ယဉ်ကျေးမှုပျောက်တဲ့ မြန်မာပြည် (၂)

Monday, April 4, 2011

ကိုထူး

(ယဉ်ကျေးမှုပျောက်တဲ့ မြန်မာပြည် အပိုင်း ၁ ကို ဖတ်ရန်)

ယဉ်ကျေးခြင်းနဲ့  ယဉ်ကျေးမှု Culture မတူကွဲပြား ခြားနားပါတယ်ဆိုပြီး ပြီးခဲ့တဲ့ ဆောင်းပါးမှာ ဖတ်ရှုသူတယောက် ယဉ်ယဉ်ကျေးကျေး မှတ်ချက်ပေးထားတာ တွေ့ ရပါတယ်။

ကျေးဇူးတင်ပါတယ်။ ထောက်ပြဝေဖန်ပြောဆိုတာကို ကျေးဇူးတင်ရမယ်ဆိုတာလည်း ယဉ်ကျေးမှု မဟုတ်ပါလားခင်ဗျာ။ သိသမျှ ခံစားရသမျှ မျှဝေခြင်းသာဖြစ်ပါတယ်။ ရေးချင်တာကို ရေးခွင့်မရနိုင်တဲ့ ပြည်တွင်းအခြေအနေအရ ဧရာဝတီရဲ့ ကျေးဇူးကြောင့် ရေးပြခွင့်ရတာမို့  ဧရာဝတီကိုလည်း ကျေးဇူးအထူးပါပဲ။

Culture : ယဉ်ကျေးမှု
1.(archeology) a particular society at a particular time and place
“early Mayan culture"
တချိန်ချိန်နေရာရာကလူ့ အဖွဲ့အစည်းတခုခု (အစောပိုင်း မေယန် ယဉ်ကျေးမှု)
2. The tastes in art and manners that are favored by a social group
လူမှုအသိုင်းအ၀ိုင်းတခုက နှစ်သက်သဘောကျတဲ့ အနုပညာ အမူအယာ အမူအကျင့်
3. A highly developed state of perfection; having a flawless or impeccable quality
အပြစ်အနာအဆာမရှိ အဆင့်မြင့်မြင့် ပြီးပြည့်စုံခြင်း
4. The attitudes and behavior that are characteristic of a particular social group or organization
လူမှုအသိုင်းအ၀ိုင်းတခုခု အဖွဲ့ အစည်းတခုခု၏ သဘောထား အမူအကျင့်အရ ထူးခြားသော လက္ခဏာ


Culture (ယဉ်ကျေးမှု) ကို အနောက်က အဲသလို ဖွင့်ဆိုထားပါတယ်။

ကျောက်ခေတ်တုန်းက ကျောက်ခေတ်ယဉ်ကျေးမှု၊ ကြေးခေတ်ရောက်တော့ ကြေးခေတ် ယဉ်ကျေးမူ၊ ဒီလိုနဲ့  ပုဂံယဉ်ကျေးမှု ကုန်းဘောင်ယဉ်ကျေးမှု စစ်ကြိုခေတ်ယဉ်ကျေးမှု ကိုလိုနီ ခေတ်ယဉ်ကျေးမှု ဂျပန်ခေတ် ယဉ်ကျေးမှု ပါလီမန်ဒီမိုကရေစီခေတ်ယဉ်ကျေးမှု မဆလ ယဉ်ကျေးမှု န၀တယဉ်ကျေးမှု စသည်ဖြင့်ပေါ့လေ။

လူမျိုးအလိုက်ဆိုရင်လည်း မြန်မာယဉ်ကျေးမှု ရှမ်းယဉ်ကျေးမှု ကရင်ယဉ်ကျေးမှု စသည်ဖြင့်။ နိုင်ငံအလိုက်ဆိုရင်လည်း ယိုးဒယားယဉ်ကျေးမှု ဂျပန်ယဉ်ကျေးမှု အမေရိကန် ယဉ်ကျေးမှု စသည်ဖြင့်။

ယဉ်ကျေးမှုထဲမှာ ပါဝင်ပတ်သက်နေတာတွေကတော့ ဘာသာ တရားကစလို့  စာပေ အနုပညာ ပြောဆိုဆက်ဆံမှု ၀တ်စားဆင်ယဉ်မှု နေထိုင်စားသောက်မှု အကုန်လုံးပါပဲ။ ယဉ်ကျေးမှုဆိုတာ တခေတ်နဲ့ တခေတ်မတူသလို လူမျိုးတမျိုးနဲ့ တမျိုး နိုင်ငံ တနိုင်ငံနဲ့ တနိုင်ငံလည်း မတူပါ။ ပြောင်းလဲမှုကလည်း အမြဲရှိနေခဲ့ပါတယ်။ အဲဒီခေတ် အဲဒီအချိန်မှာ အဲဒီလူမျိုးတမျိုးက သဘောကျလက်ခံမှုဟာ ယဉ်ကျေးမှုပါပဲ။ ထို့အတူ ယဉ်ကျေးခြင်းဆိုတဲ့ ပြောဆိုဆက်ဆံ ၀တ်စားဆင်ယင်မှုကလည်း ယဉ်ကျေးမှုခေါင်းစဉ်အောက်
မှာပါပဲ။

ယဉ်ကျေးမှုဆိုတာ ဘာသာတရားက ပေါက်ဖွားလာပါတယ်။ ခေတ်တခေတ် ယဉ်ကျေးမှု ဘယ်လောက် ထွန်းကားခဲ့သလဲဆိုတာ အဲဒီအချိန်အခါက အဲဒီလူတွေ ဘာသာတရားကို ဘယ်လောက်လေးစား လိုက်နာခဲ့ကြသလဲအပေါ်မှာ တည်ပါတယ်။ မြန်မာတွေ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကျော်က ဗုဒ္ဓဂေါတမ ဘုရားရှင် သွန်သင်ပြသခဲ့တဲ့ ဘယ်လိုယဉ်ကျေးစွာ ပြုမူ့ကျင့်ကြံ နေထိုင်ရမယ်ဆိုတဲ့ အဆုံးအမ ဘာသာတရားကို လေးစားလိုက်နာခဲ့ကြတာကြောင့် ယဉ်ကျေးတဲ့လူမျိုး ဖြစ်ခဲ့တာပါ။

ယဉ်ကျေးမှု မပျောက်အောင် ဗုဒ္ဓဂေါတမဟောကြားခဲ့တဲ့ ဘာသာတရား အဆုံးအမ တွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ လိုပါတယ်။ ဘာသာတရားကို လက်ဆင့်ကမ်းသင်ကြား ပို့ချလာခဲ့ကြတဲ့ သံဃာတော်တွေကို စောင့်ရှောက် အားပေးချီးမြှင့်ဖို့ လိုပါတယ်။

ဘုရားတွေတည် ရွှေတွေဝင်းနေအောင်သုတ် လုပ်နေတာ ယဉ်ကျေးမှုကို ထိန်းသိမ်း တာမဟုတ်ပါ။ ယတြာချေတာဖြစ်ပါတယ်။ သံဃာဂိုဏ်းခွဲ အဆင်ပြေတဲ့ ဘုန်းကြီးတော့ တီဗီ ဟန်းဖုန်း ကားတွေပေး အဆင်မပြေတဲ့ဘုန်းကြီးတော့ တရားပွဲပါမစ်ပိတ် ဖမ်းဆီးထောင်ချ။ အဆင်ပြေတဲ့ဘုန်းကြီးကျောင်း ချဲရောင်းရောင်း အရက်ပုန်းရောင်းရောင်း ဘာမှမပြော။ အဆင်မပြေရင်တော့ စာသင်တိုက်လည်းပိတ် စာသင်သားတွေလူစုခွဲ အရပ်ပြန်လွှတ်။ တနိုင်ငံလုံး ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်းဆိုဖွဲ့ ပြီး အေရိုးဘစ်က။

ဘီယာဆိုတာ အရက်မဟုတ်ပါဆိုပြီး အရက်ဆိုင်ပါပစ်တွေ ဖောဖောသီသီထုတ်ပေး တနိုင်ငံလုံး အရက်ဆိုင်မှိုလိုပေါက်။ ရေးရရင်တော့ ကုန်နိုင်ဖွယ်မရှိပါ။ အဲဒါတွေဟာ သာသနာဖျက်လုပ်ရပ်တွေပါ။ သာသနာကွယ်ရင် ယဉ်ကျေးမှုလည်း ပျောက်ပြီပေါ့။ မြန်မာ ပြည်သူပြည်သားတွေ ရိုင်းစိုင်းလာရခြင်း အဓိကအကြောင်းရင်းက ဗုဒ္ဒသာသနာ ဗုဒ္ဓအဆုံးအမ တွေ မသိနားမလည် မလေးစား မလိုက်နာကြတော့လို့ပါပဲ။ တနည်းအားဖြင့် ပြည်သူတွေ ဒီလိုဖြစ်လာအောင် အာဏာရှင် စစ်အစိုးရက ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့တဲ့ သာသနာ ဖျက်လုပ်ရပ် တွေကြောင့်ပါပဲ။

ဗုဒ္ဓရဲ့ မေတ္တာ ဂရုဏာ မုဒိတာ တန်းတူညီမျှ တရားမျှတ အများသဘောဆန္ဒ ဆိုတဲ့ စကားလုံးတွေကို အာဏာရှင်တွေ နားခါးပါတယ်။ လုံးဝမကြိုက်ပါ။ ရဲဘော်မသေ သေသော်ငရဲမလား။ သတ်ချင်တိုင်းသတ် အပြစ်မရှိ။ ခိုးချင်တိုင်းခိုး အပြစ်မရှိ။ လိမ်ချင်တိုင်းလိမ် အပြစ်မရှိ။ သောက်ချင်တိုင်းသောက် အပြစ်မရှိဆိုတာတွေကို သူတို့က မမှိတ်မသုန် ယုံကြည်ကိုးကွယ် ထားကြတာပါ။

ဒါကြောင့်လည်း အချိန်မနှောင်းခင် မင်းကောင်းမင်းမြတ်တပါး မြန်မြန်ပေါ်ပါစေလို့ မျှော်လင့်မိတာပါ။ မင်းကောင်းမင်းမြတ် ဆိုကတည်းက ဘာသာသာသနာကို ကာကွယ် စောင့်ရှောက်တဲ့ မင်းပေါ့။ ခုတော့ ဘုန်းကြီးဆွမ်း လောင်းရင်တောင် ထောင်ကျနိုင်သလား စိုးရိမ်နေရ တဲ့ဘ၀ပါ။

6 comments :

  1. timothy said... :

    အာဏာရှင်ကိုနောက်ဆုံးတော့လက်နက်ကိုင်တော်လှန်ရမှာဘဲ။
    လူထုအင်အားနဲ့ငြိမ်းချမ်းစွာဆန္ဒပြဘို့ကအဓိကနဲ့ပထမဆိုတာမှန်ပါတယ်။
    ယဉ်ကျေးသိမ်မွေ့ပြီးလူထုကိုလေးစား၊လူထုဆန္ဒကိုဦးရွက်ထားတဲ့၊
    လွတ်လပ်သောကမ္ဘာမှာတော့လူတွေတနိုင်ငံလုံးလမ်းပေါ်ထွက်၊စာတမ်းတွေဆိုင်းဘုတ်တွေနဲ့စည်တန်းလှည့်လည်ကြရင်ဘဲအစိုးရများယဉ်ကျေးစွာနဲ့ဘဲနောက်ဆုပ်ပေးရတာ၊ဒါကိုယဉ်ကျေးသိမ်မွေ့မှုလို့ခေါ်ပါတယ်။
    အခုခေါတ်မှာအရာရာကိုသဘောထားမကိုက်ညီလျင်
    စားပွဲခုံကိုသွားပြီးဆွေးနွေးဖြေရှင်းတဲ့အပေးအရူလုပ်တယ်။ဆွေးနွေးတယ်။
    ဟုတ်ပါတယ်။၁၃-၁၄ရာစုများကဆိုရင်တဖက်နဲ့တဖက်သဘောထားကွဲကြရင်၊
    လက်နက်ဆွဲကိုင်သတ်ဖြတ်၊ကြီးနိုင်ငယ်ညှင်းနည်းနဲ့ရက်ရက်ရောရောသတ်ကြတယ်၊လူအများကြီးသေကြတယ်။
    ပထမနဲ့ဒုတိရကမ္ဘာစစ်များမှာလဲသတ်ဖြတ်နည်းနဲ့၊အနုမြူဗုံးတွေနဲ့
    လူသန်းပေါင်းများစွာသေကြရတယ်။
    အာဏာရှင်ဂဒါဖီးကသူ့လက်မရွံ့သတ်ဖြတ်ရေးတပ်များကိုလွှတ်ပြီးဘင်ဂါဇီမြို့ကိုသူပုန်၊သူပုန်အားပေးလို့ဆိုပြီးတမြို့လုံးသွေးချောင်းစီးမီးလောင်တိုက်သွင်းမယ်လုပ်ကုန်တော့မှ၊လောကကြီးသောက်ကျိုးမနဲခင်၊လက်မတင်လေးမှာဘဲ၊
    လွတ်လပ်သောကမ္ဘာကလက်ပိုက်ကြည်မနေနိုင်လို့၊ဂဒ်ဖီးကိုဆုံးမ၊
    ဝိုင်းသမကုန်ပါပြီ။
    ဗိုလ်သန်းရွှေကတနိုင်ငံလုံးကိုအမှောင်ချပြီးရိုက်နေတော့တာဘဲ။
    ၁၄ရာစုစစ်ဘုရင်ရက်စက်၇မ်းကားသူများရဲ့ရုပ်ထုများကိုထောင်တယ်။
    မြို့သစ်တွေဆောက်ဂူတွေဖေါက်ပြီး၁၃ရာစုကနာမည်တွေလမ်းရပ်ကွက်အမည်တွေနဲ့ပဒေသရာဇ်ကျေးပိုင်ကျွန်ပိုင်ခေါတ်လိုပြန်အသက်သွင်းနေတာဘဲ။
    ဒီလိုအစွန်းရောက်ပြီး၁၃ရာစုကလိုသူနဲ့သဘောမတူရင်တုံးခတ်၊လည်ပင်းကိုတင်းပုတ်နဲ့၇ိုက်သတ်တဲ့၊အင်မတန်အဆင့်အတန်းနိုမ့်လွန်းတဲ့ဗိုလ်သန်းရွှေကို
    ငြိမ်းချမ်းစွာဆန္ဒပြရင်းအသတ်အဖြတ်အပေါင်းကိုရင်မြေကတုတ်စီး၊
    ဝိုင်းတိုက်ရင်းနောက်ဆုံးလက်နက်ကိုင်တိုက်ရတဲ့အဆင့်၊၁၃ရာစာအဆင့်ကို
    ကျုပ်တို့အားလုံးရောက်ကြရမယ်။
    ဗိုလ်သန်းရွှေလိုဦးဏှောက်ပျက်မူမမှန်တဲ့လူဆိုတာဒါးဒါးခြင်းချမယ်ဆိုမှလေးစားနားလည်တယ်မဟုတ်ပ်လား။
    ငြိမ်းချမ်းသောနည်းလမ်းကိုဘဲစွဲကိုင်ချင်သော်လဲဘဲ၊
    မလွဲမရှောင်သာ၊ဖက်ဆစ်စစ်ဘီလူးကိုတိုက်ထုပ်ဘို့ဆိုတာ၊
    အကြမ်းဘက်လက်နက်ကိုင်ကြရမယ်ဆိုတာကျုပ်တို့တဖြေးဖြေးနားလယ်လာပါပြီ။
    လူထုအားနဲ့ဘုံရန်သူဖက်ဆစ်သန်းရွှေကိုရရာလက်နက်စွဲကိုင်ပြီးတိုက်ထုတ်ကြပါစို့။

  1. Anonymous said... :

    Opps ...felt like an Opera ....after i read ..hoooooooo!!!

  1. Maung said... :

    ဘာလက်နက်နဲ့ တော်လှန်မှာလဲ၊ စိတ်ကူးယဉ်ဝါဒတွေကို စွန့် လိုက်ပါ။ ခေတ်အဆက်ဆက် လက်နက်နဲ့  တိုက်ပွဲဝင်ခဲ့ကြတဲ့  ပြည်ပြေး ၀ရမ်းပြေး တွေ အမြဲတမ်း ကျဆုံးနေတာကို သင်ခန်းစာယူပါ။ မြန်မာပြည်မှာ တိုင်းပြည်ရဲ့  စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ စတဲ့  အရေးကိစ္စတွေကြောင့် အလုပ် များနေတုန်းကတောင် မြန်မာ့တပ်မတော်ရဲ့  အနားတောင် မကပ်ရဲခဲ့တဲ့  ဒီမို အာပြဲတွေ ခုဆိုရင်ပိုပြီးတော့ အလှမ်းဝေးသွားပြီ။ နိုင်ငံတော်ကာကွယ်ရေးအတွက် အမြဲတမ်းလေ့ကျင့်၊ နိုးကြား၊ ခေတ်မီနေတဲ့  မြန်မာ့တပ်မတော်ကို လက်နက်နဲ့  တိုက်မယ်ဆိုတော့ တကယ်ကို ရယ်ရ တယ်ဗျာ။

  1. Anonymous said... :

    မင်းတို့ တပ်မတော်ခောတ်မှီလား မမှီလား မင်းတို့ အသိဆုံးပါ မျက်မှန်စိမ်းတပ်ပြီး မြက်ခြောက်ကျွေးခံထားရတဲ့ မြည်းအ တွေလိုမနေကြပါ နဲ့ ၊ မင်းတို့ ခု ၀တ်ထားတဲ့စစ်ဝတ်စုံကိုပဲ ပြန်ကြည့်ပါ မင်းတို့ စားနေရတဲ့ အစားစာကို ပဲ ပြန်ကြည့်ပါ။ အဲ မင်းက ခိုးဆိုးလုယက်ပြီး ချမ်းသာနေရင်တော့ ဘယ်သိမှာလဲ ငတ်ပြတ်ပြီး မိန်းမ ပြည့်တန်ဆာ ဖြစ်နေတဲ့ စစ်သားတွေ အများကြီးကွ။

  1. Anonymous said... :

    @"နိုင်ငံတော်ကာကွယ်ရေးအတွက် အမြဲတမ်းလေ့ကျင့်၊ နိုးကြား၊ ခေတ်မီနေတဲ့  မြန်မာ့တပ်မတော်ကို လက်နက်နဲ့  တိုက်မယ်ဆိုတော့ တကယ်ကို ရယ်ရ တယ်ဗျာ။ "
    ဟာသ ဘဲ .. နိုင်ငံတော်ကာကွယ်ရေးအတွက် ?? နိုင်ငံတော် ကို ဘယ်လိုကာကွယ်နိုင် မှာလည်းကွာ .. တရုတ် ကုလားပြည်တွေ အသာထား .. ထိုင်း နဲ့ ဘင်းဂလားတောင် မင်းတို့ လက်တွေ့မှာ မယှဉ်နိုင်ဘူး ..အမြဲတမ်းလေ့ကျင့်၊ နိုးကြား၊ နေတယ် ဆိုတာ ပြည်သူတွေကို သတ်ဖို့ နှိပ်ကွပ်ဖို့ဆိုတာ မင်းဦးနှောက် ရှိရင် သိမယ် ငတ..
    ထွမ်

  1. Anonymous said... :

    Maung...

    မင်းကိုမင်း တပ်ထဲကကောင်ဆိုပြီး ထမီလေဟပ်မနေနဲ့ကွ...

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved