အေးဓားပြ သီဟသူရတင်အောင်မြင့်ဦးရဲ့ ဖိအား

Tuesday, February 22, 2011


ကျားပေါက်၊ ဖေဖော်ဝါရီ ၂၂၊ ၂၀၁၁

နေပြည်တော်ရဲ့ ညနေခင်းမှာ အတိုက်အခံနဲ့ တိုင်းရင်းသားတွေတင်မယ့် ကန့်ကွက်မဲကိစ္စတွေကို စိတ်မဝင်စားနိုင်ကြပါ။ မျက်ရည်တွေဝဲ၊ ဒေါသတွေနဲ့ MRTV ဖွင့်လျက်နဲ့ နောက်တနေ့ လွှတ်တော်မှာ ဘာတွေ ပြောင်းဦးမှာလဲ ဆိုတာပဲ စဉ်းစားနေကြရတယ်တဲ့။ “ဒီကနေ့ ထွက်စာတင် မနက်ဖြန် တပ်ချုပ်က ပြန်မချော့ရင် ရှင်ဘယ်လိုလုပ်မလဲ” ဆိုတာကို မဖြေတတ်တော့ပါ။ အဘနဲ့ စိတ်ကောက်တမ်း ကစားရတာ မမောနိုင် မပန်းနိုင်ပါပဲလို့ စစ်ကောင်စီဝင်တွေရဲ့ အမိန့်ပေးတာလုပ်၊ အောက်လူကို ဟောက်တဲ့ ဘဝကနေ နိုင်ငံရေးအခြေခံ ၁၀၁ စာအုပ်အတိုင်း နိုင်ငံရေး ကစားနေရရှာတယ်။



အာဏာခွဲတမ်းအတွက် စိတ်ကောက်ကြ၊ စိတ်ဆိုးကြ၊ ဒါပေမယ့် လက်ကိုင်ဖုန်းကနေ ဘာမှ မပြောကြေးဆိုပဲ။

ဒါပေမယ့် ထူးခြာချက်တခုကတော့ သူရဲကောင်း တင်အောင်မြင့်ဦးပဲလို့ လွှတ်တော်စဖို့ ၂ ပတ်အလိုမှာ သိလိုက်ရတယ်တဲ့။ တပ်ချုပ်ရဲ့မိသားစု ကြွယ်ဝမှု၊ မိသားစု စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ ဖြစ်လာဖို့ အာဏာရှိသူကသာ ကူညီနိုင်တယ်တဲ့။ မိန်ခလေးမြင်ရင် လက်ညှိးထိုးတတ်တဲ့ မြန်မာ့စီးပွားရေး ထိပ်တန်း ကိုတေဇကလည်း မစွမ်းဆောင်နိုင်ပါဘူးတဲ့။ ကိုတေဇက အမေကြိုင်အတွက် စာရင်းကိုင်နည်းလောက် ပြနိုင်တာပါတဲ့။
တပ်ချုပ် ဗိုလ်ချုပ်အေးတို့က လွဲလို့ စစ်ကောင်စီတွေ တပ်က ထွက်ရတဲ့အချိန် ဘယ်သူတွေ ဘယ်ရာထူးရမှာလဲလို့ မသေချာသေးတဲ့အချိန်၊ ဇနီးသည်နဲ့ သားသမီးတွေ အကြားမြင်ဆရာ၊ ဗေဒင်ဆရာနဲ့ နပမ်းလုံးနေရတဲ့ အချိန်၊ သူရဲကောင်း ဗိုလ်ချုပ် အပြုံးမပျက်ခဲ့ဘူးတဲ့။ ရန်သူရဲ့ အားအပျော့ဆုံးနေရာကို ခံစစ်က တိုက်စစ်နဲ့တိုက်မှ မင်းတို့နိုင်မှာပါ့လို့ ကြွေးကြော်လေ့ရှိတဲ့ သူရဲကောင်း တင်အောင်မြင့်ဦးတယောက် တပ်ချုပ်ရဲ့ အားအပျော့ဆုံး မိသားစု အနာဂတ်ကို စစ်ဆင်ရေး လုပ်လိုက်တယ်လို့ နောက်ဆုံးမှာ ပေါ်သွားတယ်တဲ့။

စစ်ကောင်စီဝင်တွေ ဗိုလ်ချုပ်ဘဝကနေ “ဦး” ဖြစ်သွားပြီး နောင်တက်မယ့် ဦးစီးချုပ်၊ ဒု ချုပ်တွေကို သတင်းစာရယ်၊ ကိုယ်ရေးအရာရှိတဦး၊ ရုံးခန်းနဲ့ထားပြီး ၁၀ တန်း အောင်စာရင်း စောင့်ခိုင်းထားတဲ့ ကျောင်းသားအဖြစ်ခံခဲ့ရတယ်။ သူရဲကောင်း ဗိုလ်ချုပ်ကတော့ မယ်တော်နဲ့ သမီးတော်တွေဆီ ဦးခိုက်တော့ တာပဲတဲ့။ သူသာ အုပ်ချုပ်ရေးမှာ ပြန်မပါဘဲ လွှတ်တော်တက်၊ ပါတီစည်းကမ်း ထိန်းသိမ်းရေးပဲ တရားရေးဘက် ရောက်ခဲ့ရင် သူ့အနေနဲ့ စီးပွားရေးကော်မတီ ဥက္ကဋ္ဌဘဝ မယ်တော်တို့အတွက် တည်ဆောက်ပေးနေတဲ့ မပြီးသေးတဲ့ လုပ်ငန်းတွေ မလုပ်ပေးနိုင်တော့ပါ။ မယ်တော်နဲ့ သမီးတော်တွေ ရရန်ရှိသေးတဲ့ ဒေါ်လာ သန်းပေါင်းများစွာ လက်လွှတ်ရတော့မယ်တဲ့။

တရုတ်ကုမ္ပဏီတွေက စီးပွားရေးသမားတွေပဲ၊ အာဏာရှိမှ ဆက်ဆံမှာဆိုတော့ သူကတဆင့် ရှာပေးနေတဲ့ ဝင်ငွေတွေ ရပ်မှာစိုးလေတော့ တပ်ချုပ် မိသားစုအရေးက တိုင်းပြည်အရေး၊ ပြုပြင်ပြောင်းလဲရေး တပ်မတော် အရေးထက်ပိုရတော့မှာပေါ့။

သူရဲကောင်း ဗိုလ်ချုပ်မှာ ဒီနေရာမှာ မရပ်ပါ။ နေရွှေသွေး မြေရှင်ကြီးဖြစ်ဖို့ ကမ္ဘာအေး ဘုရားလမ်းကနေ စ၊ ပြည်လမ်း အဆုံး ပါရမီလမ်းမကြီးပေါ်က မြေတွေ ဈေးဈေးချိုချိုနဲ့ ပိုင်နိုင်ဖို့၊ တပ်ချုပ်မြေးကလေးက ငွေးပေးဝယ်တာပါလို့ ပြနိုင်အောင်၊ အလှူလုပ်ချင်တဲ့ ကိုရွှေတရုတ်စီးပွားရေး ပေါက်ဖော်ကြီးတွေနဲ့ အဆက်မပြတ်ရမှာလားလို့ သိန်းခြောက်လာသတဲ့။

ဘကြီးသန်းရွှေခမျာ ဗိုလ်ခင်ညွန့်တုန်းကလို ပြန်ပြီး မနှိပ်ကွပ်နိုင်တော့ပါ။ ဗိုလ်ခင်ညွန့် ကစားတာက တိုင်းရင်းသား ငြိမ်းချမ်းရေးတွေနဲ့ ထိစပ်ဖို့လောက်တော့ ကျနော်မရှိလို့ မဖြစ်ပါလောက်တော့ သနားမှာပေါ့။ ဒါပေမယ့် သူရဲကောင်း ဗိုလ်ချုပ်လုပ်ပုံက နေရွှေသွေး မြေရှင်ဘဝ မရောက်ခင် အဖိုးတာဝန် မကျေဘူးပေါ့လေ။ ဗိုလ်ခင်ညွန့်က တိုင်းပြည်မျက်နှာကြည့်ပြီး ဖမ်းရတာ။ ထောက်လှမ်းရေးဖျက်ရတာ။

သူရဲကောင်းဗိုလ်ချုပ်ကတော့ တိုင်းပြည်မျက်နှာ မထောက်နိုင်တော့ပါ။ ဒါမိသားစုအရေးဗျ၊ ဘယ်လိုမှ နောက်မဆုတ်နိုင်တော့လို့ ဘကြီးသန်းရွှေလည်း သူရဲကောင်းကို အေးဓားပြမှန်း သိလျက်နဲ့ပဲ ဒုသမ္မတကို ပေးလိုက်ရတော့တာပဲ။

ဒါနဲ့ပဲ ကိုရွှေမန်းခမျာ ဘယ်သူမှ မလေးစားတဲ့ အောက်လွှတ်တော် ဥက္ကဋ္ဌဖြစ်၊ အထက်လွှတ်တော် ခင်အောင်မြင့် အမိန့်ပေးတာ လုပ်ရတဲ့ဘဝ နေ့ချင်းညချင်း ရောက်သွားရလေရဲ့။ ကိုရွှေမန်း စိတ်ကောက်ရင် ဘာမှမရမှာကြောက်လို့ ဘကြီးသန်းရွှေ ဘာရာထူးပေးပေး ပြုံးပြုံးလေးလက်ခံဖို့ မှန်ကြည့်ပြီး လေ့ကျင့်နေပုံရတယ်လို့ နအဖ အသိုင်းအဝိုင်းက ပြောပါတယ်။

အခုတော့ တပ်ချုပ်လည်းကို ရွှေမန်းကို ကြံ့ဖွံ့ဥက္ကဋ္ဌ ပေးထားပြန်တာ့ ကြံ့ဖွံ့အတွင်းရေးမှူး ဦးဌေးဦးလည်း စိတ်ကူးအိမ်မက် ပျက်သွားပြန်ပြီ။

ဒီတပွဲမှာ လူကြီးတွေ့ ရှေ့ရောက်ရင် ရင်ပတ်ဖိတတ်တဲ့ ဗိုလ်ချုပ် သိန်းစိန်နှင့် သူရဲ့ကောင်းပွဲလို့ ပြောရင်မမှားဘူးပေါ့။ သူတို့ ၂ ယောက်စလုံး အမေကြိုင်နဲ့ မိသားစုဘဝရှေ့ရေး၊ မိသားစု အကျိုးအတွက် အားလုံးကို စတေးရတယ်။ တပ်ချုပ် စိတ်မကောင်းဘူးလို့ ဆိုတယ်။

အမေကြိုင်နဲ့ နေရွှေသွေးအောင်တို့ ကိုရွှေမန်းကို မပေးတာ အချက်ရှိပါတယ်။ တိုးနေမန်းတို့လို ချမ်းသာချင်တယ်။ အကယ်၍ ကိုရွှေမန်း သမ္မတဖြစ်ခဲ့ရင် မိသားစုချင်း ထိပ်တိုက်ရင်ဆိုင်ရမယ်လေ။
ဒါနဲ့ပဲ ထွန်းမြင့်နိုင် အကူအညီယူလို့ စင်ကာပူက စီးပွားရေးအကြံပေးတွေငှား မြန်မာနိုင်ငံကို စက်မှုထွန်းကားတဲ့ တိုင်းပြည်လုပ်ပြမယ်လို့ သူရဲကောင်းဗိုလ်ချုပ် စီစဉ်နေလေရဲ့။

ဦးသိန်းစိန်လည်း သမ္မတဖြစ်လာပြီးဆိုတော့ အရင်ကလို ငြိမ်နေလို့မရ၊ စီးပွားရေး အကြံပေးတွေ ငှားနေရတာပေါ့။

တပ်ချုပ်က ထိုင်နေရင် အကောင်းသား၊ အခုတော့ ရွေးကောက်ပွဲ အတင်းလုပ်တော့ နိုင်ဖို့မဲခိုးရ၊ နိုင်ငံတော် အကြီးအကဲဘဝကနေ မဲခိုး မဲလိမ်ရတဲ့ဘဝ၊ လမ်းဘေးက ကလေးကတောင် မလေးစားလေတော့ တပ်ချုပ်ကနေ တပ်ရှုပ်ဘဝကို ရောက်ရပြန်ပြီ။ နအဖဘဝနဲ့ သေတဲ့အထိနေလည်း ဘယ်သူကမှ စောဒက မတက်ရဲ့တဲ့ ဘဝကနေ နေ့တဓူဝ နိုင်ငံအရေးကို မလုပ်ဘူး၊ မင်းတို့ သမ္မတရုံးလည်း မလာနိုင်ဘူးကွဆိုတော့ နေပြည်တော် စာကြည်တိုက်နားမှာပဲ ရုံးသေးသေးတခု အမြန်ဆောက်ပေးရဆိုပဲ။

တပတ် ၂ ရက်တွေ့ကြရအောင်ကိုရော ကျန်တဲ့ ၅ ရက်စလုံး အငြိမ်းစား အိမ်ကနေ နေပြည်တော်ဘက် လှမ်းမျှော် နေရဦးမယ်။

အရန်တပ်ဖွဲ့ ဥပဒေအမှတ် ၂၉/၂၀၁၀ ကို ခိုးချောင် ခိုးဝှက်ထုတ်၊ ဥပဒေ အခန်း ၂ အရ အဘတယောက် တပ်ချုပ် အရန်အင်အားအနေနဲ့ ၅ နှစ် စစ်မှုထမ်းဦးမယ်ဆိုပဲ။

အာဏာရှင် ဦးနေဝင်းက စိတ်ဆိုးဆိုးနဲ့ ပါတီကထွက်၊ ကိုယ်နဲ့ရင်းတဲ့သူတွေပါ ထွက်ခိုင်းလို့ ဗိုလ်စိန်လွင် တယောက် ထင်ရာလုပ်တဲ့ကိန်းကို ရှောင်ပေမယ့်လည်း စနစ်တကျနဲ့ နေ့စဉ် အုပ်ချုပ်ရေးက အနားယူဖို့ ဥပဒေအမျိုးမျိုးနဲ့ ဖုတ်သွင်း အရန်တပ်ဖွဲ့ ဥပဒေနဲ့ ခရီးဆက်ဖို့ ပြင်ဆင်ထားပါတယ်။

မိသားစု ကြွယ်ဝမှုတခုပဲ အလေးပေးမိလို့ ဒုတိယ စိန်လွင်ကို အာဏာပေးမိတဲ့ အရန်တပ်ဖွဲ့ အကြီးအကဲ တယောက်နဲ့ လိုတာမရ၊ ရတာမလို ဗိုလ်ချုပ်များ ဘယ်လို ဆက်ခရီးဆက်မယ်ဆိုတာ ဖန်သားပြင်မှာ ဆက်ရှုစားကြပါစို့။

7 comments :

  1. Anonymous said... :

    ah change tan yin thu toe er lone thay chin soe ne thay mar ... pl wait n see

  1. Anonymous said... :

    ရှင်းရှင်းရေးလျှင် ပိုဖတ်လို့ ကောင်းပါမည် သရော်သလိုလို မြှောက်ပင့်သလိုလို သူရဲကောင်းဗိုလ်ချုပ် သူရဲကောင်းဗိုလ်ချုပ်နှင့် တကယ့် သူရဲကောင်းတွေ နာမည်ပျက်ပါတယ်ဗျာ..ဗိုလ်ချုပ် ရှစ်လုံးဆိုလဲ သိပါတယ် စာရေးသူရာ.

  1. Shyam said... :

    yes...i also didn't get the point after reading this...

  1. Anonymous said... :

    အကြောင်းအရာ ကောင်းပါတယ်။ ရဲရဲရေးပါ။ ဖတ်နေရင်းကြောက်လာသလို ခံစားနေရတယ်။ ခင်ဗျားတို့ကို မနှိပ်စက်နိုင်ပါ။ ဒါတွေ လူများများသိမှ တိုင်းပြည်ပိုကောင်းလာမှာ ။

  1. Anonymous said... :

    ta&;tom; tvGefnHYygonf/

  1. Anonymous said... :

    What do you want to say?
    What is your point?
    Please write clearly to let everyone understand!!!

  1. Anonymous said... :

    KO CHEE KO KA LAW PE PYAN SHU NAY TE PONE ...SHU PE YIN SARTALK MA ...

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved