မယ်လသွား တောလား (၃)

Thursday, April 21, 2011

ရန်ပိုင်၊ ဧပြီ ၂၁၊ ၂၀၁၁
ဓာတ်ပုံ - ရန်ပိုင်/ဧရာဝတီ

မယ်လသွား တောလား (၁)
မယ်လသွား တောလား (၂)

ဒီလိုနဲ့ တတောင်ဆင်း တတောင်တက်နဲ့ အင်ဖက်မိုး ထရံကာ အိမ်လေးတွေ အကြား ခရီးဆက်မိပြန်တော့ ထိုင်း၊ မြန်မာ ရုပ်ရှင်တွေ စတိတ်ရှိုး၊ သီချင်းခွေတွေကို အစီအရီခင်းထားတဲ့ အိမ်တလုံးရှေ့ ရောက်သွားတယ်။ ဦးဆောင်သူက ကရင်ဘာသာနဲ့ ပြောလိုက်တဲ့အသံကြောင့် အိမ်ထဲက ၀မ်းသာအားရ တုန့်ပြန်သံကို ကြားရတယ်။



အိမ်နံရံမှာ ကရင်တော်လှန်ရေး ခေါင်းဆောင် စောဘဦးကြီးတို့၊ ဖဒိုမန်းရှာတို့ ဓာတ်ပုံတွေကို အစီအရီ ချိတ်ဆွဲထားပြီး ကြမ်းခမ်းပေါ်မှာတော့ အသားညိုညို မေးရိုးကားကား ဖော်ရွေတဲ့ မျက်နှာနဲ့ လူတယောက် ထိုင်နေတာကို တွေ့ရတယ်။ မိတ်ဆက်စကားအရဆိုရင်တော့ မယ်လစခန်း အုပ်ချုပ်ရေး ကော်မတီရဲ့ ဥက္ကဋ္ဌ ဆရာ ထွန်းထွန်း ဆိုတာ သိလိုက်ရတယ်။



ဖားအံဇာတိ အသက် ၄၀ ကျော်ခန့်ရှိတဲ့ ကိုထွန်းထွန်းဟာ လွန်ခဲ့တဲ့ ၂၃နှစ်၊ ၁၉၈၈ ခုနှစ် ဇူလိုင်လက ဖြစ်ပွားခဲ့တဲ့ ကျောင်းသားအရေး အခင်းမှာ ရန်ကုန် ဆေးတက္ကသိုလ် ( ၁) ဒုတိယနှစ် ကျောင်းသားတဦးအဖြစ် ပါဝင်ခဲ့ပါတယ်၊ ၁၉၈၉ ခုနှစ်မှာတော့ တော်လှန်ရေး နယ်ပယ်ထဲကို ရောက်ရှိခဲ့သူ ဖြစ်ပါတယ်။ စခန်းမှာတော့ အတွင်းရေးမှူး၊ ဒု ဥက္ကဋ္ဌ ၊ ဥက္ကဋ္ဌ စတဲ့ တာဝန်အမျိုးမျိုး ထမ်းဆောင်ခဲ့သူပါ။

စခန်းမှာပဲ အိမ်ထောင်ကျပြီး အခုဆိုရင် သမီးကြီးတောင် ဆယ်တန်းအောင်ခဲ့ပါပြီ။ စခန်းအတွင်းက နိမ့်ကျနေတဲ့ ပြည်သူတွေအတွက် တတ်နိုင်သမျှ လုပ်ပေးမယ်ဆိုတဲ့ ခံယူချက်ကြောင့် တတိယနိုင်ငံကို ထွက်ခွာဖို့ အစီအစဉ်မရှိပါဘူး၊ အခြေအနေပေးလို့ ဒုက္ခသည်တွေ အားလုံးပြန်ရမယ်ဆိုရင်တော့ မြန်မာပြည်ပဲ ပြန်ချင်တယ်လို့ ကိုထွန်းထွန်းက ပြောပါတယ်။



အိမ်ခြေ ၁ သောင်း ၂ ထောင်လောက်ရှိတဲ့ စခန်းမှာ လူဦးရေက ၄ သောင်း ၈ ထောင် ရှိပါတယ်။ နေထိုင်သူတွေကို ဆန်၊ ဆီ၊ ဆား၊ ပဲ၊ သကြား၊ မီးသွေး ပေးပေမယ့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက စပြီးတော့ လူတယောက်ကို တလ ဆန် ၁၅ ကီလိုပေးရာက ၁၃ ကီလိုခွဲ လျော့ချလိုက်ပြီး ပညာရေး၊ ကျန်းမာရေး ကဏ္ဍတွေမှာလည်း ဖြတ်တောက်မှုတွေလုပ်လာတယ် နောင်နှစ်တွေမှာသာ ဆက်တိုက် လျှော့ချခဲ့ရင်တော့ ဒုက္ခသည်တွေရဲ့ ရပ်တည်ရေး မလွယ်တော့ဘူးလို့ ကိုထွန်းထွန်းက ဆိုပါတယ်။

ဒီလို စားနပ်ရိက္ခာ အကူအညီပေးနေတဲ့ အလှူရှင်နိုင်ငံတွေက ဖြတ်တောက်မှုတွေ လုပ်လာတဲ့ အချိန်မှာပဲ ထိုင်းအာဏာပိုင်တွေကလည်း အနုနည်းနဲ့ အိမ်ပြန်ဖို့ စည်းရုံးနေတယ်။ ဒါပေမယ့် အိမ်ပြန်ဖို့ဆိုတာက လက်နက်ကိုင် ပဋိပက္ခတွေ အားလုံးဖြေရှင်းပြီး လုံခြုံမှုလည်းရှိ ငြိမ်းချမ်းရေးလည်းရမှ ဖြစ်မှာပါလို့ သက်ပြင်းချရင်း ကိုထွန်းထွန်းက ဆိုပါတယ်။

တကယ်တော့ ဒုက္ခသည်ဆိုတဲ့ မြန်မာပြည်သားတွေဟာ ရောက်ရာအရပ်မှာပဲ သုဂတော ဆိုတဲ့ ဘုရားဟောကို ရှုပြီး လောကဓံကိုမေ့ကာ နေထိုင်ရတဲ့ စနစ်ရဲ့သားကောင် ရင်နာစရာ မြန်မာပြည်သားတွေပါ။

ဒီလို ဂျာအေး သူ့အမေရိုက်နေတဲ့ ဒုက္ခသည်တွေအကြောင်း စဉ်းစားရင်း စခန်းဥက္ကဋ္ဌ ကိုထွန်းထွန်းကို နှုတ်ဆက်ကာ စခန်းက ပြန်ခဲ့ပါတော့တယ်။

3 comments :

  1. Anonymous said... :

    အဖြေကရှင်းရှင်းလေးပါ။အစိုးရကို လက်နက်ကိုင်တိုက်ခိုက်နေတဲ့ သောင်းကျန်းနေတဲ့သူတွေကို တရားဝင်ဥပဒေဘောင်တွင်းမှာ ရှိနေဖို့ ၀ိုင်းဝန်းပြောဆို ဆုံးမဖို့ပါပဲ။သူတို့တွေ ဥပဒေဘောင်တွင်း ရှိနေမှ တိုင်းပြည်က ထာဝရငြိမ်းချမ်းနေမှာဖြစ်တဲ့တွက် ဒီလက်နက်ကိုင်တွေကို ဖြောင်းဖြတာဝန်ယူရမှာသည် နိုင်ငံသားအားလုံးရဲ့တာဝန်ဖြစ်တယ်။

  1. ဟေ့ကောင် မင့်ပထွေးတွေက လူသတ်မုဒိန်းကျင့်နေတာ
    မင့်အမတွေ။မင့် အမေတွေမပါ သေးတော့မင်းပြောနိုင်သေးတာပေါ့။
    မင့်အမတွေမင့်သမီး မင့်အမေတွေ အလှည့်ကျရင် ခုလိုပြောနိုင်ပါစေ

  1. Anonymous said... :

    you are right sjk. i am supporting and i agree what you response to him or her.
    no one want to live in refugee...

    he or she will study one day when spdc visit his or her mum,sis,relatives,.....

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved