Fukushima nuclear reactor radiation exposure: How far will this go?

Tuesday, March 15, 2011

Fukushima nuclear reactor ရဲ့ နောက်ဆုံးအခြေအနေ ကို သေသေချာချာရှင်းပြထားတာပါ။

( မောက္ခက ဖော်ပြထားတဲ့ သတင်းဘာသာပြန်ကနေ အချက်အလက် တချို့ကိုလည်း ကောက်နုတ် ဖော်ပြပါရစေ။

မတ် ၁၂ ရက်နေ့ ညနေပိုင်းမှာ ဖူကူရှီမာ က ဒိုင်အီချီ အမှတ် (၁) စက်ရုံ ပေါက်ကွဲမှုတစ်ခုဖြစ်ပြီး မီးခိုးတွေ တဘူးဘူး မှုတ်ထုတ်နေသည်။ စက်ရုံ အမိုးတွေ လန်သွားသည်။ ၀န်ကြီးအဖွဲ့ အတွင်းရေးမှုး ယူကီယို အီဒါနို က ရေနွေးငွေ့ ပိုက်လိုင်း ပေါက်တာဖြစ်ကြောင်း၊ ဒါပေမဲ့ အပူချိန်တက်ပြီး နျူကလီးယား လောင်ကျွမ်းမှု မဖြစ်အောင် ဟန့်တားဖို့ ဘိုးရစ်အက်ဆစ်နဲ့ နျူထရွန် အပြင်းစားကို မကြုံဘူးအောင် အသုံးပြုနေရကြောင်း မယုတ်မလွန် ပြောသွားသည်။ အလုပ်သမား ၁ ဦး သေပြီး ၄ဦး အပြင်းအထန် ဒဏ်ရာရသွားသည်။

ဖူကူရှိမား ဒိုင်အီချီ စက်ရုံနဲ့ ကီလိုမီတာ ၂၀ ပတ်လည်ရှိ လူထောင်သောင်းများစွာကို အစိုးရက ပြောင်း ရွှေ့ပေးနေသည်။ ဓာတ်ပေါင်းဖို တစ်စုံတစ်ခု မှားယွင်း သွားရင် တစ်စက္ကန့်အတွင်း ၁၀ ကီလိုမီတာ ပတ်လည်ကို အန္တရာယ် ချက်ချင်း ရောက်သွားမည်။

အီတလီ အမျိုးသား ပထ၀ီရူပဗေဒနဲ့ မီးတောင် လေ့လာရေးဌာနက ကြီးမားတဲ့ ငလျင်ကြောင့် ဂျပန် အနောက်မြောက် ကမ်းခြေ ၂၅ စင်တီမီတာ ရွေ့သွားသည်ဟု ပြောသည်။ အမေရိကန် ပထ၀ီ လေ့လာရေး အဖွဲ့က ဂျပန်ကျွန်းကြီး ၂.၅ မီတာ ရွေ့သွားသည်ဟု ဆိုသည်။ ဆူနာမီကြောင့် အိမ်အလုံးရေ ၅.၆ သန်း မီးပျက်သွားခဲ့ရသည်။ နစ်ဆန်း၊ ဟွန်ဒါ၊ တိုရိုတာ၊ ဆိုနီ၊ တိုရှီဘာ ကမ္ဘာကျော် လုပ်ငန်းကြီးတွေရဲ့ စက်ရုံတွေ ကုမ္ပဏီတွေ ရပ်သွားခဲ့သည်။

အကယ်၍ မပြောကောင်း မဆိုကောင်း နျူကလီးယား ပါဝါစက်ရုံတွေ အအေးပေးစနစ် မနိုင်ဘဲ အပူချိန်တက်ပြီး အန္တရာယ် ဘေးဆိုးကြီး ထပ်ဖြစ်သွားရင်ဖြင့်..။ ဂျပန်အတွက် မတွေးဝံ့စရာပင်။)



Ref: Russian Today, မောက္ခ ပညာရေး မဂ္ဂဇင်း

1 comments :

  1. Anonymous said... :

    အကယ်၍ မပြောကောင်း မဆိုကောင်း နျူကလီးယား ပါဝါစက်ရုံတွေ အအေးပေးစနစ် မနိုင်ဘဲ အပူချိန်တက်ပြီး အန္တရာယ် ဘေးဆိုးကြီး ထပ်ဖြစ်သွားရင်ဖြင့်..ဆိုတာဘာလဲဟင်..တနိုင်ငံလုံးသေမှာကိုပြောတာလား..တကယ်မသိလို့ မေးတာပါ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved