ၾသစေၾတးလ် ဝန်ကြီးတွေရဲ့ ကွန်ပျူတာ အဟက်ခံရ

Tuesday, March 29, 2011

သြစတြေးလျ ဝန်ကြီးချုပ် ဂျုလီယာ ဂေးလ်လာ့ဒ် (ဓာတ်ပုံ - Bangkok Post)

သြစတြေးလျ ဝန်ကြီးချုပ် ဂျူလီယာ ဂေးလ်လာ့ဒ်ရဲ့ ပါလီမန်မှာသုံးတဲ့ ကွန်ပျူတာနဲ့ ကာကွယ်ရေးဝန်ကြီး စတီဖင် စမစ်၊ နိုင်ငံခြားရေးဝန်ကြီး ကီဗင် ရုဒ်တို့ရဲ့ စက်များဟာ အဟက်ခံရပြီး တရုတ်ဟက်ကာများရဲ့ လက်ချက်လို့ သံသယရှိကြောင်း သိရပါတယ်။

ဆစ်ဒနီနေ့စဉ် တယ်လီဂရဖ်က ဟက်ကာတွေဟာ အနည်းဆုံး ဝန်ကြီး ၁၀ ယောက်လောက်ရဲ့ ကွန်ပျူတာတွေထဲက အီးမေးလ်ပေါင်း ထောင်ချီပြီး မ သွားတယ်လို့ ဆိုပါတယ်။

သက်ဆိုင်ရာ ဌာနတွေကတော့ ဟက်ကာတွေရဲ့စာရင်းမှာ တရုတ်ထောက်လှမ်းရေးတွေလည်း ပါတယ်လို့ သံသယရှိကြောင်း ပြောကြပါတယ်။

လုံခြုံရေးဆိုင်ရာ ပါရဂူတွေကတော့ ဟက်ကာတွေဟာ အရေးပါတဲ့ ပရောဂျက်တွေနဲ့ ပတ်သက်ပြီး သြစတြေးလျ အစိုးရရဲ့ သဘောထားရပ်တည်ချက်ကို သိချင်လို့ ဝင်ဟက်ကြတာ ဖြစ်တယ်လို့ ပြောထားပါတယ်။

Ref: Bangkok Post

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved