နိုင်းနိုင်

Thursday, March 3, 2011

သီချင်းရေးတဲ့ နိုင်းနိုင်ရဲ့ပုံ
FaceBook-ThantZaw နေ ယူပါတယ်။

လေးဖြူအတွက် သီချင်းရေးပေးသူ တယောက်ပေါ့။

လေးဖြူရဲ့ ပထမခွေ ကန္တာရလမင်း ထဲမှာ သူရေးတဲ့ သီချင်းတပုဒ် ပါတယ်။ "ည" တဲ့။

"xxx အိပ်မက်လား ယမ်းယောင်ပြီးတော့ စမ်းနေမိတယ် ငါ့နဘေး မင်းမရှိဘူး xxx
ထွက်ပေါက်တွေမရှိဘူး လရိပ်ရောင်စီး
ကြေကွဲစရာ လရဲ့အရိပ်က အေးခဲစွာ ငါ့ကိုကျွမ်းနေပြီ
xxx"

သူ့သီချင်းတွေ အများကြီးတော့ မတွေ့ရဘူး။
သူရေးတဲ့ထဲ နာမည်ကြီးတာက ဝေးပြီဘေဘီ ဖြစ်ပါလိမ့်မယ်။ အငဲ ဆိုထားတယ်။

"
xxx ငါ ခံနိုင်ရည် မရှိ ရူးသွပ်ခဲ့
ကံကြမ္မာရယ် မုန်တိုင်းများလည်း တိုက်ခတ်ဆဲ
ကျိန်စာတွေကို အခါခါ ဆိုဖူးသော နှုတ်ခမ်းတခုဟာ xxx
xxx ဟူး - ဝေးပြီ ဘေဘီ အဝေးဆုံး၊ ရင်ခုန်တဲ့အနမ်း မူးယစ်သွားပြီပဲ xxx"

ဒီသီချင်း www.myanmarsongs.net/album/147 မှာ ရှိပါတယ်။

3 comments :

  1. Anonymous said... :

    " တခါမှ အသေအချာနားမထောင်ဘူးတဲ့ သီချင်းကို ပေးထားတဲ့ လင့်ခ်
    အတိုင်းသွားနားထောင်မိတော့ အလွန်လှပတဲ့ အဖွဲ့အနွဲ့ ကို အကြားဆန်းတဲ့ သံစဉ်လေးနဲ့ လုံပြီး ငြိမ်သက်တဲ့ အသံပိုင်ရှင်က လွမ်းမောစွာ
    ဆိုထားတာကြားလိုက်ရတယ်။ သီချင်းတွေကို မြတ်နိုးစွာ
    သီကြွေးတတ်သူတဦးဖြစ်တဲ့ ကိုယ့်အတွက် အရုဏ်ဦး လက်ဆောင်မွန်လေးလိုပါဘဲ..။

    တဆက်တည်း ပေါ်လာတဲ့ အတွေးက ပြုံးစရာတခုကိုလဲဖန်တီးပြန်ပါတယ်။ တေးရေးဆရာ
    ကိုကြည့်လိုက်ရင် နုညံ့တဲ့ ခံစားမှုရှိတဲ့ပုံ လုံးဝပေါ်မနေတာပါ။ ပြောရရင်
    ကိုယ့်စိတ်ကူးထဲက ပုံမျိုးဟုတ်ဖူးပေါ့။ ကိုယ်က သိတ် အလှကြိုက်တယ်..
    သပ်သပ်ရပ်ရပ်နဲ့သဘာဝကျကျလှနေအောင်.. အမြဲတန်းစမတ်ကျနေအောင် ၀တ်တတ်..နေတတ်
    သူလို့ အပေါင်းအသင်းကြားမှာ နာမည်ရတယ်။
    အင်း.. ဒီလိုပြောလို့ နုညံ့မယ်လို့ တွေးရင်တော့
    မှားပြီဆရာလို့ပြောပါ့မယ်။ ရုပ်နဲ့မလိုက် အောင် ပြတ်သားစိမ်းကားတဲ့
    စိတ်ဓါတ်ပိုင်ရှင်လို့ ဆန့်ကျင်စွာ လူသိများပြန်ရော။ တယောက်ကဆို
    ရက်ရက်စက်စက် မှတ်ချက်ပြုသွားတာများ.. လုံးဝ sentimental
    မဖြစ်တဲ့သူတဲ့လေ။

    ဒီတော့ သီချင်းနားထောင်ရင်း.. တေးရေးသူကိုကြည့်ရင်း.. ကိုယ့်ကိုယ်ကို
    သုံးသပ်ရင်း ရလာတဲ့ ဒဿနက.. အရာရာကို မျက်စိနဲ့ သာမက
    နှလုံးသားနဲ့ပါကြည့်မှ လောကရဲ့အမှန်တရားကိုရှာဖွေတွေ့ရှိမယ်ဆိုတာပါဘဲ။

    ကဲ..ဒါဖြင့်.. ဒီလိုစာစုလေးတွေကို အခါအားလျော်စွာ တင်ပြတတ်သူကရော ဘယ်လို လူစား.. ဘယ်လို ပုံသဏ္ဍန်များ ရှိပါလိမ့်..။
    အတွေးတွေကို ဆွဲဆန့်ကြည့်နေမိတယ်။ ကိုယ့်ဒဿန သာမှန်လို့ကတော့ အတော်ကို
    ရုပ်ဆိုးမဲ့ ပုဂ္ဂိုလ် ဖြစ်လိမ့်မယ် ထင်တယ်နော်..။ ဟဲဟဲ..။ "

  1. yangonthu said... :

    အရမ်းကောင်းတဲ့ သီချင်းကို နားထောင် သွား ပါတယ်--

  1. lifeisshit said... :

    actually he is a really good at lyrics and he was also a main composer for IC and he composed a lot of hit songs for ic especially for layphyu in dream poem. And also he is an awesome poet.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved