တော်ဝင်ထိုင်းရဲတပ်ဖွဲ့က ပြောခွင့်ရပုဂ္ဂိုလ် ပရာဝတ် ထာဝန်ဆရီက “အခု အယုဒ္ဓယမြို့ဟောင်းက စက်ရုံအလုပ်သမားတွေကြားမှာ တော်တော် ခေတ်စားတဲ့ထီ ဖြစ်နေပါတယ်။ အဲလို ကြံကြံဖန်ဖန်ထီမျိုးကြောင့် တိုင်ကြားချက်တွေလည်း အများအပြားရရှိနေပါတယ်” လို့ ပြောပါတယ်။
ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ အောက်က ကလေးသူငယ်၊ လူရွယ်နှင့် အမျိုးသမီးရေးရာ ဌာနက အယုဒ္ဓယမှာ ရှိသမျှ ရဲစခန်းတွေကို ဒီ လိင်ဖျော်ဖြေရေး ဆုပေးမယ့်ထီ ရောင်းချနေတာတွေကို လိုက်လံ စုံစမ်းဖို့ အမိန့်ပေးထားပါတယ်။
ဒီလို ကာမဖျော်ဖြေရေး ထီကတော့ ထိုင်းမှာ ပထမဆုံး ကြာဖူးတာပါပဲလို့ ရဲမှူး ပရာဝတ်က ဆိုပါတယ်။
ထီအရောင်းအဝယ်အကြောင်း သိတဲ့သူတယောက် ပြောတာကတော့ ထီဟာ နံပတ် ၀၀ ကနေ ၉၉ အထိရှိပြီး တစောင်ကို ဘတ် ၃၀ (မြန်မာငွေ ၈၅၀ ခန့်) နဲ့ ရောင်းပါတယ်တဲ့။ ပေါက်ဂဏန်းကတော့ အစိုးရ တရားဝင်ထီ ပေါက်ဂဏန်းတွေထဲက ဂဏန်း ၂ လုံးကို ယူပါတယ်တဲ့။
တသုတ်စီမှာ ထီပေါက်သူ ၂ ယောက်ကနေ ၄ ယောက်အထိ ရှိတတ်ပြီး ဆုအဖြစ် အသက် ၁၈ နှစ်ကနေ ၂၅ နှစ်အတွင်း အမျိုးသမီးတယောက်ကို ကတ်တလောက်ထဲကနေ ကိုယ်နဲ့အိပ်ဖို့ စိတ်ကြိုက် ရွေးခွင့်ရှိပါတယ်တဲ့။
ထီပေါက်သူဟာ ထီဒိုင်က စီစဉ်ပေးတဲ့ ဟိုတယ်မှာ ကောင်မလေးနဲ့
အမျိုးသမီးတယောက်ရဲ့ ဂုဏ်သိက္ခာကို ဘတ် ၃၀ နဲ့ တန်ဖိုးဖြတ်ခြင်း မကောင်းပါဘူးလို့ အယုဒ္ဓယ ခရိုင် ယဉ်ကျေးမှု ကောင်စီ ဥက္ကဋ္ဌ ဂျီရာပန် ပင်ပမ်းက ပြောပါတယ်။
Ref: Bangkok Post
ဟီး ဟီး
ထိုးချင်တယ်ဗျို့
ဘယ်လိုထိုးရလဲ
မြန်မာပြည်မှာလည်း လုပ်ပေးရင် သိပ်ကောင်းမှာဘဲ