ကဗျာဆန်ဆန် စစ်မှန်တဲ့ အချစ်ဇာတ်လမ်းလေး
Wednesday, April 27, 2011
(Photo: The Dailybeast)
၂၉.၄. ၂၀၁၁ ရက်မှာ ကျင်းပတော့မယ့် တော်ဝင်မင်းသား ဝီလျံ (Prince William) နဲ့ ကက်သရင်း မစ်ဒယ်လ်ဒန် (Catherine Middleton) တို့ရဲ့  တော်ဝင်လက်ထက်ပွဲ အကြောင်း နည်းနည်း ပြောချင်ပါတယ်။
ဗြိတိန်ထီးနန်းရဲ့  ဒုတိယမြောက် အိမ်ရှေ့ စံမင်းသား ဝီလျံ (၂၈ နှစ်) ဟာ ဗြိတိန် ဘုရင်မကြီး ဒုတိယမြောက် အဲလိဇဘက် (Queen Elizabeth II) ရဲ့ မြေးအကြီးဆုံး၊ အိမ်ရှေ့ စံ မင်းသားကြီး ချားစ် နဲ့ မင်းသမီး ဒိုင်ယာနာ တို့ရဲ့ သားနှစ်ယောက်အနက်မှာ အကြီးဆုံးသားဖြစ်ပါတယ်။ အခု
တွဲဖက် လေယာဉ်မှူး (Co-Pilot) အဖြစ် တော်ဝင်လေတပ်ရဲ့ ရှာဖွေ ကယ်ဆယ်ရေး ရဟတ်ယာဉ်အုပ်စုမှာ တာဝန်ထမ်းဆောင်နေပါတယ်။
ကိတ် မစ်ဒယ်လ်တန် (၂၈ နှစ်) ကတော့ သမားရိုးကျ မိဘများ ဖြစ်ကြတဲ့ လေယာဉ်မောင်၊ လေယာဉ်မယ် ဇနီးမောင်နှံမှ မွေးဖွားတဲ့ မွေးချင်းညီအစ်မ သုံးယောက်ထဲမှ သမီးအကြီးဆုံး ဖြစ်ပါတယ်။ ကိတ်ဟာ ဖတ်ရှင် အမြင်ရှိသူလို့ ကျော်ကြားပါတယ်။ ကိတ်ရဲ့  အဝတ်အစားများဟာ ဈေးနှုန်းသင့်တင့်ပြီး အလွန်ကြည့်ကောင်းတယ်လို့ ချီးမွမ်းခံရလေ့ရှိပါတယ်။ အရင်ကတော့ Jigsaw အဝတ်အစား ကုမ္ပဏီမှာ အဝယ်တော်လုပ်ခဲ့ပြီး အခုတော့ ကျွမ်းကျင်တဲ့ ဓာတ်ပုံဆရာ တစ်ယောက်ဖြစ်ဖို့ ကြိုးစားနေတဲ့သူလေးပါ။
သူတို့ ချစ်ဇာတ်လမ်းစခဲ့တဲ့နေရာက ဒီလိုပါ။ Love Story In St. Andrews လို့ ပြောရမလားပဲ။ ၂၀၀၁ တုန်းကပေါ့။ St. Andrews ကျောင်းတော်ကြီးမှာ သူတို့တွေ စတွေကြတာပါ။ သူတို့နှစ်ယောက်ဟာ ပထမတော့ သူငယ်ချင်းအဖြစ်နဲ့ တနှစ်ခွဲလောက်နေခဲ့ကြပါတယ်။ နောက်တော့ သူငယ်ချင်းအချစ်ထက် ပိုလာပြီး ရယ်စရာ ပျော်စရာလေးတွေနဲ့ စိတ်တူကိုယ်တူ သံယောဇဉ် တွယ်လာခဲ့ကြပါတယ်။ ကိတ် မစ်ဒယ်လ်တန်က စတက်နောက်တတ်တဲ့ ဟာသဉာဏ်ရွှင်ပြီး မင်းသား ဝီလျံကလည်း ရွတ်နောက်နောက် နေတတ်တော့ ပျော်ရွင်ခဲ့ကြပါတယ်။
ကျောင်းသားဘဝမှာ မင်းသား ဝီလျံက တိုက်ခန်းတခန်းကို တခြားကျောင်းသားများနဲ့ အတူတူ ရှယ်ငှားနေထိုင်ကြပြီး ဝီလျံက မချက်တက် ချက်တတ်နဲ့ ချက်ပြုတ်ကျွေးလေ့ရှိတယ်လို့ ကိတ် က ပြောပြလေ့ရှိပါတယ်။
၂၀၀၇ နောက်ပိုင်းမှာ သူတို့နှစ်ယောက် ခေတ္တပြတ်စဲခဲ့ကြတယ်လို သတင်းတွေထွက်ခဲ့ပါတယ် နောက်မှ မင်းသား ဝံလျံက အချစ်စစ်ကို ပြန်လည်တမ်းတမိကာ တကြော့ပြန်ချစ်သူတွေ ဖြစ်ခဲ့ပါတယ်။
ထိုနောက် ၂၀၁၀ နှစ်ကုန်ပိုင်းလောက်မှာ မင်းသား ဝီလျံ က စီစဉ်ပြီး အားလပ်ရက် အပမ်းဖြေခရီးအဖြစ် သူငယ်ချင်းများကိုခေါ်ဆောင်သွားခါ အာဖရိကား ကင်ညာနိုင်ငံ ကို အပန်းဖြေခရီးထွက်စဉ် ကိတ် ကို နေရာကောင်းကောင်းတစ်ခုမှာ လက်ထက်ခွင့် ကို တောင်းခဲ့ခြင်းဖြစ်ပါတယ်။ 
သူ လက်ထက်ခွင့် တောင်းပုံလေးကတော့ ဝံလျံဟာ သူ့မိခင် ဒိုင်ယာနာ ကို သူ့ဖခင် အိမ်ရှေ့ စံ ချားစ်မင်းသားပေးခဲ့တဲ့ နီလာကို စိန်ချယ်ထားတဲ့ ဘိုးဘွားပိုင် လက်စွပ်ကလေး ကို ကိုယ်နှင့်တစ်ပါတည်း သုံးပါတ်ခန့် ကျောပိုးအိပ်ထဲမှာ ဘယ်သွားသွားယူဆောင်သွားပြီး အခွင့်အခါကောင်း အချိန်ကောင်း နေရာကောင်းကို စောင့်ခဲ့ပြီး လက်ထပ်ခွင့်တောင်းခဲ့တာပါ။ 
ကိတ် ကတော့ လက်ထပ်ခွင့်တောင်းလိမ့်မယ်လို့ မထင်ထားပါဘူး။ "ကျွန်မလုံးဝ အံ့အားသင့်သွားတယ်။ အရမ်းလည်း ရင်ခုန်မိပါတယ်။ အဲဒီ အချိန်ကလေး က အရမ်းကို ကြည်နူးစရာကောင်းပါတယ်” လို့ ကိတ်က ပြောပါတယ်။
ကြီးကျယ်ခန်းနားတဲ့ ဒီ တော်ဝန် လက်ထပ်မင်္ဂလာပွဲကို Westminster Abbey မှာ ကျင်းပမှာကို youtube channel link လေးမှာ တိုက်ရိုက်ကြည့်လို့ရပါလိမ့်မယ်။
ဒါကတော့ Royal Wedding Invitation
ဒါကတော့ VOA မြန်မာပိုင်းက တင်ဆက်ထားတာ
By - TG
Ref: BBC MOBI-GINO (မိုဘီ ဂျီနို)
22 comments :
  1. Anonymous said... :
    ကိုယ့်နိုင်ငံကို ကျွန်ပြုခဲ့တဲ့သူတွေအကြောင်းကို အဲ့လောက်ကြီးလဲ စာဖွဲ့နေစရာမလိုပါဘူးဗျာ
  1. Anonymous said... :
    ဟုတ်ပါတယ်..အဲလောက်စာဖွဲ့ပြမနေပါနဲ့ ရွံစရာကောင်းပါတယ်...ကိုယ့်နိုင်ငံကို ကျွန်ပြုခဲ့သူတွေပါ။။
  1. Anonymous said... :
    ခုလည်းအဲဒီနိုင်ငံကိုသွားပြီးကျွန်ခံချင်လွန်းလို့တန်းစီးနေရတာဘဲမဟုတ်လား....အရင်ကကျွန်...အခုလည်းကျွန်ဘာထူးလဲ....
  1. myonaing said... :
    ဒိုင်ယာနာ နဲ့ ချားလ်စ် တို့ရဲ့ဇာတ်လမ်းအစပိုင်းတုန်းကလည်း ဒီလိုပါဘဲ
  1. Anonymous said... :
    hote tae byar ...Po ko po lunn tae !!!
  1. Anonymous said... :
    အဲဒီစိတ်ဓါတ်ကြောင့်မတိုးတက်တာဘဲ. ကျွန်ပြုခဲ့သူဆိုပေမယ့် သူတို့ ဘာတိုးတက်နေသလဲ ဘာ့ကြောင့်တိုးတက်သလဲဆိုတာအတုယူပြီးကြိုးစားမှ နောက်တစ်ကြိမ် ကျွန်ဘ၀ပြန်မရောက်မှာပေါ့... အတွေးနုလှပါလား....
  1. Onlinepaperboi said... :
    အပေါ်ကတစ်ယောက် racist ဖြစ်ရတာ ကောင်းတယ်ထင်နေလို့လား?
  1. >>>ကိုယ့်နိုင်ငံကို ကျွန်ပြုခဲ့တဲ့သူတွေအကြောင်းကို အဲ့လောက်ကြီးလဲ စာဖွဲ့နေစရာမလိုပါဘူးဗျာ <<<
    အဲဒီမှာ စတွေ့ တော့တာပါပဲ :D
  1. Anonymous said... :
    အဲဒီ သောက်အစွဲတွေကြောင့် မင်းတို့ကို နေဝင်းနဲ့ သန်းရွှေ ကျွန်ပြုနေတာလေ ... စဉ်းစားပေါ့
  1. Anonymous said... :
    မင်းတို့ စစ်ကျွန် အကြောင်းကို ပဲ စာဖွဲ့ ရေးပေးရမယ့်ပေါ့?
  1. Anonymous said... :
    They've robbed all over the world, including Burma. They are the true robbers.
  1. Anonymous said... :
    ကိုယ့်နိုင်ငံကို ကျွန်ပြုခဲ့တဲ့သူတွေအကြောင်းကို အဲ့လောက်ကြီးလဲ စာဖွဲ့နေစရာမလိုပါဘူးဗျာ ......
    When my country'd been got that insane people who have had above stupid idea, opinon, belife,and notion, we still would be stone age.
  1. Anonymous said... :
    ကျွန်ပြုတဲ့ဟာကလေ ကိုယ်လည်းဘဲ အင်အားကြီးလာရင် သူများကိုမပြုဘူးပြောနိုင်လား။ ဥပမာ ထိုင်းလူမျိုးတွေကို ဗမာတွေကျွန်ပြုခဲ့တာရော စဉ်းစားမိလား။ နောက်တစ်ချက်က ဒီလောက် ကျဉ်းမြောင်းသေးသိမ်နေတာ ရှက်စရာလိုမြင်တယ်၊ အမုန်းတရားတွေရှိနေစရာမလိုပါဘူး။ ကိုယ့်အလှည့်ရောက်လာရင် စံနစ်ဆိုးကိုဘဲ မကျင့်သုံးမိအောင်ဘဲ တရားမျှတစွာနေတတ်အောင် အဓိကကျမယ်ထင်ပါတယ်။
  1. Anonymous said... :
    ဟုတ်တယ်.. အဲဒီ အင်္ဂလိပ်တော်ဝင် မိသားစုတွေရဲ့ အရှုပ်ထုတ်ဇယားတွေ သတင်းလုပ်ရေးကြတာ တောင်ညင်ကတ်တယ်..
  1. mungmaw said... :
    ထာဝရပျော်ရွင်နိုင်ပါစေဗျာ...
  1. Anonymous said... :
    အဲဒါဆို မင်းအင်္ဂလိပ်စာမသင်ပဲ ကြီးပြင်းတဲ့ကောင်ပေါ့ ဟုတ်လား
  1. shwethee said... :
    ဆွေးမြေ့ ခောတ်နောက်ပြန်ဆွဲနေတဲ့နယ်ချဲ့ တို့ ၊အမျိုးသားရေးတို့ အကြောင်းတွေးနွေးချင်ရင်ပြည်တွင်းကသတင်းစာတွေကပ်ဖားရပ်ဖားဂျာနယ်တွေမှာသွားဆွေးနွေးကြပါဗျာ..
    ကျွန်ပြုတဲ့သူတွေကိုစိတ်နာနေမဲ့အစား၊ ဘာကြောင့်ကျွန်ပြုခံခဲ့ရတာလဲပြန်သုံးသပ်ကြရင်အကျိုးမရှိပေဘူးလား၊
    ပြောကြကြေးဆိုရင်..မြန်မာဘုရင်တွေ၊ယိုးဒယားကိုအနိုင့်အထက်အကြိမ်ကြိမ်ကျူးကျော်၊ လူသတ်၊ ဘုရားတွေမီးရှို့ ၊မြို့ ဖျက်၊သူများအရှင်သခင်ကို မြန်မာဘုရင်စီးတဲ့ဘီရိုလှည်းကိုမိသားစုလိုက်ဆွဲခိုင်းလိုဆွဲ.. ရခိုင်ဘုရင်ကိုအကျဉ်းချ..ပြောရင်မကုန်နိုင်ပါဘူး..
    ဘာကြောင့်ကျွန်ပြုခံခဲ့ရတာလဲပြန်သုံးသပ်ကြရင်..မြန်မာတွေညံလို့ ..ဘုရင်တွေအားအားတိုင်းစည်းစိမ်ခံ၊အနားကပ်နေတဲ့ကပ်ဖါးရပ်ဖားတွေစကားနားထောင်၊ ပညာရှင်တွေကိုသတ်..အဲဒါတွေကြောင့်ကျွန်ဖြစ်ရတာနော်..
    ခေညတ်နောက်ပြန်မဆွဲချင်ကြပါနဲ့ ...
  1. shwethee said... :
    ဟိဟိ.....ဘဘကြီးရဲ့ သမီးတော်တွေနောက်ပေါက်ကနေမင်္ဂလာပွဲတက်ဖို့ ၊မြန်မာနိုင်ငံခြားရေးဝန်ကြီးဠာနကဗြိတိန်သံရုံးကိုအကူအညီတောင်းဆိုဘဲ..ကျွန်ပြုခဲ့တဲ့မင်းရဲ့မြစ်တော်မင်္ဂလာပွဲကိုဘဘကြီးသမွီးတော်ကဘာကြောင့်တက်ချင်ရတာတုံး..ဖြေကြစမ်းပါအုံးကိုမျိုးချစ်ကြီးတွေရဲ့ .....
  1. Anonymous said... :
    သူတို့လဲလူတွေထဲကလူပါပဲ.. ဘာမှပိုပြီးမထူးဆန်းပါဘူး..ကျွန်တော်တို့ပတ်
  1. Anonymous said... :
    ကျွန်စိတ်မှ မပျောက်သေးတာ အလကားပဲ သိထားတတ်ထားတဲ့ပညာတွေ
  1. shwethee said... :
    ကျွန်ပြုတဲ့ဟာကလေ ကိုယ်လည်းဘဲ အင်အားကြီးလာရင် သူများကိုမပြုဘူးပြောနိုင်လား။ ဥပမာ ထိုင်းလူမျိုးတွေကို ဗမာတွေကျွန်ပြုခဲ့တာရော စဉ်းစားမိလား။ နောက်တစ်ချက်က ဒီလောက် ကျဉ်းမြောင်းသေးသိမ်နေတာ ရှက်စရာလိုမြင်တယ်၊ အမုန်းတရားတွေရှိနေစရာမလိုပါဘူး။ ကိုယ့်အလှည့်ရောက်လာရင် စံနစ်ဆိုးကိုဘဲ မကျင့်သုံးမိအောင်ဘဲ တရားမျှတစွာနေတတ်အောင် အဓိကကျမယ်ထင်ပါတယ်။
    ဒီလိုစိတ်ထားနိုင်တာ..စိတ်ဓါတ်ခွန်အားမြင့်မြတ်သူတွေဘဲလုပ်နိုင်ပါတယ်..မြန်မာပြည်သူတွေကိုမျိုးချစ်စိတ်ဘန်းပြပြီးနယ်ချဲ့ တာတို့ ၊ကျွန်ပြုတာတို့ ပြောပြောနေတာဘာနဲ့ တူသလဲဆိုတော့..ငယ်ငယ်တုန်းကစလောင်းဖုံး၂ချပ်တီးရင်ကျားလာဆွဲလိမ့်မယ်လို့ လူကြိးတွေကပြောတာကိုသွားသတိရမိတယ်.. တခါမှလဲကျားလာမဆွဲပါဘူး၊ ဒါပေမဲ့ခလေးဘ၀တော်တော်ကြီးတဲ့အထိ၊အဲဒါကြီးကစွဲနေတာ...
  1. Anonymous said... :
    ကျွန်ပြုခံရတယ်လို့သတ်မှတ်ထားရင်လည်း သူတို့စကား (အင်္ဂလိပ်)စာမသင်ဘဲ ကိုယ့်ပြည်တွင်းမှာဘဲ နေရာမရဘဲ ချောင်ကပ်ပြီး တောင်းစားနေပေါ့.. အတွေးတိမ် အမြင်တိမ်လူကြီးတွေ၇ယ်..။ ဧရာဝတီဘလော့ဒ်ကလည်း သုတရသစုံပြီး.. ကျနော်တို့တွေနိုင်ငံတကာမှာဖြစ်ပျက်နေတာကို တင်ပြပေးနေတာကို အသုံးမကျတဲ့ အမြင်တွေနဲ့ မတွေးပါနဲ့ဗျာ..ခင်ဗျားတို့ဒီလိုတွေးနေလို့ဘဲ ကျနော်တို့နိုင်ငံကြီးမတိုးတက်တာပေါ့
Post a Comment
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved