ဖတ်ပြီးသားကို ထပ်ဖတ်ခြင်း

Tuesday, March 22, 2011


















ဖတ်ပြီးသားကို ထပ်ဖတ်ခြင်း (ပန်းလှိုင်စိုး-ကျုံပျော်)


ဓာတ်ခဲတွေ အလေးဖြစ်နေမှတော့
ချိုချဉ်တွေ အကြွေဖြစ်တာ ဆန်းလား....

ရထားသံလမ်းတွေ ကင်းသံချောင်းဖြစ်နေမှတော့
ကူဘိုတာရေတင်စက်တွေ ထော်လာဂျီဖြစ်နေတာမဆန်းဘူး

ကျိုက်ထီးရိုးဝါးတွေ ဓားဖြစ်တာတောင်
ယောကျာ်းစင်စစ်က မိန်းမဖြစ်သွားတာတော့ ဆန်းတယ် ......။

(သုံးတောင်ဝတ် အဘယ်ယောကျာ်းက မိန်းမ ဖြစ်သွားသည်မသိ) (Facebook စာမျက်နှာမှ ကူးယူ ဖော်ပြ သည်။)

4 comments :

  1. Anonymous said... :

    ရှယ်ပဲ၊ သိပ်ထိတယ်။ ကိုပန်းလှိုင်စိုးတယောက် နာမည်အရင်း မဟုတ်ပါ
    စေနဲ့ ၊ ကျုံပျော်မှာ တကယ်မနေပါစေနဲ့ ၊ တခြားနေရာကနေ ကလောင်
    နာမည်နဲ့ ၊မဂ္ဂဇင်းတိုက်ကို ပို့ တာ ဖြစ်ပါစေလို့  ဆုတောင်းပါတယ်။

  1. Anonymous said... :

    ဧရာဝတီသို့သတင်းများပို့ချင်သည်။

  1. Khet Htan said... :

    ထူးခြားသော သတင်း၊ ဓာတ်ပုံ၊ ဗီဒီယိုဖိုင်များအပြင် ဝေဖန်စာ၊ အကြံပြုစာ စသည်တို့ကို ဧရာဝတီ အရေးပေါ်မေးလ် theirrawaddynews@gmail.com သို့ ပေးပို့နိုင်ပြီး အရေးပေါ် ပြောဆိုချင်သည့် ကိစ္စများ ရှိပါက +66 884 319 466 ကို ခေါ်ဆိုနိုင်ပါတယ်။

  1. win latt said... :

    မျှဝေရန်ယူသွားပါသည်။ကျေးဇူးတင်ပါသည်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved