ခြေချောင်း လက်ချောင်း ၂၆ ချောင်းပါ မြန်မာကလေးငယ် ဂင်းနက်စ် စံချိန် တင်မလား

Saturday, February 12, 2011

ဓာတ်ပုံ - မြန်မာပို့စ်

ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်မှ အသက် ၁ နှစ်ကျော်အရွယ်ရှိ မိန်းကလေးငယ် မလဲ့ရတီမင်းသည် မွေးဖွားစဉ်ကတည်းက လက်ချောင်းပေါင်း ၁၂ ချောင်းနှင့် ခြေချောင်းလေးပေါင်း ၁၄ ချောင်းပါရှိခဲ့သည်။ ထိုကြောင့် ခြေချောင်း လက်ချောင်းလေးပေါင်း ၂၆ ချောင်းပါရှိသည်။ ထိုထူးခြားသော မိန်းကလေးငယ်၏ သတင်းကို ပြည်တွင်းအခြေစိုက် မြန်မာပို့စ် သတင်းဂျာနယ်က ၂၀၁၀ ပြည့်နှစ် သြဂုတ်လတွင် ဖော်ပြခဲ့ဖူးသည်။

ယခုအခါ ထိုမိန်းကလေးငယ်သည် ကမ္ဘာ့ ဂင်းနက်စ်စံချိန် ဝင်မည်လားဟု နိုင်ငံတကာ မီဒီယာများကရော ကလေးငယ်၏ မိဘများကပါ စိတ်ဝင်စားနေကြပါသည်။

“ကျမသမီးလေး လဲ့ရတီမင်း ၂၀၁၂ ကမ္ဘာ့ဂင်းနက်စ်စံချိန် ဝင်မယ်ဆိုရင်တော်တော် ဝမ်းသာပါမယ်” ဟု ကလေးငယ်၏ မိခင် ဖြိုးမင်းမင်းစိုးက ပြောကြောင်း ဂျာမာန် သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

လောလောဆယ်မှာ ကမ္ဘာ့စံချိန် တင်ထားတာကတော့ အိန္ဒိယနိုင်ငံသား အသက် ၁၅ နှစ်အရွယ် ဟာနေးဖြစ်ပြီး ခြေချောင်း လက်ချောင်းပေါင်း ၂၅ ချောင်း ပါရှိသည်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved