ရခိုင်အသိုင်းအ၀ိုင်း ဖုန်းနံပါတ်များ သတင်းတပ်ဖွဲ့ တောင်းယူနေ

Monday, March 7, 2011

ယခုရက်ပိုင်းတွေအတွင်း ရန်ကုန်ရှိ ရခိုင်အသိုင်းအ၀ိုင်းက ဖုန်းနံပါတ်တွေကို သတင်းတပ်ဖွဲ့က လိုက်လံကောက်ယူနေတယ်လို့ သိရပါတယ်။

ဒီလို ဖုန်းနံပါတ်တွေ လိုက်လံမှတ်တမ်းယူနေတာဟာ အင်းစိန်မြို့နယ်အတွင်းမှာ ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်နိုင်တယ်လို့ ခန့်မှန်းမိကြောင်း အမည်မဖော်လိုတဲ့ ရခိုင်အသင်းတခုမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

“အင်းစိန်မှာ ဗုံးပေါက်ကွဲမှု ဖြစ်ပြီး ရခိုင်အသင်းက လူကြီးတွေရဲ့ ဖုန်းနံပါတ်တွေ ၊ ဘုန်းကြီးကျောင်းတိုက်က ရခိုင်သံဃာတချို့ရဲ့ ဖုန်းနံပါတ်တွေကို လိုက်လံကောက်ယူနေတာပါ။ လှိုင်သာယာနဲ့ အင်းစိန်ဘက်က ရခိုင်တချို့ကိုလည်း ခေါ်ယူစစ်မေးမှုတွေ ရှိတယ်လို့ ကြားနေရပါတယ်”လို့ ရခိုင်အသင်းတာဝန်ရှိသူက ဆိုပါတယ်။

သတင်းတပ်ဖွဲ့က ဖုန်းနံပါတ်လိုက်လံ ကောက်ယူမှုပြုနေတာ အမှန်ဖြစ်ပြီး ရခိုင်သံဃာအများစု သီတင်းသုံးနေတဲ့ ကျောင်းတိုက်ကိုလည်း ယမန်နေ့က ဖုန်းနံပါတ်တွေ လာရောက်တောင်းယူသွားတယ်လို့ သံဃာတပါးက အတည်ပြု မိန့်ကြားပါတယ်။

“သတင်းတပ်ဖွဲ့ဝင် ၂ ယောက် ကျောင်းကို ရောက်လာပြီး ကျောင်းဖုန်းနံပါတ်တွေ တောင်းသွားတယ်။ နောက်ပြီးကျောင်းမှာ တည်းခိုနေတဲ့ ဧည့်သည်တွေ ရှိမရှိလည်း မေးတယ်။ နောက် ကျောင်းကပ္ပိယတွေ အမည်စာရင်းလည်း ယူသွားတယ်”လို့ သံဃာတော်က မိန့်ပါတယ်။

ရန်ကုန် ၊ အင်းစိန်မြို့နယ် ကမ်းနားလမ်း အလယ်ရပ်ကွက် အောင်ဇေယျအိမ်ရာအနီးမှာ ဖေဖော်ဝါရီ ၂၇ ရက်ညပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး သံသယရှိသူ ဇော်မင်းသန်းဟာ ရခိုင်တဦးဖြစ်တယ်လို့ သတင်းတွေ ပေါ်ထွက်လာပြီးနောက်ပိုင်းမှာ ရခိုင်အသိုင်းအ၀ိုင်းအတွင်းက ဖုန်းနံပါတ်တွေကို သတင်းတပ်ဖွဲ့က လိုက်လံမှတ်တမ်းယူနေတာဖြစ်ပါတယ်။

ဒီဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်လို့ အာဏာပိုင်တွေဘက်က တရားခံဘယ်သူဆိုတာကို သဲသဲကွဲကွဲ ထုတ်ပြန်နိုင်ခြင်းမရှိသေးပါဘူး။

3 comments :

  1. Anonymous said... :

    ဗုံးကွဲ တာနဲ. ရခိုင်တမျိုးလုံး ကို လိုက်နှေင့်ယှက် နေပြီ။ နအဖ ခွဲတာ လည်းဖြစ်နိုင်တယ်။

  1. ဗမာအစိုးရက ရခိုင်လူထုတွေကို တမင်အကွက်ဆင်ပြီး ဖန်တီးတာဖြစ်နိုင်ပါတယ်။တကယ်ဗုးံခွဲတာက ရခိုင်အမျိုးသား ဟုတ်ချင်မှလည်း ဟုတ်မယ်။ဗမာလည်း ဖြစ်နိုင်တာပဲ။တကယ်ဖောက်ခွဲတာပဲ ထားအုးံ ဖောက်ခွဲတဲ.သူကိုပဲ အရေးယူသင်.တာပဲ။ဘာမဆိုင် ညာမဆိုင် ရခိုင်လူထုတွေ အားလုးံကို ဒုက္ခပေးဖို.လုပ်နေတာက လုးံဝမလုပ်သင်.တဲ. ကိစ္စပါ။လူမဆန်တဲ. လုပ်ရပ်ပဲ။

  1. wantha said... :

    ဗမာအစိုးရက ရခိုင်လူထုတွေကို တမင်အကွက်ဆင်ပြီး ဖန်တီးတာဖြစ်နိုင်ပါတယ်။တကယ်ဗုးံခွဲတာက ရခိုင်အမျိုးသား ဟုတ်ချင်မှလည်း ဟုတ်မယ်။ဗမာလည်း ဖြစ်နိုင်တာပဲ။တကယ်ဖောက်ခွဲတာပဲ ထားအုးံ ဖောက်ခွဲတဲ.သူကိုပဲ အရေးယူသင်.တာပဲ။ဘာမဆိုင် ညာမဆိုင် ရခိုင်လူထုတွေ အားလုးံကို ဒုက္ခပေးဖို.လုပ်နေတာက လုးံဝမလုပ်သင်.တဲ. ကိစ္စပါ။လူမဆန်တဲ. လုပ်ရပ်ပဲ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved