥက္ကဌ ကိုလိုင်ထာက နိုင်ငံရပ်ခြားရောက်နေတဲ့ ချင်းတိုင်းရင်းသားတွေအနေနဲ့ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊ ကိုယ့်ယဉ်ကျေးမှုတွေကို မမေ့ပျောက်အောင်၊ အမျိုးသားစိတ်ဓာတ် ရှင်သန်အောင် ဒီအခမ်းအနားကို လုပ်ရတာဖြစ်တယ်ဆိုတာနဲ့၊ ရိုးရာအမွေ၊ ဇာတိဂုဏ်အမွေတွေကို မျိုးဆက်သစ် လူငယ်တွေဆီ လက်ဆင့်ကမ်းတဲ့အနေနဲ့ လုပ်ရတာဖြစ်တယ်လို့ ဧရာဝတီကို ပြောပြပါတယ်။



အခမ်းအနားလုပ်တဲ့ Possangipur Community Hall အ၀င်မှာ ခရီးဦးကြိုနေတဲ့ ချင်းပျိုဖြူတွေ


“ချင်းပြည်နယ်ကို ချစ်လား” လို့ အဓိပ္ပါယ်ရတဲ့ ချင်းပြည်နယ် ဂုဏ်ပြုသီချင်းဆိုတဲ့ ဒါးတင်တလ်မ် က သူငယ်ငယ် ဟားခါးမြို့မှာ ကြုံခဲ့ရဖူးတဲ့ ရိုးရာအကတွေ၊ ရိုးရာအစားအသောက်တွေ၊ ရိုးရာ အားကစားပြိုင်ပွဲတွေနဲ့ စည်ကားလှတဲ့ ကွင်းပြင်ကျယ်ကြီးက ချင်းအမျိုးသားနေ့ကို သတိရအောင့်မေ့မိသလို ဆာဗူးသီး လို့ခေါ်တဲ့ ချင်းရိုးရာ အမဲအူပြုတ်ဟင်းကိုလည်း တမ်းတတယ်၊ ချင်းအမျိုးသားနေ့ကို ချင်းပြည်နယ်မှာ လွတ်လွတ်လပ်လပ်နဲ့ ကျင်းပခွင့်ရမယ့်နေ့ကို မျှော်လင့်နေတယ်လို့ ပြောပြပါတယ်။



မတူပီချင်းတို့ရဲ့ ရိုးရာအက

ဇိုမီးရိုးရာအက

အခမ်းအနားအစီအစဉ်တွေ ကြေငြာပေးနေတဲ့ ဖလမ်းပျိုဖြူ


ချင်းအမျိုးသားနေ့ဆိုတာနဲ့ ချင်းရိုးရာဓလေ့တွေ၊ အကတွေ မြင်ဖူးအောင် သိအောင် လာခဲ့တယ်ဆိုတဲ့ မိသားစု


ရိုးရာ လေးနဲ့မြှား

ရိုးရာဓလေ့နဲ့ အကတွေကို ကြည့်ရတာ ပျော်တယ်ဆိုတဲ့ ကလေးတွေ


0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved