ရယ်စရာ ပဟေဠိ အမှတ် ၀၀၁

Wednesday, March 9, 2011


မေးခွန်း - အစိုးရသစ်အတွက် ၀န်ကြီး ၃၀ စာရင်း ထုတ်ပြန်ထားတယ်။ အမျိုးသားတွေချည်းပဲ။ အမျိုးသမီး တဦးမှ မပါတာ ဘာကြောင့်လဲ။
သဲလွန်စ - ဘောင်းဘီ
အဖြေ - ???

မေးခွန်း - ဖွဲ့မယ့် အစိုးရသစ်မှာ အမျိုးသမီး မလိုအပ်ဘူး တဲ့။ ဘာကြောင့်လဲ။
သဲလွန်စ - စစ်မှန်တဲ့အာဏာ
အဖြေ - ???

ဖြေချင်တာ၊ ပြောချင်တာ ရှိရင် comment ပေးထားပါ။ အဖြေတွေကို မနက်ဖြန် မနက် တင်ပါမယ်။

19 comments :

  1. Anonymous said... :

    အမျိုးသမီးတွေပါရင်သူတို့ဝတ်ထားတဲ့လုံချည်နဲ့အမျိုးသမီးတွေဝတ်ထားတဲ့လုံချည်တွေမှားကုန်ပြီးသူ့လူကိုယ့်လူခွဲခြားရခက်မှာစိုးရိမ်လို့ထင်ပါတယ်။

  1. yangonthu said... :

    အဖြေမှန်၇င် ဘာဆု ၇မလည်း

    အမျိုးသမီး တဦးမှ မပါတာ ဘောင်းဘီ ကြောင့်ပါ
    အစိုး၇ ၀န်ကြီး ၀တ်စားပုံ ပြောင်းနိုင်တယ်လေ
    ချိတ်လုံချည်ကနေ ဘောင်းဘီတို ၀တ်ကြပါ ဆိုပြီး
    အမျိုးသမီး တွေက ဘောင်းဘီတို နဲ့ ဆို မြန်မာယဉ်ကျေးမှု နဲ့  မကိုက်ညီညီဘူး ဆိုပြိး သူတို့ က အမျိုးသားတွေကိုဘဲ ခန့် ဖို့  စိတ်ကူးတာပါ

    နောက်မေးခွန်းတော့ မဖြေတတ်ဘူး ဟီးဟီး နက်ဖန်မှ စောင့်ဖတ်မယ်လေ

  1. Anonymous said... :

    အိမ်မှာလဲမိန်းမကိုကြောက်နေရတယ်..ရုံးမှာလဲအမျိုးသမီးတွေကိုကြောက်နေရမယ်ဆိုရင်လုံချည်ဝတ်ထားတဲ့သူချင်းအတူတူကြောက်ရလွန်းလို့နေစရာနေရာမရှိမှာစိုးရိမ်လို့ထင်ပါတယ်။

  1. Anonymous said... :

    အဖြေ (၁) ၀န်ကြီးပါဆိုမှတော့ ယောက်ျားပေါ့ ၀န်ကြီးမ ဆိုရင်တော့ မိန်းမခန့်မှာပေါ့ နောက်ပြီး နေပြည်တော်က ၀န်ကြီးရုံးတွေမှာ ယောကျာ်းအိမ်သာတွေဘဲ ဆောက်ထားမိတာကိုး

    အဖြေ (၂) အစိုးရအဖွဲ့ထဲ မိန်းမပါနေရင် ဘဲအုပ်က တစ်ရာနှစ်ရာ မဗေဒါက တစ်ပင်တည်း ဘယ်လက်လည်မလဲလို့...

  1. Anonymous said... :

    အမျိုးသားမဟုတ် အမျိုးသမီးလည်းမဟုတ် ဖားတပိုင်း ငါးတပိုင်း အစိုးရဖြစ်နေပြီဘဲလေ... ကျားမခွဲနေစရာမလိုတော့ပါဘူး

  1. Unknown said... :

    ၁.ယောင်္ကျားတွေချည်းဘဲဖြစ်နေလို့ ၂.အဲဒီလူတွေကထမိန်ဝတ်ပြီးသားဖြစ်နေလို့

  1. Anonymous said... :

    နဝတ ..နအဖ အုပ်ချုပ်ရေးဆိုတာက စစ်တပ်က ဘဲ မောင်ပိုင်စီးအုပ်ချု ပ်နေတာလေ..အောက်ခြေဝန်ထမ်းက အစ သမ္မတအဆုံး စစ်ယူနီဖောင်းဝတ်တွေချည်းဘဲဆိုတော့ မိန်းမဆိုတာ စစ်သားမဟုတ်လို့ အုပ်ချုပ်ေ၇းမှာ မလိုအပ်ပါဘူး

  1. Anonymous said... :

    ဖွဲ့ စည်းမဲ့ အစိုးရသစ်မှာ အမျိုးသမီး မလိုအပ်ဘူးဆိုတာ..ခုဖွဲ့ စည်းလိုက်တဲ့လွတ်တော် အစိုးရသစ်ဟာလည်း ဒီမိုကေ၇စီ အစိုးရမဟုတ်လို့ ပါဘဲ.

  1. Anonymous said... :

    Because of the true power is in the hands of madam kyine.

  1. Anonymous said... :

    because of they wear women longyi.

  1. အဲဒီ ဝန်ကြီးတွေအကုန်လုံးက မိန်းမတပိုင်း ယောက္ကျားတပိုင်းဖြစ်နေပြီလေ
    ချိတ်ထမီတွေ ဝတ်နေပြီဆိုတော့ ဘယ်သူဘဲခန့်ခန့် အတူတူပဲ

  1. Anonymous said... :

    ဟား... ဟား... သူတို့ မိန်းမတွေထဲမှာ ဝန်ကြီးခန့်လောက်အောင်တော်တဲ့သူ မရှိလို့ပါ...

  1. yoo said... :

    အဖြေ (၁)
    အမျိုးသမီး တဦးမှ မပါတာ ဘာကြောင့်လဲ..
    သဲလွန်စ က ဘောင်းဘီ..တဲ့လား..
    ဘောင်းဘီ..ဘောင်းဘီ..အမျိုးသမီးဘောင်းဘီ...
    အမျိုးသမီးအတွင်းခံဘောင်းဘီ..အီ..အီ..အမလေး...
    တမရွက်ပြုတ်စော်..အနံ ရမှာစိုးလို့ ကိုး..ဟိုး..ဟိုး..ဟိုး။

    အဖြေ (၂)
    အမျိုးသမီး မလိုအပ်ဘူး..
    သဲလွန်စ က စစ်မှန်တဲ့အာဏာ..တဲ့လား။
    နှုတ်ခမ်းနီတတောင့်၊မိတ်ကပ်တစ်ဗူး နဲ့ လဲလိုက်မှာစိုးလို့ ဟေ့..။

  1. home said... :

    အဟက်.....စိတ်ဝင်စားတယ်၊ဖြေမယ်နော်-
    (1)သဲလွန်စကဘောင်းဘီဆိုတော့ အဖြေက-အရှင်းကြီးပါ ထမီတွေဝတ်ကြတော့မှာဆိုတော့ ဟိုမိန်းမလည်းထမီ ငါတို့လည်း ထမီတွေဟဆိုပြီး အဖြစ်မခံချင်လို့။
    (2) စစ်မှန်တဲ့အာဏာဆိုတော့ စစ်သားမှန်မှပဲ အာဏာဆက်ရမယ်လို့သိစေအပ်တယ်။ဒါကြောင့်မိန်းမ မလိုလေ၊ အဟက်ဟက်...။

  1. Anonymous said... :

    (၁) ကြေငြာစာရင်းမှာသာ အမျိုးသား ၃၀ ပါ.. အပြင်မှာ ချိတ်ထမီဝတ်တယ့် အမျိုးသမီးကြီးတွေ ဖြစ်နေလို့ပါ....
    (၂) အစိုးရသစ်ဆိုတာလည်း စစ်တပ်ကမှန်အောင်ပြစ်ထားတယ့် တားကတ် တခုမလို့ပါ

  1. Anonymous said... :

    အဖြေ(၁)ဘောင်းဘီချွတ်ထားပြီး ထဘီဝတ်ထားသူများသာ ပါဝင်ရမည်လို့သတ်မှတ်ထားသောကြောင့်ဖြစ်မည်။
    အဖြေ (၂)အမျိုးသမီးများကို စာရင်းပြရန်မလိုပါ။ ပါဝင်ပြီးသားဖြစ်ပါသည်။ စစ်မှန်သောအာဏာကို ထိုသူတို့ဧ။်နောက်ကွယ်မှ အသုံးပြုလိမ့်မည်။

  1. Anonymous said... :

    အမျိုးသမီးတွေက စစ်ဘောင်းဘီးမ၀တ်ခဲ့ဖူးလို့ပါ

  1. Anonymous said... :

    စစ်သားမှန်မှအဏာရမယ်ဆိုတော့အမျိုးသမီးတွေက စစ်သားမှမဟုတ်တာ

  1. Anonymous said... :

    စစ်မှန်တဲ့ အာဏာဆိုတာ.. ဒီငတိတွေက မိန်းမခိုင်းတာလုပ်ရနေရတော့ ဘယ်လိုလုပ် မိန်းမလိုတော့မှာလဲ တကယ် အုပ်ချုပ်နေတာ သူတို့မိန်းမတွေလေ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved