ဦးမောင်မောင်ကို စုံစမ်းဖို့ကော်မရှင်ဖွဲ့ပြီ

Tuesday, March 22, 2011

ဒီလဆန်းပိုင်းက အမေရိကန်နိုင်ငံ ဖို့ဝိန်းမြို့မှာကျင်းပတဲ့ မြန်မာ့ဒီမိုကရေစီအရေး အင်အားစုများ ညီလာခံကို တက်ဖို့ ရောက်နေတဲ့ ဦးမောင်မောင် (ဘယ်ဘက်) ပါ (ဓာတ်ပုံ - ဧရာဝတီ)



မြန်မာ့ဒီမိုကရေစီအရေး အင်အားစုများ ညီလာခံကို တက်ဖို့ ရောက်နေတဲ့ ဦးမောင်မောင်နဲ့ မြန်မာအဖွဲ့တွေပါ (ဓာတ်ပုံ - ဧရာဝတီ)

မြန်မာအတိုက်အခံ တပ်ပေါင်းစုခေါင်းဆောင် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB) အတွင်းရေးမှူး ဦးမောင်မောင် မြန်မာပြည်တွင်းကို ၃ ခေါက်သွားခဲ့တယ် ဆိုတဲ့ သတင်းတွေ ထွက်နေပါတယ်။ အဲဒါကို ဦးမောင်မောင်ရဲ့ မိခင်အဖွဲ့အစည်း FTUB ရဲ့ ဘဏ္ဍာရေးမှူးဟောင်း ဦးဇော်ထွန်းက အင်တာနက် ပေါ်မှာ ဖွင့်ချခဲ့တာပါ။ အဲဒီဖွင့်ချချက် မူရင်းကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ ဒေါက်တာလွဏ်းဆွေ ဘလော့က ယူပါတယ်။

U Mg Mg and FTUB


ဦးမောင်မောင်အနေနဲ့ ပြည်တွင်းကို တကယ်ပဲ သွားမသွားဆိုတာကို အခုလက်ရှိ NCUB က စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ် ဖွဲ့ပြီး စစ်ဆေးတော့မယ်လို့ သိရပါတယ်။ အဲဒီသတင်းကို ဒီမှာ ဖတ်နိုင်ပါတယ်။

3 comments :

  1. Anonymous said... :

    အကျိုး မရောက်တဲ့ စကားတွေနဲ့ အတူမိုးသောက်ခဲ့ အဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟ

  1. Anonymous said... :

    ခလေးတွေလိုပဲနော် ဟားဟားဟ ရီရတယ်

    လိုတစ်မျိုး မလိုတစ်မျိုးတွေနော်

    အခုတော့ အတွင်းရေးမှူးနေရာလိုချင်နေကြတဲ့ သူတွေတော့ ရင်ခုန်ရင်း မနာလိုရင်းနဲ့ပဲ စောင့်နေကြမှာပေါ့နော်

    သြော် နိုင်ငံရေးအ၀န်းအ၀ိုင်းကလဲ တယ်ရှုပ်ကြသကိုး
    ရှုပ်ပါတယ်ကွယ် လူကြီးတွေအကုန်လုံးဘေးဖယ်ထိုင်ပြီး စိပ်ပုတီးပဲ စိပ်ကြပါတော့ကွယ်

  1. Anonymous said... :

    အကယ်၍ မောင်မောင်တွင် အပြစ်ရှိပါက သူ့အား မည်သို့အရေးယူမည်ကို စုံစမ်းရေးအဖွဲ့ကို ပရိတ်သတ်တွေကိုယ်စား မေးပေးပါလား ဧရာဝတီ...

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved