ရုံတင်တော့မယ် အလန်းဇယား

Wednesday, April 6, 2011




မိုးအောင်ရင်၊ သူထူးစံ
မင်းသမီး ၄ ပါးက
မယ်လိုဒီ၊ သင်ဇာဝင့်ကျော်၊ မိုးဟေကို၊ နန်းဆုရတီစိုး

ဒီဇာတ်ကားကြော်ငြာအကြောင်းကို ရန်ကုန်ကမိတ်ဆွေတယောက်က အခုလို ပြောပါတယ်။

"အလန်းကတော့ - မိုက်တယ်၊ ဟော့ရှော့ ပေါ့ဗျာ
ဇယားဆိုတာက နှစ်မျိုးဗျ။ ကောင်းတဲ့အမျိုးသမီးတွေကိုလည်း ဇယား လို့ ခေါ်တယ်။
အကွက် ရွှေ့တာကိုလည်း ဇယားလို့ ခေါ်တယ်။

သူတို့ရွှေ့တာ အောင်မြင်တယ်ပေါ့၊ ဒီလိုပဲ ပြောနိင်မယ်ထင်တယ်၊ ကျနော်လည်း မဖတ်ရသေးဘူး ဇာတ် အညွှန်းကို"

သူ မဖတ်ရသေးတဲ့ ဇာတ်ကား အညွှန်းကို ကျနော် အခုပဲ ဖတ်လိုက်ပါတယ်။



အလင်းတန်းဂျာနယ် ဒီတပတ်ထုတ်မှာ ရေးထားတဲ့ အညွှန်းမှာတော့ "အလန်းဇယားလို့ အမည်ပေးထားတဲ့အတိုင်း အလန်းလေးများနဲ့ ကြည့်ခွင့်ရမယ့်ရုပ်ရှင်ကား" လို့ ဆိုပါတယ်။
မင်းသား၂ယောက်ကို "အမြီးကျက် အမြီးစား၊ ခေါင်းကျက် ခေါင်းစားစရိုက်ရှိတဲ့လူငယ်နှစ်ဦး" အဖြစ် မြင်ရပါမယ် တဲ့။ ဒီ ၂ယောက်နဲ့ မင်းသမီး ၄ ယောက် ချောင်းသာကမ်းခြေမှာ ဆုံမိကြတော့ "ရှုပ်ထွေးပြီး ရှင်းမရတော့"တဲ့ အနေအထားကို ရိုက်ကူးထားတယ်လို့ ဆိုတယ်။
ဝတ္ထုဇာတ်ညွှန်းက အကြည်တော်ရဲ့ လက်ရာ ဆိုတော့ တကယ်ကို လန်းမှာပါ။

ဒီကား အောင်မြင်မှု ရမယ်လို့ ယုံကြည်တဲ့အတွက် အလန်းဇယား ၂ ကို သင်္ကြန်အပြီး အင်ဒိုနီးရှား ပိုလာဘာလီမှာ သွားရိုက်မယ် ဆိုပဲ။



1 comments :

  1. Anonymous said... :

    ဇယား ဆိုတာ ဆွဲလို့ရတယ် ဆိုတဲ့ အဓိပ္ပာယ်ပါ။ :D

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved