သူခိုးတွေအတွက် ရေးတဲ့စာ
Monday, March 14, 2011
ဧရာဝတီ အင်္ဂလိပ်ပိုင်း ဝက်ဘ်ဆိုက် အတိုက်ခံရတဲ့ ကိစ္စကို ... ကိုတာတေက စနေနေ့ကတည်းက ပြီးသွားပြီလို့ ထင်ပေမယ့် အခုထိ မပြီးနိုင်မစီးနိုင် ရှိနေသေးတာ တွေ့ရတော့ တော်တော်လည်း အံ့သြပြီး တော်တော်လည်း စိတ်ကုန်သွားပါတယ်။
ကိုတာတေ ထင်တာက ဘလော့ဂ်မှာ အတိုက်ခံရတဲ့အကြောင်း ရှင်းပြီးသွားတဲ့အချိန်မှာ တကယ် ရှင်းရှင်း လင်းလင်း သိသွားကြပြီ “သြော် သူတို့ အတက်ခ် အလုပ်ခံရတာပါလား” ဆိုပြီး ပြီးသွားမယ်လို့ ရိုးရိုးလေး တွေးမိတာ၊ မပြီးသေးဘဲ facebook ကနေ ဝိုင်းပြီး အော်ချက် လုပ်နေကြတော့ ပြောစရာတွေက ရှိလာပါတယ်။ အော်ချက်က သူတို့ဘာသာ အားလို့ လုပ်နေကြပေမယ့် အခုထိ ကိုတာတေကို သတင်းမေးနေ တာတွေရှိတော့။ အခုအထိကိုပဲ အလုပ်ပျက် အကိုင်ပျက် ရှင်းနေရတာတော့ တော်တော်လေး အလုပ်မဟုတ် တော့ဘူးလို့ ထင်ပါတယ်။
တချို့သော သူတွေကလည်း ဧရာဝတီ ဟက်ခံရတာကို မယုံတော်မူကြဘူး။ တချို့ကျတော့ မယုံတာ မဟုတ်ဘဲ မယုံအောင် လျှောက် သတင်းလွှင့်ကြတာပါ။ တချို့ကျတော့ ပျော်ကြတယ်။ ဝိုင်းပြီး ဆွမ်းကြီးလောင်းလိုက် ဦးမယ်ဆိုတဲ့သူတွေမှ အများကြီး။
တရားခံက ဘယ်သူတွေလည်း ဆိုတော့ နေပြည်တော်က သူခိုးကြီးတွေနဲ့ ကြံရာပါ သူခိုးလေးတွေလို့ပဲ ပြောချင်တယ်။ ဘာကြောင့်ဆိုတော့ သူများ ဝက်ဘ်ဆိုက်ကို တိတ်တိတ် ဖောက်တဲ့သူတွေကိုး။ သူခိုးက ဖောက်တာတော့ ဟုတ်ပါပြီ ဧရာဝတီက ကိုယ့်အိမ်ကိုယ် လုံအောင် မလုပ် ဘူးလားလို့တော့ အပြစ်တင် မစောကြပါနဲ့။ အမေရိကန်နိုင်ငံရဲ့ အတွင်းစည်း တွေတောင် ဝီကီလိဒ်က ရအောင် ဖောက်သေးတာ မဟုတ်ဘူးလား။ တချို့ကလည်း မေးကြတယ်။ တခြားသူတွေကို ဘာကြောင့်မဖောက်ဘဲ ဧရာဝတီကိုမှ ဘာလို့ ဖောက်တာလဲတဲ့။ အင်း သူခိုးကတော့ လွယ်တဲ့အိမ်တိုင်းကို ဖောက်မှာမဟုတ်ပါဘူး။ သူ့အတွက် အမြတ်အစွန်း များများရမယ့်အိမ်ကို ကြိုးစားပမ်းစား ဖောက်မှာပါ။ ဒီသူခိုးရမယ့် အမြတ်အစွန်း ကတော့ ပုခုံးပေါ်က အပွင့်တို့၊ လုပ်ပိုင်ခွင့်တို့ ဖြစ်မယ်ထင်တယ်။
ကိုတာတေတော့ သူခိုးသုတေသန စာတမ်းတစောင် ပြုစုရင်ကောင်းမလား စဉ်းစားမိတယ်။ လမ်းကြိုလမ်းကြား ထမီရုတ်တဲ့ သူခိုးကနေ ... ဟို မဆလ ခေတ် ကဗျာတပုဒ်ထဲကလို ပန်ကာအောက်က သူခိုး (ခုတော့ အဲကွန်းခန်း ထဲက သူခိုးပေါ့) နောက် အခု ခေတ်ပေါ် အင်တာနက်ပေါ်က သူခိုးတွေအထိ စာရင်းပြုစု ချင်သေးတယ်။
အဲ ... အင်တာနက် ပေါ်က သူခိုးကတော့ မဆိုးဘူး ဆိုရမယ်။ သူက တကိုယ်တော် ငတက်ပြားလို သူခိုးမျိုး မဟုတ်ဘူး။ အဖွဲ့နဲ့ ခိုးတာ။ နောက်တော့ သူခိုးအားပေးတွေလည်း ရှိသေးတယ်။ ခိုးတဲ့သူ အားတက်အောင် လုပ်ပေးတဲ့သူတွေပေါ့။
ကြိုပြောထားပါမယ် ... ဒီစာကိုဖတ်ပြီး သူခိုးများနဲ့ သူခိုးအားပေးများ ဆတ်ဆတ်ခါ နာနိုင်ပါတယ်။ အလုပ်မရှိ ၁၀၉၊ ၁၁၀ သူခိုးအားပေးများအနေနဲ့လည်း ရန်လာတွေ့နိုင်ပါတယ်
အရေးထဲမှာ ငိုအားထက် ရယ်အားသန်ဆိုသလို တိုင်းချစ်ပြည်ချစ် သူခိုးအားပေးတယောက်က ရှိသေးတယ်။ ကိုယ်တော်ချော သူခိုးအားပေးက မမေဆွိကို ဗျူးတော်မူပါတယ်။ မမေဆွိ ဖြေတာကိုတော့ နားလည်ပေးလို့ရပါတယ်။ ဘာကြောင့်ဆိုတော့ သူက အသားလွတ် သေလိုက်ရတဲ့ သူကိုး။ သူ့ခမျာ တခါလည်း မဟုတ် နှစ်ခါလည်း မဟုတ် သေရရှာတာ ...။ (မမေဆွိရေ ... ဧရာဝတီက ရေးတာ မဟုတ်ပေမယ့် ဧရာဝတီ ဝက်ဘ်ဆိုက်ကို ခိုးဝင်ပြီး တင်လိုက်တဲ့ သူခိုး ကိုယ်စား ဝမ်းနည်းကြောင်း ပြောပါရစေ)
ဒီကိုယ်တော်ချော ဗျူးဆရာက ဧရာဝတီက မဟုတ်ပါဘူးလို့လည်း ရှင်းပြီးပြီ။ အဲဒါကိုမှ မရသေးဘဲ အချွန်နဲ့ မတဲ့ မေးခွန်းတွေ မေးရုံ မကဘူး အဲဒီသတင်းကို ဧရာဝတီ အင်္ဂလိပ်ပိုင်းကော မြန်မာပိုင်းမှာပါ တင်တယ်ဆိုပဲ ... လုပ်ပုံ။ ဒီလူက သူခိုး အားပေးတင် မဟုတ်ဘဲ ... သူကိုယ်တိုင် သူခိုးအဖွဲ့ထဲ ပါနေလား မသိပါဘူး။ ပြီးတော့ ရှိသေးတယ် ဧရာဝတီရဲ့ ပင်တိုင်ဆောင်းပါးရှင် ဗွိုင်အိုလက်ချိုရေးတဲ့ သတင်းပေါ့နော် တဲ့ ... ဗွိုင်အိုလက်ချိုကတော့ ဧရာဝတီမှာ လုပ်တုန်းက ခုလောက် နာမည်မကြီးဘူး ... ထွက်ပြီးမှပဲ နာမည်က ပိုကြီးရတယ်။
ဦးရှံစား လေသံနဲ့ ပြောရရင် ... “အိုင်ဆေး ကိုသိန်းမောင်ရေ ... အမှုသွား အမှုလာအရတော့ ဒီလူက သူခိုးအဖွဲ့ ထဲမှာ ပါတဲ့သူဖြစ်ရမယ်။ ဘာကြောင့်လဲ ဆိုတော့ ခိုးတင်တဲ့သူခိုးကလည်း ဧရာဝတီမှာ ဗွိုင်အိုလက်ချို မရှိတော့တာ မသိသလို ... ဒီ တိုင်းချစ်ပြည်ချစ်ပုဂ္ဂိုလ်ကြီးကလည်း ဗွိုင်အိုလက်ချို ဧရာဝတီမှာ မရှိတော့တာ မသိဘဲကိုး ... ဟုတ်စ” လို့ ဆိုရမယ် ထင်ရဲ့။
နောက်ထပ် သူခိုးအားပေးတွေကတော့ နာမည်တပ်မပြောတော့ပါဘူး မမေဆွိရဲ့ facebook မှာ ဝင်ဖတ်ရင် တွေ့မှာပါ။ ဘယ်တုန်းကတည်းက ဒီသူခိုးအားပေးတွေက ဧရာဝတီကို တောက်ညင်ကပ်နေကြလည်း မသိဘူး ပေါ့လေ။ ဒီသတင်းတွေတင် မကဘဲ ဧရာဝတီဝက်ဘ်ဆိုက်ကြီး တခုလုံးပါ ဖြုတ်ပစ်ရမှာ ဆိုလားဆိုရဲ့၊ ဧရာဝတီ နာမည်နဲ့ ဆိုက်ကို ဖျက်လိုက်တော့ သံလွင်ဆိုပြီး အသစ်လုပ် ဆိုတာလည်းပါသေး၊ ဝက်ဆိုက် မလုပ်ဘဲ ကြွက်ဆိုက်လုပ် ဆိုတာကော ... ။
အင်း ... တို့လူလေးများ ဆိုသလေး ... ဆိုတာနဲ့ အိပ်ငိုက်နေရာကနေ ကမန်းကတန်း ထပြီး ဝေလေလေ လုပ်တတ်တဲ့သူတွေ တော်တော်များမှန်း ကိုတာတေ အခုမှပဲ သိတော့တယ်။ အင်းလေ သူတို့ကို လူမသိ သူမသိ ဖြစ်နေရာကနေ ... ဒီလို ထအော်လိုက်တော့ ငါ့နာမည် လူသိရောဆိုပြီး လုပ်တဲ့သူတွေလည်း ပါမှာပါ။ သူတို့ကိုယ်သူတို့တော့ သူခိုးအားပေးဖြစ်မှန်းမသိ ဖြစ်နေရတာ မသိရှာပေဘူး။
အုတ်ကာဆိုလား ထရံကာဆိုလား တယောက် ရှိသေးတယ် ... ဧရာဝတီက မေဆွိကို တောင်းပန်ရမယ်တဲ့။ မယောင်ရာဆီလူး ဝေလေလေ ဝင်လုပ်တာပါ။ အမယ်မင်း အဲဒီလို သူခိုးတွေ ထပ်မလာဘူးလို့ မပြောနိုင်တော့ ဧရာဝတီအနေနဲ့ သတင်းအလုပ် မလုပ်ဘဲ တောင်းပန်နည်း တောင်းပန်ဟန်တွေပဲ ထိုင်ကျင့်နေရတော့မယ့် အပေါက်။
ကိုင်း ... ဘယ်သူခိုးက အပွင့်ဘယ်နှပွင့်တက်လို့ ဘယ် သူခိုးအားပေးက ဘယ်လို နာမည်ကြီးသွားလဲတော့ မသိဘူး ကိုတာတေတော့ ... အလုပ်ပျက် အကိုင်ပျက် အအိပ်ပျက်နဲ့ ... ဒီစာကို ရေးနေရပြီ။ အောက်မှာ သရော်စာလို့ တပ်ရင်လည်း ဒါသရော်စာမှ မဟုတ်တာဆိုပြီး ၁၀၉၊ ၁၁၀ ဝင်လုပ်ကြဦးမယ်။ ဟာသ ဆိုရအောင်လည်း ... ဟွန်း ရယ်လည်း မရယ်ရဘဲနဲ့ ဆိုပြီး လုပ်ဦးမှာဆိုတော့ ဘယ်ခေါင်းစဉ်အောက်မှာ ထည့်ရမလဲ ဆိုတာ စဉ်းစားရတာကိုက အလုပ်တလုပ် ... ဒီတော့ ဧရာဝတီက ခေါင်းစဉ်ခွဲအသစ်တခု တပ်လိုက်မှ အေးမယ်ထင်တယ် ... သူခိုး မေတ္တာစာ ... လို့။
မစ္စတာ ဦးတာတေ
22 comments :
  1. Mg Yoe said... :
  1. Anonymous said... :
    ဒုက္ခပဲ။ သတင်းအမှန် မဟုတ်ရင်လည်း ပြီးရောပေါ့။ မသေတဲ့သူက သူမသေကြောင်း ဗွီဒီယိုကြီး တကားကားနဲ့  ရှင်းပြပြီးပြီ။ ဘာဖြစ်တုန်း၊ သေပြီအထင်ခံရတာ၊ ကျိမ်းတောင်ကျေသေး။ တကထဲမှပဲ ဖြစ်နေလိုက်ကြတာ ဆတ်ဆတ်ခါ။ မြန်မာပြည်မှာ သေပြီအထင်ခံရတာ သူတစ်ယောက်တည်းမှ မဟုတ်တာ။ အထင်ခံရတာမှ သူ့ ထက်နာမည်ကြီးတဲ့ အခြားမင်းသား မင်းသမီးတွေချည်း။ ဘာမှန်းမသိဘူး။ စိတ်လေတယ်။ ဒီလိုမျိုး မယောင်ရာ ဆီလူးနေကြလို့ လည်း မြန်မာပြည်ကြီးမှာ တလွဲဆံပင်ကောင်းတွေ ပုံနေတာ။
    ချို
  1. Anonymous said... :
    Mg Yoe, haven't you seen this:
    "(မမေဆွိရေ ... ဧရာဝတီက ရေးတာ မဟုတ်ပေမယ့် ဧရာဝတီ ဝက်ဘ်ဆိုက်ကို ခိုးဝင်ပြီး တင်လိုက်တဲ့ သူခိုး ကိုယ်စား ဝမ်းနည်းကြောင်း ပြောပါရစေ)"
  1. Anonymous said... :
    hack ခံရလို့ပဲ တက်လာ တက်လာ၊ မှားတင်လို့ပဲ တက်လာတက်လာ ခင်ဗျားတို့ စာမျက်နှာပေါ်မှာတက်လာတော့ ခင်ဗျားတို့မှာ တာဝန်ရှိတာပေါ့။ အဓိက website စာမျက်နှာပေါ်ကနေ တရားဝင် တောင်းပန်သင့်ပါတယ်။ ဒီလို မထင်မရှားနဲ့ ဘလော့ မှာ ပြောတာက မသင့်တော်ပါဘူး။ လူတော်တော် များများလည်း ဘလော့ကို ၀င်မကြည့်ဖြစ်ဘူး ထင်ပါတယ်။ ဂုဏ်သိက္ခာရှိတဲ့ မိဒီယာ တစ်ရပ်အနေနဲ့ ကိုယ့် စာမျက်နှာပေါ်တက်လာတဲ့ သတင်း တစ်ရပ်ကို တာဝန်ယူသင့်ပါတယ်။
    Agree with you Mg Yoe.
  1. Anonymous said... :
    "အလုပ်မရှိ ၁၀၉၊ ၁၁၀ သူခိုးအားပေးများအနေနဲ့လည်း ရန်လာတွေ့နိုင်ပါတယ်"
    ခင်ဗျားတို့ကို ၀င်ဖတ်နေတဲ့ လူတွေကိုအဲ့လိုပဲ စော်ကားလိုက်တာလား။ ဒီမိုကရေစီ အရေး တိုက်တွန်းနေတဲ့ မီဒီယာ တစ်ခုအနေနဲ့ ဒီလို မတူညီတဲ့ အမြင်တွေကို နားထောင်ဖို့ လိုပါတယ်။ အခုလို စော်စော်ကားကားမရေးသင့်ပါဘူး။ ဧရာဝတီ ဆိုတဲ့ နာမည်ကို လေးစားရင်တော့ တောင်းပန်ပေါ့ဗျာ။ ဒါမှ မဟုတ်ရင်တော့ တာဝန်ယူစိတ် မရှိတဲ့ ခင်ဗျားတို့ ရေးတဲ့ စာတွေကို ပြန်လာဖတ်ဖို့ တော်တော် စဉ်းစားယူရမယ်။ ကိုမျိုးချစ် ပြောသလိုပဲ ကိုယ့်ဧည့်သည်ကို ကိုယ့်ဘေးအိမ်က ခွေး ၀င်ကိုက်တာကို ကိုယ်နဲ့ မဆိုင်သလိုနေမယ်ဆိုရင်တော့ ကိုယ့် သမိုင်းနဲ့ ကိုယ်ပေါ့။
  1. Anonymous said... :
    ငါတို့က၀င်ဖတ်မိ မေးမိတာနဲ့ပဲ အလုပ်မှိ ၁၀၉/၁၁၀ဖြစ်ရမှာလား
    ဧရာဝတီကိုဖတ်မိ၊ မေးမိတာမှားပါတယ် လို့ပြန်တောင်းပန်ရမှာလား
    ဒါ ကိုယ့် website ကိုဝင်ကြည့်တဲ့သူ=ဝေဖန်တဲ့သူတိုင်းကိုတော့ဒီလို မပြောသင့်ဘူးလို့ထင်တယ်။
  1. htet said... :
    ဟုတ်တယ်ဗျာ .. သရော်စာအနေနဲ့ ရေးလို့သာပေါ့ .. ကျွန်တော်သာဆိုရင် ဒီထက်တောင် ပိုဆဲလိုက်အုံးမယ်။ ဒီလိုပဲပေါ့ဗျာ .. အောင်မြင်နေတဲ့ လူကို တိုက်ချင်နေတာ သဘာဝပဲပေါ့။ အွန်လိုင်းပေါ်မှာ 100% လုံခြုံရေး လုံးဝ မဖြစ်နိုင်ဘူးဆိုတာ နည်းပညာရှင်တိုင်းသိပါတယ်။ နောက်ပြီးတော့ www ဆိုတဲ့ open ကွန်ရက်ထဲမှာ တိုက်ခိုက်နိုင်တဲ့ နည်းမျိုးစုံရှိတာပဲ။ ကိုယ်က မကြည်လို့ လုပ်မယ်ဆိုလဲ လွယ်လွယ်လေးနည်းကနေ အခက်ကြီး အထိ အမျိုးမျိုး လုပ်လို့ရတာပဲဗျာ။ ခက်တာက ယုတ်ညံ့တဲ့ စိတ်ဓာတ်ရှိတဲ့လူတွေပဲ။ သူများကောင်းစားတာ၊ ကောင်းတာ လုပ်နေပြီဆိုရင် ဖျက်လိုဖျက်ဆီး လုပ်ချင်တဲ့ သန်းရွှေနဲ့ တစ်ဂိုဏ်းထဲ ကောင်တွေပေါ့ကွာ။ အဲ့ဒီလူတွေက အနီးဆုံးက လူတွေလဲ ဖြစ်နိုင်တာပဲ။ ဟို ပြောခံရတဲ့ အနုပညာသမားကလဲ တော်တော်ကဲတာပဲဗျာ .. သူတို့ကိုယ် သူတို့ ဘာများထင်နေလဲ မသိဘူး။ ပြောပုံက ရိုက်ပေါက်ချည်းပဲ .. ကဲဗျာ .. ကျွန်တော်ပြောတာလဲ သရော်စာတာ မှတ်ကြပေတော့ .. ဝေါ့ထွီ ..
  1. Anonymous said... :
    ဟိုလူကိုစွပ်စွဲဒီလူကိုစွပ်စွဲနဲ့မရှက်ဘူးလား။အေးပေါ့မင်းတို့မှာလွဲချစရာ
    စစ်အစိုးရ/သန်းရွေကရှိနေပီကိုးမင်းတို့မှားတင်တာကိုသန်းရွေကိုလွဲချ
    မနေပါနဲ့ကွာ၊မှားရင်မှားတယ်တောင်းပန်လိုက်ပေါ့။တကယ်ဟက်ခံရတယ်
    ဆိုရင်လည်းပေါ်ပေါ်တင်တင်တောင်းပန်လိုက်ပေါ့။အခုမင်းတို့ကမထင်မရှား
    ဘလော့မှာလာရေးထားတော့ မဆွေရဲ့ပရိတ်သက်ကဘယ်သိမလဲ။
    မတောင်းပန်နိုင်ရင်လည်းပေါ်တင်ပေါ့။
  1. Anonymous said... :
    မေဆွိဆိုတာ ပေါ်လစီ သီချင်းဆိုစားတဲ့ သာကူး အဆိုတော်မလား? သူသေတဲ့သတင်းများ ဘယ်သူစိတ်ဝင်စားမှာ မို့လို့လဲ? တကယ်သေတောင် စိတ်မဝင်စားဘူး။ စွတ်တောင်းပန်ခိုင်းတဲ့ ကောင်တွေက ရှိသေးတယ်။ ပြောပုံကိုက ကျေးစေတမန်က စစ်ကျွန်တွေ ပြောပေါက်ဆိုပေါက်။
  1. Anonymous said... :
    "အလုပ်မရှိ ၁၀၉၊ ၁၁၀ သူခိုးအားပေးများအနေနဲ့လည်း ရန်လာတွေ့နိုင်ပါတယ်"
    ခင်ဗျားကလဲ အမြောက်နဲ့ထုလိုက်တာပါလား..ကိုတာတေ..:-)
    မမေဆွိနဲ့သူ့ယောက်ကျားဒေါသထွက်တာက နားလည်ပေးလို့ရပါတယ်..ကျုပ်ဆိုလဲ WTFဖြစ်မှာပဲ..အခုဟာက ဘောဆွဲတွေ ကတဲ့ပွဲဗျ..ကိုတာတေရ
    အဲ့ဒီအင်တာဗျူးလုပ်လိုက်တဲ့ မျိုးချစ်မြန်မာဆိုတဲ့ငနဲက တကယ်လည်းအလုပ်လက်မဲ့ဗျ..သောက်ပျင်းထူတော့ အစိုးရဆီကတောင်းစားနေတာ..LA မှာသူ့ဆိုအကုန်ဝေးဝေးရှောင်တာဗျီု့
    ကင်မရာတလုံးနဲ့ဒုက္ခပေးလွန်းလို့..မယုံမေးကြည့်..သူ့အဖေမျက်နှာနဲ့သရုပ်ဆောင် အဆိုတော်တွေက စကားပြောကြတာပါ..ဝိုင်းစုခိုင်သိန်းတုန်းက အဆိုတော်တယောက်ပြောတာ..နားနဲ့ဆတ်ဆတ်
    ကြားဖူးတယ်..နှာဘူး..ငဂေါက်ဆိုပြီး..ပါလာတဲ့အဆိုတော်မတွေနားကပ်နေလို့..အခုလည်းတရားစွဲဆိုပြီးမြောက်ပေးတဲ့ ပွဲသွင်းတဲ့မသီတာဆိုတာ
    အတူတူပဲ..ဝိုင်းစုခိုင်သိန်းပွဲမှာ အရှုံးပေါ်လို့ ရမ်းချင်နေတာ..မပူနဲ့ကိုတာတေရေ..အဲဒီမန်းမကိုလည်း IRS ကိုလိမ်ထားတဲ့ ပိုက်ဆံတွေအတွက် သူတို့ထဲက တယောက်ကတိုင်မယ်ဆိုပဲ..အတင်းပြောတယ်ပဲထားလိုက်တော့..ကာယကံတွေသိပါတယ်ဗျို့..:-)
  1. Anonymous said... :
    မပြီးကြသေးဘူးလား ၊ မေဆွိ ကလည်း စွာတယ်နော်။ စိတ်ကုန်လာပြီ။ ဘာမဟုတ်တာ ကို မပြီးကြသေးပါလားနော်။ စစ်အစိုးရ တစ်နိုင်ငံလုံးကို ဖျက်နေတာ ဘာ့ကြောင့် မတောင်းပန်ခိုင်းကြသလဲ၊ သူတို့ ကိုယ်သူတို့ ဘာတွေ ထင်နေကြသလဲ မသိဘူးဆိုတာ တကယ်မှန်တယ်။ အနုပညာသမားဆိုပြီး ခေါင်းစဉ်အောက်မှာ နေတဲ့ သူတော်တော်များများက နာမည် မကြီး ကြီးအောင် လုပ်နေကြတာဘဲ မလား၊ အခု နာမည်ပိုကြီးသွား လို့ ခုတုံး လုပ်ခံလိုက်ရတဲ့ ဧရာဝတီ ကို ပိုပြီးတောင် ကျေးဇူးတင်သင့်သေး:)
  1. Anonymous said... :
    နအဖ အလိုတော်ရိတွေ ပီသပါပေ့။ မင်းတို့ မီဒီယာ(ကြေးမုံ/မြန်မာ့အလင်း/MRTV/Myawaddy)က သိက္ခာတစက်မရှိတိုင်း ကျန်တဲ့ မီဒီယာတွေကို မဖြစ်စလောက်ကိစ္စလေး ပုံကြီးချဲ့ သိက္ခာလိုက်ချချင်နေတယ်။ လူပေါင်းသိန်းချီသေတဲ့ နာဂစ်တုန်းက မင်းတို့ နအဖမီဒီယာတွေ ဘာသတင်းထုတ်ပြန်ခဲ့လဲ။ အရေးမပါတဲ့ ပေါ်လစီအဆိုတော်တစ်ယောက် နာရေးသတင်းမှားတာ လူဘယ်နှယောက်ထိခိုက်လဲ။ မေဆွိ ပိရိသတ် ဘယ်နှယောက်ရှိလို့လဲ။
  1. Anonymous said... :
    အားလုံးငပေါကြီးတွေပဲ ဒါများ မြန်မာတဲ့  တစ်ယောက်ကိုတစ်ယောက် ဆော်မယ် အော်မယ် လုပ်ကြ များများသာလုပ်။ ခင်ဗျားတို့ ပထွေး သန်းရွှေ
    က ပြုံးပြုံးကြီးနဲ့  လက်ပိုက်ကြည့်နေလေရဲ့ ..ဒီလိုသာ ကျပ်ကျပ်လုပ်၊ ဗိုလ်ချူပ်ပြောတဲ့ ဖာနိုင်ငံ နဲ့ နီးလာပြီ....ထွီ...
  1. Anonymous said... :
    မေဆွိကလည်း ကျွန်မမသေပါဘူး။ အခုလို စိတ်ပူပြီးမေးမြန်းကြတဲ့ အတွက် ကျေးဇူးတင်ပါတယ်လောက်ပြောပြီး ဗီဒီယိုရိုက်တာကို ရပ်လိုက်သင့်တယ်။ ခုတော့ ကြွားချင်တာတွေများပြီး (သူ့ကိုပဲ လူတိုင်းက ချစ်နေသလို ) ပြောတဲ့စကားတွေက တကယ်သေချာနားထောင်ကြည့်တော့ လုံးထွေးပြီး လိုရင်းမရောက်ဘူး။ ပြီးတော့ ဘာလုပ်တွေ ဆက်လုပ်မှာဆိုတာနဲ့ ကြော်ငြာဝင်သလို အဆုံးသတ်သွားတယ်။ ခက်ပါတယ်။ သူ့ကို USA မှာ နေနေတယ်ပဲ လူတွေက အကြမ်းမျဉ်းမှတ်ထားနိုင်မှာပေါ့။ ဒါကို နယူးယောက်မှာ နေတာလည်းမဟုတ်ပါဘူး သေချာစဉ်းစားပြီးမှ ယုံပါ ဘာညာနဲ့ ရဲလေးလိုပဲ ပြောသွားတဲ့ သဘောပဲ။ ပြောရင်းနဲ့ ထိန်းမရဖြစ်ကုန်ပြီး လူမုန်းခံရပြီ။ ကောင်းတယ်။
  1. Anonymous said... :
    အမှန်တကယ်တောင်းပန်သင့်တာ..၂၀၀၇ ကသံဃာတွေပါကွာ။
  1. Anonymous said... :
    သြော် ... လူတွေကခက်တယ် .. အရေမရ အဖတ်မရ ငြင်းခုံနေကြ ... စစ်အစိုးရက ဘာလုပ်ချင်မှန်းမသိ ထုတ်တဲ့ကောလဟာလ လှည့်ကွက်တစ်ခုမှာ ... အချိန်ကုန်ခံနေကြ ... နိုင်ငံ့လွတ်လပ်ရေး ကောင်းစားရေး ဆွေးနွေးကြပါလား ...!!!!!
  1. Anonymous said... :
    ဟဲဟဲ ဧရာဝတီ လဲ ဟာသ website ဖြစ်လာပါလား
    ကောင်းပါ့ အေးပေါ့ နှစ်ဦးနှစ်ဘက် နံမယ်ကြီးအောင်လုပ်ပေးတာကို
    နားမလည်ကြဘူး သွား လူဆိုးးP
  1. Anonymous said... :
    ဟုတ်ပါပြီ...မှန်ပါပြီ....
  1. Anonymous said... :
    ဟိုပါးစပ်ပြဲမေဆွိကိုက..အကဲပိုနေတာပါကွာ။
  1. Anonymous said... :
    Just wanna advice to Irrawaddy,pls make clear that you will never ever up load such news. Because death of the Myanmar's artists are not really news. We don't need to know, or not worth of knowing, except some artists who are respected by people of Myanmar.I think whether death or live of May Sweet is no problem at all.
  1. Anonymous said... :
    ဂရုစိုက်စရာတကွက်မှမရှိပါ ဧရာဝတီ
    ခွေးလေးခုနဖုန်မထပါ ဧရာဝတီ လူတွေကိုအာရုံပြောင်းနေတယ်လို့ပဲမြင်တယ်
    ဒီအစိုးရလက်ထက်မှာ မင်းသမီးမင်းသားတွေ ခဏ ခဏ အတုယောင်သေတဲ့
    သတင်းတွေထွက်နေတာမဆန်းပါဘူး နံမည်မရှိတော့တဲ့ ဒေါ်မေဆွီ ကိုလဲ
    အမေရိကားမှာနေလို့ အချင်းချင်းတိုက်ပေးလိုက်တယ်လို့မြင်ပါတယ်
    ဧရာဝတီဆိုတာ မြန်မာပြည်သူလူထု နားနဲ့မျက်စိဖွင့်ဘို့အတွက်
    အမှန်တရားတွေကိုထုတ်ဖေါ်ပေးနေတဲ့သတင်းဌာနဆိုတာ
    ဦးနှောက်ရှိတဲ့ မြန်မာနိုင်ငံသားတိုင်းသိကြပါတယ်ခင်ဗျာ။
  1. thiha said... :
    အကြပ်အတည်းမှာ ထွက်ပေါက်ရအောင် ရန်တိုက်ပေးလေ့ရှိတဲ့ နအဖ သူခိုး တွေ ၀မ်းသာအောင် အလုပ်ပျက်အကိုင် ပျက် ရန်ဖြစ်မနေကြပါနဲ. ---
    မြန်မာလူမျိုးတွေကို စိတ်လှည့်ဖျား Divert လုပ်လာတာ ၁၉၆၇ မှာ ဆန်ပြတ်လတ် ပြသနာဖြစ်လို. တရုတ်အရေးအခင်းနဲ. ထိုးကြွေး လှည့်ဖျားခံခဲ့ကြရ အသက်များစွာဆုံးရှုံးခဲ့ကြရတာ မမေ့ကြသေးပါ။
    ယခုလဲ အာရပ်ပြည်သူများ အာဏာရှင်ခေါင်းဆောင်တွေကို ဆန်.ကျင် တော်လှန်နေကြတာကြည့်ပြီး ခြေအေးဝမ်းယောင်နအဖ က အာရုံလမ်းကြောင်းလွှဲလိုက်တာပါ..။
Post a Comment
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved