ဘားကမ့် ရန်ကုန် ၂၀၁၁ ကျင်းပပြီးစီး

Monday, February 21, 2011





ဘားကမ့် ရန်ကုန် ပွဲကို ဖေဖော်ဝါရီလ ၁၉ ရက်နဲ့ ၂၀ ရက်နေ့တွေမှာ ကျင်းပခဲ့ပါတယ်။ ပထမအကြိမ် ဘားကမ့် ရန်ကုန်ပွဲကို ပြီးခဲ့နှစ် ဇန်နဝါရီလ ၂၃ ရက်နဲ့ ၂၄ တို့မှာ ကျင်းပခဲ့ပြီးပါပြီ။ ပထမဆုံး အကြိမ် ဘားကမ့် မန္တလေးကိုတော့ ဖေဖော်ဝါရီလ ၁၂ ရက်နဲ့ ၁၃ ရက်တို့မှာ ကျင်းပခဲ့ပါတယ်။

ခဏခဏ ကြားရတတ်တဲ့ ဘားကမ့် (BurCamp) ဆိုတာ ဘာလဲ ဖော်ပြလိုက်ပါတယ်။

“ဘားကမ့်ဆိုသည်မှာ သမာရိုးကျ ပြုလုပ်နေကျ နည်းပညာ ဟောပြောပွဲပုံစံမှ ခွဲထွက်ပြီး လူအများစုပေါင်းကျင်းပသော လွတ်လပ်တဲ့ အသိပညာမျှဝေနိုင်သော နည်းပညာ ဖလှယ်ပွဲတစ်ခု ဖြစ်ပါသည်။ ဘားကမ့်တွင် လူတစ်ဦးတစ်ယောက်ချင်း ဆီမှ မိမိတို့ သိရှိထားသမျှသော အသိပညာ၊ အတတ်ပညာများကို ဆွေးနွေးမှုပုံစံဖြင့် အပြန်အလှန် တင်ပြနိုင်သည်။ ဘားကမ့်သည် ပွင့်လင်း(Open)သည်၊ မည်သူမဆို တက်ရောက်လာသူများ ကိုယ်တိုင် ဝင်ရောက်ဟောပြော၍ ရပါသည်။ သက်ဆိုင်ရာ အချိန်ဇယားကပ်ထားသော ဘုတ်ပေါ်တွင် ကိုယ်ဟောပြောမယ့် ခေါင်းစဉ်ကို သွားကပ်လို့ရသည်။ ဘားကမ့်ကို ဦးဆောင်သူ(Organizer) ရယ်လို့ သီးသန့်မရှိပဲ ကျင်းပမည့် နယ်မြေဒေသမှ ဘားကမ့်ပြုလုပ်ချင်သူ (Barcamper)များနှင့် တက်ရောက်မယ့် သူများက စုပေါင်းကျင်းပ ကြခြင်း ဖြစ်သည်။” လို့ မြန်မာဝီကီမှာ ဖွင့်ဆိုထားပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved