စစ်အစိုးရကို ဖေ့စ်ဘုတ် လှုပ်ရှားမှုကနေ ဖြုတ်ချမယ်လို့ ပြောရင် အခုအချိန်မှာ ဒါဟာ “ဟာသ” တခုလို့ ဘယ်သူမှ သဘောထားမှာ မဟုတ်တော့ပါဘူး။ တူနီးရှားမှာ အာဏာရှင်ပြုတ်ကျသွားတာ ဆိုရှယ်နက်ခ်ဝပ်တခုကနေ ကီးဘုတ်နဲ့ စလိုက်လို့ပါ။ အဲဒီလှုပ်ရှားမှုဟာ ဒိုမီနိုသဘောတရားအတိုင်း ကူးစက်ပျံ့နှံ့ပြီး အရှေ့အလယ်ပိုင်းမှာ အာဏာရှင်ကို အန်တုတဲ့ ပွဲတွေ ပေါ်လာတာ အခုလတ်တလေ လစ်ဗျားအထိပါပဲ။
လစ်ဗျားခေါင်းဆောင် ကဒါဖီဆိုရင် မာရသွန်ရှည်လျားတဲ့ တောင်စဉ်ရေမရ မိန့်ခွန်းတွေ ခြေမကိုင်မိ လက်မကိုင်မိပြော၊ နောက်ဆုံး အိုစမာဘင်လာဒင်ကိုပါ ဆွဲရတဲ့ အထိတောင် အခြေအနေက ဆိုးနေပါပြီ။
မြန်မာလူငယ်တွေကလည်း ဖေ့စ်ဘုတ်ကနေ Just Do It ဆိုပြီး လှုပ်ရှားပါမယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ ရန်ကုန်ကနေ စာမျက်နှာ စဖွင့်လိုက်တယ်လို့ သူတို့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာ (Just Do It against Military Dictatorship) အင်ဖိုမှာ တွေ့ရပါတယ်။
Just Do It ရဲ့ ဖေ့စ်ဘုတ်မှာ မြန်မာပြည်က ဖိနှိပ်မှုသတင်းတွေ၊ အရှေ့အလယ်ပိုင်း အာဏာရှင်ဖြုတ်ချရေး လူထုလှုပ်ရှားမှုသတင်းတွေ တင်ထားတာ တွေ့ရပါတယ်။
“တို့ အထဲ က လူငယ် တွေ ဆို အတိုကောက် JD လို့ ခေါ်ရင် ရတယ်။”
“Just Do It ဆိုတာ ဘယ်သူတွေ လဲ ......Just Do It ဆိုတာ သင်ကိုယ်တိုင်ပါပဲ”
“စစ်အာဏာရှင် စနစ် လက်အောက်ကလွတ်အောင် ငါ တို့ အချိန် အများကြီး ဆွဲနေလို့ မရတော့ဘူး။ ငါတို့ရဲ့ မျိုးဆက်တွေဟာ နောင်ကျရင် ငါတို့ရဲ့  အသုံးမကျမှုတွေကို အပြစ်တင်တာမျိုး မဖြစ်ရအောင် အခုပဲ စကြစို့”
“စစ်အာဏာရှင် ဆန့်ကျင်ရေး လှုံဆော် စာများ မြေနီကုန်း ဒဂုံ စင်တာတွင် လိုက်လံကပ် (ဒါငါတို့ ရဲ့ ပထမ ဆုံးလုပ်နိုင်တာ လွန်ခဲ့တဲ့ တစ်နာရီလောက်က ဒဂုံ စင်တာ မှာ ကပ်ခဲ့တာ စာသားက တစ်ကြောင်းတည်း (စစ်အာဏာရှင် စနစ် ကို တော်လှန် ဖို့  အချိန် တန်ပြီ) တဲ့ ဓာတ်လှေကား အတက်နဲ့ ဝင်ပေါက်တွေ မှာ ကပ်ထားတယ် ။ ၁၅ စောင်လောက် ရှိမယ်။”
“အခု သန်းရွှေ GET OUT ပိုစတာ ထုတ်ပြီးသွားပြီ ရန်ကုန်၊မန္တလေး နဲ့  ပဲခူးတွေ မှာ လိုက်ကပ်ဖို့ စီစဉ်ထားတယ်။”
ဒါတွေကတော့ Just Do It စာမျက်နှာက စာသားတွေပါ။ စိတ်ဝင်စားသူများ ဖေ့စ်ဘုတ်ထဲမှာ Just Do It against Military Dictatorship လို့ ရိုက်ရှာရင် အဲဒီကွန်ရက်ကို ရောက်နိုင်ပါတယ်။
ခက်ထန်
မရှင်းတာတစ်ခုရှိလို့မေးပါရစေ
ဘာလို့ notification တွေတွေ့နေရတာလဲ?