ထူး Chairman သတင်းတပုဒ်

Sunday, February 27, 2011


မတ် ၂ ရက်နေ့ ရက်စွဲတပ် စောင့်ကြည့် ဂျာနယ်က ဖြတ်စ။
အမည်းရောင်ခြယ်လိုက်လို့ စာကြောင်း တချို့ ပျက်နေတယ်။
ပုံနှိပ်စက်ရောက်မှ အမည်းရောင်သုတ်တာ ဖြစ်နိုင်တယ်။

ချို့ယွင်းချက်တခု တွေ့လို့ ဖျက်သလား? အမိန့်တော်ကြောင့်လား?
ဘာကြောင့် ဖျက်ထားမှန်း မသိရသေးပါ။

ဆဲချင်သူ၊ ဖတ်ချင်သူ၊
ဂျာနယ်တွေက ဘယ်လို ရေးကြသလဲ သိချင်သူများအတွက်
တင်ပေးလိုက်ပါတယ်။

Chairman ဆိုပြီး သုံးထားတာ တွေ့လိမ့်မယ်။ ကုလားထိုင်နဲ့လူ၊ နေရာရှိတဲ့လူ လို့ ဘာသာပြန်ရ နားလည်ရမယ် ထင်တယ်။

သြော် - ငါ့နှယ် - ဘာတွေလျှောက်ရေးနေပါလိမ့်း)

11 comments :

  1. Anonymous said... :

    ဒါသတင်းမဟုတ်ဘူးနော်................................ပြီးတော့ Htoo Company ရဲ့ chairman ဆိုတာ လူတိုင်းသိတဲ့ကိစ္စလေ........................( ဆဲချင်သူ၊ ဖတ်ချင်သူ၊
    ဂျာနယ်တွေက ဘယ်လို ရေးကြသလဲ သိချင်သူများအတွက်
    တင်ပေးလိုက်ပါတယ် )လို့ရေးတဲ့လူရဲ့ စိတ်ဓါတ်က ဟိုးအောက်ဆုံးကိုပြုတ်ကျနေပါလား.................

  1. Unknown said... :

    အရင်းခံ စိတ်ဓါတ် ကိုပူးတွဲ ဖော်ပြပေးတာပါခင်ဗျာ။

  1. Anonymous said... :

ွှ္စှဧရာဝတီက ပိုစ့်လေးတွေဖတ်ရတဲ့ အတွက် ကျေးဇူးတင်ပါတယ်...........



    ဒါမှတင်ပေးမုာ.......

  1. ရွှေသွေး said... :

    ဘယ်သူသေသေ ကိုယ်မာချင်သည့် ငတေ

  1. Anonymous said... :

    တင်လိုက်ကတည်းက ပွဲဆူစေချင်တဲ့ ရည်ရွယ်ချက်ပါနေပါလား။ စာဖတ်ပရိသတ်ကို အထင်သေးသလို ဖြစ်မနေဘူးလား။ Chairman ဆိုတာ ဥက္ကဌမှန်း လူတိုင်းသိနေတဲ့အချိန်မှာ၊ အထွေအထူးရှင်းနေစရာလိုသေးလား။ လှောင်သလိုလိုရေးရင်းနဲ့  ကိုယ်ဟာ တကယ်ပဲ နားမလည်သူလို့  ပရိသတ်ကို ပြောသလို ဖြစ်နေတာပေါ့။ သတင်းဌာနကြီးတခုမှာ ရေးသားနေသူတယောက်အနေနဲ့ ၊ ဆင်ခြင်သတိပြုစရာတွေပါလို့  အကြံပြုပါရစေ။

  1. Anonymous said... :

    ဟုတ်တယ် Chairman ဆိုတာ ဥက္ကဌမှန်း လူတိုင်း know တယ်လေ...... ...... ......

  1. Anonymous said... :

    Chairman ဆိုတာ ဥက္ကဌ ဟုခေါ်သည်လို့ မင်းတိုကို ဘယ်သူက စာသင်နေလို့လဲ... ငပေါတွေ.. ဘလိုင်းကြီး တိုက်ခိုက်နေတယ်

  1. Anonymous said... :

    ခေါင်းစဉ်မြင်လိုက်ကတည်းက တစ်ခုခုတော့ မှားနေပြီလို့  ထင်လိုက်သားပဲ။
    တကယ်တော့ ဒီပို့ စ်က ပြောင်ထားတဲ့ ပို့ စ်ပဲ။
    သိပ် မပြောင်နဲ့ ကွာ။
    တခါတလေ လိုက် မမီဘူး။ ဧရာဝတီဝက်ဆိုက်မှာ ကော်မန့် သွားရေးလို့  ခပ်ကြမ်းကြမ်း ရေးမိတဲ့အခါ အဲသည် ကော်မန့် က တက်မလာဘူး။ ဧရာဝတီ ဘလော့မှာတော့ နည်းနည်းပါးပါး ကြမ်းတာ လက်ခံတယ် ဆိုတော့ ဒီမှာ ကော်မန့် လာပေးအုံးဖြစ်မှာပါ။

    ဇော်လေး၊ ကွာလာလမ်ပူ

  1. Anonymous said... :

    I'd written one comment last month regarding wish of peace between Karen & Bamar base on normal citizen but that comment was never appear on here.Then I really come to know about Ayarwaddy blog's wish for Myanmar. They try their best to the fight continue for Karen & Myanmar for their blog's goodness.

  1. Anonymous said... :

    To No #7 Anonymous--We can use 'YOU' for everyone we talk to in English but not in Burmese. If you use "MIN' , except for friendly use, it is rude in general. You should respect the other online comment posters. They may have different opinions from you, and that is normal. By the way, do you have any other Burmese translations for the English word 'Chairman'? If you cannot provide the correct meaning of the word, it is YOU who fights the others blindfoldedly.

  1. Anonymous said... :

    အချို့အချို့သော မြန်မာများသည် ပို့စ်၏ ဆိုလိုရင်းကို သဘောမပေါက်နိုင်ရှာကြပါ။

    ထူး ကုမ္ပဏီ၏ ဥက္ကဌဟု သုံးလျှင် ဖြစ်သည့် ကိစ္စကို Chairman ဟု ရေးသည် ဆိုကတည်းက စံကျ မြန်မာစာနှင့် တခုခုတော့ လွဲနေပြီ ဖြစ်ပါသည်။

    Water ကို ရေ ဟု လူတိုင်းသိသည်။
    ထို့ကြောင့် ရေကြီးခြင်း သတင်းကို တင်ပြသောအခါ "Water ကြီးသည်" .. ဟု ရေးလျှင် အဆင်ပြေနိုင်ပါမည်လား။

    Chairman ဟု ကြားညှပ်ရေးခြင်းသည် Water ကြီးသည်ဟု ရေးခြင်းနှင့် သဘောချင်း အတူတူပင် ဖြစ်ပါသည်။ မယောင်ရာဆီလူးသော အရေးအသား သာ ဖြစ်ပါသည်။ ထိုအချက်ကို ပို့စ်က ထောက်ပြထားသည်။

    နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ Chairman ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟု မည်သည့် ဂျာနယ်တွင်မှ မရေးပါ။ Chairman ကို ဥက္ကဌမှန်း လူတိုင်းသိသည်ဆိုလျှင် နအဖ ဥက္ကဌကိုလည်း ထိုသို့ ရေးသင့်သည်။ နိုင်ငံတော် President ဦးသိန်းစိန်၊ နိုင်ငံတော် ဒု-president သီဟသူရတင်အောင်မြင့်ဦး၊ ဒု-president စိုင်းမောက်ခမ်း (ခေါ်) မောင်အုန်း စသည်ဖြင့် ရေးသင့်သည်။ president ကို သမ္မဟု လူတိုင်းသိသည်။ အပေါ်မှ မှတ်ချက်ပေးသူများ နောက်နောင် စာရေးသားလျှင် ထိုကဲ့သို့ အမြဲတန်း ရေးသားကြလိမ့်မည်ဟု မျှော်လင့်ပါသည်။

    အသုံးတွင်နေသော တီဗီ၊ ရေဒီယို၊ အင်တာနက် စသည့် ဝေါဟာရများကို မူရင်း အတိုင်းလူတိုင်းသုံးကြသည်မှာ မှန်သည်။ သို့သော် water ဆာသဖြင့် water တစ်ခွက်တိုက်ပါ ဟု ပြောဆိုခြင်းသည်ကား သဘာဝမကျသည့် လွဲချော်မှုသာ ဖြစ်ပါသည်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved