ကြံကြံဖန်ဖန် ထီ

Friday, April 8, 2011

ဒီထီအမျိုးအစားကိုတော့ “ကာမထီ” လို့ ခေါ်ရမလား၊ “လိင်ထီ” လို့ ခေါ်ရမလား၊ ချဲထီနဲ့ ဆင်အောင် “ဆွဲထီ” လို့ ခေါ်ရမလား မသိပါ။ ဒီထီပေါက် ရမယ့်ဆုကတော့ ကောင်မလေးတယောက်နဲ့ အိပ်ရပါမယ်တဲ့။ ဒီလို ကြံကြံဖန်ဖန်လုပ်တဲ့ တရားမဝင်ထီကို ထိုင်းရဲတွေက အပူတပြင်း စုံစမ်းနေပါပြီ။

တော်ဝင်ထိုင်းရဲတပ်ဖွဲ့က ပြောခွင့်ရပုဂ္ဂိုလ် ပရာဝတ် ထာဝန်ဆရီက “အခု အယုဒ္ဓယမြို့ဟောင်းက စက်ရုံအလုပ်သမားတွေကြားမှာ တော်တော် ခေတ်စားတဲ့ထီ ဖြစ်နေပါတယ်။ အဲလို ကြံကြံဖန်ဖန်ထီမျိုးကြောင့် တိုင်ကြားချက်တွေလည်း အများအပြားရရှိနေပါတယ်” လို့ ပြောပါတယ်။

ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ အောက်က ကလေးသူငယ်၊ လူရွယ်နှင့် အမျိုးသမီးရေးရာ ဌာနက အယုဒ္ဓယမှာ ရှိသမျှ ရဲစခန်းတွေကို ဒီ လိင်ဖျော်ဖြေရေး ဆုပေးမယ့်ထီ ရောင်းချနေတာတွေကို လိုက်လံ စုံစမ်းဖို့ အမိန့်ပေးထားပါတယ်။

ဒီလို ကာမဖျော်ဖြေရေး ထီကတော့ ထိုင်းမှာ ပထမဆုံး ကြာဖူးတာပါပဲလို့ ရဲမှူး ပရာဝတ်က ဆိုပါတယ်။

ထီအရောင်းအဝယ်အကြောင်း သိတဲ့သူတယောက် ပြောတာကတော့ ထီဟာ နံပတ် ၀၀ ကနေ ၉၉ အထိရှိပြီး တစောင်ကို ဘတ် ၃၀ (မြန်မာငွေ ၈၅၀ ခန့်) နဲ့ ရောင်းပါတယ်တဲ့။ ပေါက်ဂဏန်းကတော့ အစိုးရ တရားဝင်ထီ ပေါက်ဂဏန်းတွေထဲက ဂဏန်း ၂ လုံးကို ယူပါတယ်တဲ့။

တသုတ်စီမှာ ထီပေါက်သူ ၂ ယောက်ကနေ ၄ ယောက်အထိ ရှိတတ်ပြီး ဆုအဖြစ် အသက် ၁၈ နှစ်ကနေ ၂၅ နှစ်အတွင်း အမျိုးသမီးတယောက်ကို ကတ်တလောက်ထဲကနေ ကိုယ်နဲ့အိပ်ဖို့ စိတ်ကြိုက် ရွေးခွင့်ရှိပါတယ်တဲ့။

ထီပေါက်သူဟာ ထီဒိုင်က စီစဉ်ပေးတဲ့ ဟိုတယ်မှာ ကောင်မလေးနဲ့
၃ ရက်သွား အိပ်နိုင်ပါတယ်။ ၃ ရက်အတွင်း အိပ်နိုင်ပါတယ်။ မဟုတ်ရင်တော့ ဆုကို ဖျက်သိမ်းမှာ ဖြစ်ပါတယ်။

အမျိုးသမီးတယောက်ရဲ့ ဂုဏ်သိက္ခာကို ဘတ် ၃၀ နဲ့ တန်ဖိုးဖြတ်ခြင်း မကောင်းပါဘူးလို့ အယုဒ္ဓယ ခရိုင် ယဉ်ကျေးမှု ကောင်စီ ဥက္ကဋ္ဌ ဂျီရာပန် ပင်ပမ်းက ပြောပါတယ်။

Ref: Bangkok Post

12 comments :

  1. Anonymous said... :

    ဟီး ဟီး
    ထိုးချင်တယ်ဗျို့
    ဘယ်လိုထိုးရလဲ
    မြန်မာပြည်မှာလည်း လုပ်ပေးရင် သိပ်ကောင်းမှာဘဲ

  1. Anonymous said... :

    မကောင်းတာတော့မကောင်းပါဘူး။ တခါတလေတော့လည်း ဘာထီဖြစ်ဖြစ်ပေါက်ချင်တယ်။ ၃၀ တန် နှစ်စောင်လောက် ဖြတ်ထားပေးပါနော် အပြန်အလှန်ပေါ့။ ဧရာဝတီနဲ့ တယောက်တဝက်ပေါ့။

  1. Anonymous said... :

    ကျနော်လည်းစိတ်ဝင်စားတယ်...ဘန်ကောက်ကိုမနက်ဖြန်ရောက်
    ဖြစ်မှထိုးလိုက်ဦးမယ်ဗျို့.............ဟဲဟဲ

  1. Unknown said... :

    ထီပေါက်သူက မိန်းချလးတွေဖြစ်နေရင်ရော်...ဘယ်လို လုပ်မလဲဟင်...ါ်
    ကြံကြံဖန်ဖန်တော်...

  1. Anonymous said... :

ေ ပါက်ရင်သိပ်ကောင်းမယ်ကွာ

  1. Anonymous said... :

    ကြည့်လည်းထိုးဦး..
    ကိုယ့်ဆွေးမျိုးတွေထဲက..အမျိုးကောင်းသမီးတွေဖြစ်နေဦးမယ်..

  1. Ko Zaw said... :

    The source said customers are required to have sex with their chosen woman at a hotel provided by the lottery host within three days, or their prize will be revoked.
    ထီပေါက်သူဟာ ထီဒိုင်က စီစဉ်ပေးတဲ့ ဟိုတယ်မှာ ကောင်မလေးနဲ့ ၃ ရက် သွားအိပ်နိုင်ပါတယ်။ မဟုတ်ရင်တော့ ဆုကို ဖျက်သိမ်းမှာ ဖြစ်ပါတယ်။

    (ထီပေါက်လို့ ရွေးထားတဲ့ကောင်မလေးနဲ့  ၃ ရက်အတွင်းအိပ်ရမှာပါ။)

  1. Anonymous said... :

    အမျိုးသမီး တွေ ထိုး မိ ပြီး ပေါက် ရင် ကော....???

  1. Anonymous said... :

    what a shame!

  1. Anonymous said... :

    မင်းတို့်ရဲ့ နှမ တူမ သမီး ဇနီး တို့ဖြစ်နေအုန်းမယ်။

  1. Anonymous said... :

    pantha and anonymous ရေ .. ထီဆုက ကောင်မလေးတယောက်နဲ့အိပ်ရပါမယ်ဆိုမှ မိန်းမတွေထိုးပါ့မလား။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved