ဇာတ်ညွှန်းသိပြီးသား ပြဇာတ်

Thursday, March 31, 2011

“ဘယ်လိုကိစ္စပဲဖြစ်ဖြစ် လွှတ်တော်မှာ တင်ပြတဲ့အခါ မဲခွဲလိုက်ရင် ကိုယ်တင်ပြတာက သဲထဲရေသွန်ဖြစ်သွားတော့ တကယ့်အရေးကြီးတဲ့ ပြည်သူအတွက် အကျိုးရှိမယ့် ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးလို ကိစ္စမျိုးတွေကို ကိုင်တွယ်ဖို့၊ ဥပဒေပြုဖို့ မဖြစ်နိုင်ဘူး”

“ကိုယ့်မှာ သိချင်လို့ တပ်က ကိုယ်စားလှယ်တွေလိုက်မေးမှ မင်းအောင်လှိုင်နဲ့ စိုးဝင်းမှန်းသိရတာ။ နောက်ပြီး ကာကွယ်ရေးဦးစီးချုပ်နဲ့ ဒု ကာကွယ်ရေးဦးစီးချုပ် လွှတ်တော်ကို ၀င်လာတဲ့အခါ၊ ပြန်ထွက်တဲ့အခါမှာ လွှတ်တော်က အရေးတယူ တလေးတစားနဲ့ ကြေညာတယ်။ ဒါလည်း သဘာဝမကျဘူး ထင်ပါတယ်”

“အခု အိမ်ကိုပဲ စိတ်ရောက်နေတယ်။ နိုင်ငံရေးကိစ္စတွေကတော့ ပါတီနဲ့ သေချာပြန်ပြီး သုံးသပ်ရဦးမယ်။ လောလောဆယ်တော့ အိမ်ပြန်ဖို့ စိတ်စောနေတယ်”

“မတ်လ ၃၀ ရက်နေ့တွင် ပြည်သူအများစုသည် ရန်ကုန်မြို့၏ လမ်းမများပေါ်တွင် သွားမြဲ၊ လာမြဲ ၊ ပုံမှန်လုပ်နေကျ အလုပ်များကို လုပ်ကိုင်မပျက် ရှိကြသည်။”

(အထက်မှာ ဖော်ပြထားတာကတော့ သမ္မတသစ် ကျမ်းကျိန်တဲ့နေ့ လွှတ်တော်မြင်ကွင်း၊ လွှတ်တော်တွင်းနဲ့ လွှတ်တော်ပြင်ပ မြင်ကွင်းတွေကို ဖော်ပြထားတဲ့ ဆောင်းပါးကနေ ကောက်နှုတ်ထားတာပါ။ ဒီနေရာမှာ အသေးစိတ် ဖတ်ရှုနိုင်ပါတယ်။)

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved