အရှုပ်အရှင်းများကြောင့် ဆန်းဂရုဏာနဲ့ မပေါင်းနိုင်တဲ့ နာရေးအသင်း

Tuesday, February 8, 2011

သင်းအောင်၊ ဖေဖော်ဝါရီ ၈၊ ၂၀၁၁

နာရေး ကူညီမှုအသင်း (ရန်ကုန်) ၏ အသုဘပို့ယာဉ်များ အကူအညီနဲ့ ဆက်သွယ် ဆောင်ရွက်မယ်လို့ ပြည်ပမီဒီယာများမှာ ဖော်ပြခဲ့တဲ့ “ဆန်းဂရုဏာ နာရေးကူညီမှုအသင်း” ရဲ့ ကမ်းလှမ်းမှုကို နာရေးကူညီမှု အသင်း (ရန်ကုန်) က လုံးဝ လက်မခံနိုင်ကြောင်း အသင်းဥက္ကဋ္ဌ ဦးကျော်သူက ဧရာဝတီကို ပြောပါတယ်။

ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ စတင်ဖွင့်လှစ်လိုက်တဲ့ ဆန်းဂရုဏာ နာရေးကူညီမှုအသင်းရဲ့ အဆိုပါ ကမ်းလှမ်းမှုချက်ကို ဖေဖော်ဝါရီလ ၇ ရက်နေ့ ညနေမှာ နာရေးကူညီမှုအသင်းက အခုလို ငြင်းပယ်လိုက်တာပါ။

ဦးကျော်သူက “ကျနော်တို့ရဲ့ နိဗ္ဗာန်ယာဉ်တွေနဲ့ အကူအညီပေးဖို့ ဆန်းဂရုဏာက ဖေဖော်ဝါရီ ၄ ရက်၊ ၅ ရက် ၀န်းကျင်က စာတင်ပါတယ်။ ဒီအပေါ် တဦးတယောက်တည်း ဆန္ဒနဲ့ ဆုံးဖြတ်လို့ မရပါဘူး။ မနေ့က ဖေဖော်ဝါရီ ၆ ရက် အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ ဆန်းဂရုဏာရဲ့ အကူအညီတောင်းခံမှုကို ငြင်းပယ်လိုက်ပါတယ်” လို့ ပြောပါတယ်။


ဒါ့အပြင် ဆန်းဂရုဏာ နာရေးကူညီမှု အသင်းရဲ့ ပုဂ္ဂိုလ်ရေး၊ လူမှုရေး၊ ငွေကြေး အရှုပ်အရှင်းတွေကို ပါဝင်ပတ်သက်မှု မပြုလိုကြောင်း၊ အယုတ်အလတ် အမြတ်မရွေး မည်သည့် နာရေးရှင်မဆို တိုက်ရိုက် အကူအညီတောင်းခံခြင်းကိုသာ ကူညီရန် အသင့်ရှိပါကြောင်း၊ ယခု ငြင်းပယ်မှုဟာလည်း အများဆန္ဒသာဖြစ်ကြောင်း ဦးကျော်သူက ရှင်းပြပါတယ်။

နာရေး ကူညီမှုအသင်း (ရန်ကုန်) ရဲ့ တခြား တာဝန်ရှိ ပုဂ္ဂိုလ် တဦးကလည်း “သူတို့ရဲ့ ကမ်းလှမ်းမှုကို အများဆန္ဒနဲ့ ဆုံးဖြတ်ဖို့ စီစဉ်နေဆဲမှာပဲ သူတို့က ‘နာရေး ကူညီမှုအသင်း (ရန်ကုန်) နှင့် ဆက်သွယ်ဆောင်ရွက်သွားမည်’ လို့ ပြည်ပ မီဒီယာမှာ ဖွင့်ချလိုက်ခြင်းဟာ နာရေးကူညီမှု အသင်း (ရန်ကုန်) ကို ခုတုံးလုပ် အသုံးချလိုက်ခြင်းသာ ဖြစ်တယ်” လို့ ပြောပါတယ်။

ဦးကျော်သူကပင် “ကျနော်တို့ရဲ့ အခုလို ဆုံးဖြတ်မှုဟာ ပြည်သူတွေနဲ့ ရန်တိုက်ပေးသလို ဖြစ်ကောင်း ဖြစ်လိမ့်မယ်။ ဒါပေမယ့် မတတ်နိုင်ပါဘူး။ ခုရှုပ်မှ နောင်ရှင်း ကိစ္စ ဖြစ်နေတာမို့ သူတို့ ကမ်းလှမ်းမှုကို ငြင်းပယ်လိုက်ရခြင်း ဖြစ်ပါတယ်” လို့ ပြောပါတယ်။

အမှတ် ၁၈၁၊ သုဒဿန ၄ လမ်း၊ ၁၆ ရပ်ကွက် အပိုင်း (၂) သင်္ကန်းကျွန်းမြို့နယ်တွင် ယာယီ ရုံးခန်း ဖွင့်လှစ်ထားသော ဆန်းဂရုဏာ နာရေးကူညီမှု အသင်းကို ၂၀၁၁ ဇန်န၀ါရီ ၂၅ ရက်က စတင်ဖွဲ့စည်းခဲ့ပါတယ်။

ဆန်းဂရုဏာ နာရေး ကူညီမှု အသင်းအား ဥက္ကဋ္ဌ ဦးဇော်ဝင်း၊ ဒုတိယ ဥက္ကဋ္ဌ ဒေါ်အေးမိ၊ အတွင်းရေးမှူး ဦးစန်းလှိုင်၊ ဘဏ္ဍာရေးမှူး ဒေါ်ကြည်ကြည်ဝင်း အပါအ၀င် အသင်းဝင် ၃၁ ဦး၏ လစဉ် စုပေါင်း ထည့်ဝင်ငွေ ၉ သောင်းကျော်နဲ့ အသင်းအား စတင် ဖွဲ့စည်းခြင်း ဖြစ်ကြောင်း၊ နာရေးရှင်များ လာရောက် အကြောင်းကြားသည်နှင့် အသင်းမှ ကနဦး ထောက်ပံ့ငွေ ကျပ် တစ်သောင်း ပေးမည်ဖြစ်ကြောင်း၊ ရုပ်အလောင်း သင်္ဂြိလ်ရန်ကိုမူ နာရေးကူညီမှု အသင်းသို့ မိမိတို့ အဖွဲ့မှ ဆက်သွယ် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း အသင်းရုံးခန်း ဖွင့်လှစ်သည့် ဖေဖော်ဝါရီ ၅ ရက်က အသင်း ဥက္ကဋ္ဌ ဦးဇော်ဝင်းက ထည့်သွင်းပြောကြားသွားပါတယ်။

ဒါပေမယ့် ဆန်းဂရုဏာ နာရေးကူညီမှု အသင်းက အဲဒီလို နိဗ္ဗာန်ယာဉ် တောင်းခံတာကို နာရေးကူညီမှု အသင်း (ရန်ကုန်) က လုံးဝငြင်းပယ်လိုက်ကြောင်း ဇန်န၀ါရီ ၇ ရက် ညနေ ၄ နာရီအထိ ဆန်းဂရုဏာ နာရေး ကူညီမှုအသင်းမှ မသိရှိသေးတာ တွေ့ရပါတယ်။

ဆန်းဂရုဏာ နာရေး ကူညီမှု အသင်းသည် ၂၀၁၁ ဖေဖော်ဝါရီ ၁ ရက်နေ့က ပြည်ထဲရေး ၀န်ကြီးဌာနသို့ အသင်းဖွဲ့စည်းခွင့်နှင့် မှတ်ပုံတင် လျှောက်ထားဆဲဖြစပြီး ၀န်ကြီးဌာန၏ အတည်ပြုချက်ကို ယနေ့အထိ မရရှိသေးကြောင်း သိရပါတယ်။

8 comments :

  1. Anonymous said... :

    အင်း ခက်တော့တာဘဲ....ကိုကျော်သူ အောင်မြင်တိုင်း သူတို့ အောင်မြင်မယ် ထင်နေလားမသိပါဘူး...အဓိက အခံ(စိတ်ရင်း) ကောင်းဖို့ လိုပါတယ်...အခံ မကောင်းရင် စစခြင်း ခံရတော့တာဘဲ...။ နောက်လူများ သတိချပ်စေဖို့  ကိုကျော်သူရဲ့  ရဲရင့် ပြတ်သားတဲ့  တုန့် ပြန်ချက်ကတော့ ဆက်လက် အောင်မြင်နေဦးမှာပါ...။လူငယ် တွေ အများစု ကိုကျော်သူ ရဲ့  လက်တွေ့ ကျမှု ကို အားကျ သလောက်..ဝါးတားတားဖြစ်နေတဲ့  ဒေါ်စု ရဲ့  ခြေလှမ်းတွေ ကို လူငယ်တွေ အားမရဘူး ဖြစ်နေတယ်..။

  1. Anonymous said... :

    How to compare Daw Su and Ko Kyaw Thu,there are alot of different,(ဝါးတားတားဖြစ်နေတဲ့  ဒေါ်စု ရဲ့  ခြေလှမ်းတွေ ကို လူငယ်တွေ အားမရဘူး ဖြစ်နေတယ်..။)What you mean? So what is your planing for future? OK don't create story, all young people, even all people are support to Daw Su, on the other hand support to Ko Kyaw Thu also..

  1. Kz said... :

    This guy what he mean also himself don't know one, if you want to talk about Amay Su, you have to think about yourself, you are what, your thinking is what, your knowledge is what, your political point of view is what, your future is what and you stand where? you don't know yourself yet, own self also blur blur, too funny and stupid.

  1. cocacola said... :

    Hello San Ga Yu Nar,

    If your association wants to do welfare of people like U kyaw Thu, you need not to establish a new association like San Ga Yu Nar, it is simple to advice you that you should co-operate and reinforce to U Kyaw Thu's group to look after the public affair. His leading is no doubt and can see the transparency in all such as financial allocation. Why you cannot join!


    Best Regards.

  1. Unknown said... :

    Comment no(1)&(2)by Anonymous.What was wrong?Please tell me true story.

  1. Anonymous said... :

    အပေါ်က comment ပေးသူများအနေနဲ့ ဆန်းဂရုဏာ အဖွဲ့ ကို ဘယ်သူတွေ နဲ့ ဖွဲ့ တယ်ဆိုတာသေချာမသိသေးဘူးထင်တယ်။ NLD ရဲ့ ကွန်ယက် လှုပ်ရှားမှုတွေထဲကတခုအနေ နဲ့ လူကြီူများ၏လမ်းညွန်မှု အရဖွဲ ပါတယ်လို့ RFA ရဲ့ အင်တာဗျူးမှာ ပြောသွားပါတယ်။ အဖွဲဝင်တွေကလည်း NLD ဟောင်းတွေ အများစုပါ။ အရှုပ်ထုတ်တွေလုပ်လိုင်းသွားပူး လို့  ကိုကျော်သူတို့ ကအစထဲ ကကြိုရှင်းထားရတာပါ

  1. Anonymous said... :

    လူငယ်တွေ အားလုံး၊ လူတွေ အားလုံးက ဒေါ်စု ကိုထောက်ခံတယ် ဆိုရင် မဲရုံမသွားဘဲနေကြ၊ မဲမထည့် လည်းရတယ် လို့ ပြောနေတာ ဘလို့ မဲရုံ လူပြည့် နေလည်း..? ဒေါ်စုသာ..နိုင်ငံတကာ ဆုတွေ စာမျက်နှာမှာ တိုးတိုးလာတယ်..ပြည်သူ ဘယ်နှစ်ယောက် ဒေါ်စု လုပ်ပေးလို့  ဆင်းရဲတွင်းက လွတ်မြောက်သွားဖူးလည်း? အခု လုပ်နေတဲ့  လူငယ်ကွန်ယက်ဘာညာ ဆိုတာ..ဟို လွန်ခဲ့ တဲ့  အနှစ် ၂၀ထဲက လုပ်ရမဲ့ ဟာ..အကျယ်ချုပ် အကြိမ်ကြိမ်ကျ ခံရဘူးတယ် ဆိုတာ မှန်တယ်..ဒါပေမဲ့ အပြင်မှာ အမှိုက်ပုံ မှီခို စားသောက်ပြီး မိသားစု ဘဝ ရှင်သန်နေတာထက်..သူနေရတာ အများကြီး အဆင့်းမြင့်ပါတယ်..။ အခု လွတ်မြောက်ပြီး ၁လ ၊၂လ၊ ၃လ....အချိန်တွေသာ ကုန်လာတယ်..မီဒီယာမှာ ပွားနေတာက လွဲပြီး၊ လက်တွေ့ ကြကြ ပြည်သူ အတွက် ဘာလုပ်ပေးနေလည်း.?၊ နိုင်ငံရေး အကျဉ်းသား တွေ လွတ်မြောက်ရေး အဓိက ဆိုပြီး အသံကျယ်ကျယ် ပြောဘူးလား..လက်တွေ လွတ်မြောက်အောင် ဆောင်ရွက်နိုင်လား?၊ အကျဉ်းသား တွေ ကိုထောက်ပန့် ဖို့  လုပ်ပေးနေတယ် ဆိုတော့..အာဏာရှင်က ထောင်ချထားတယ်၊ဒေါ်စုက ကျွေးမွေးစောင့်ရှောက်နေသလို ဖြစ်မနေဘူးလား..?အာဏာရှင် လက်အောက်က တရားသူကြီးတွေက NLD ရပ်တည်ရေး အကြိမ်ကြိမ် ပယ်ချနေတာ ကို မဖြစ်နိုင်မှန်းသိသိကြီးနဲ့  အချိန်ကုန်ခံပြီး အယူခံတွေ အကြိမ်ကြိမ် တက်နေတယ်...ခုလည်း လုပ်ပြန်ပြီ.လူအခွင့်အရေး ကောင်စီတိုင်မယ်တဲ့ ..ဘန်Kiမွန်း တောင် ဘာမှ မလုပ်ပေးနိုင်တာ..တရုပ်နဲ့ ရုရှား ရှိနေသရွေ့ မဖြစ်နိုင်ဘူး ဆိုတာ သိသင့် တာပေါ့..၊ သေခြာတာ တခုကတော့..နအဖ က ဒီတကြိမ်သာ..ဒေါ်စုကို ပြန်ဖမ်း လို့ ကတော့..FREE ASSK ဆိုပြီး အော်မဲ့ လူဦးရည် နဲလာမှာ ကြိမ်းသေဘဲ..။ လူထု မျှော်လင့်တာက လက်တွေ့ ဆန်တဲ့  သိသာ ထင်ရှား ပြောင်းလည်းမှု လိုချင်တာ..အခုလို နှစ်သိပ် ပြီးဆက်သွား..နောက် အနှစ် ၂၀ မြန်မာပြည်..ဒီမိုကရေစီမရစေရဘူး..။

  1. arc said... :

    I agree to anonymous said.Because the people are hope different changes anythings but she can't changes.She can only said.In my country many peoples are pass to everything difficult.My life 26 year and another changes are not she can't.But i want said I'm not government people and i love my country.I recommend future youth be interested
    the democracy.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved