FaceBook မှာ တွေ့ရတဲ့ မြန်မာပြည်ထောက်လှမ်းရေး

Sunday, April 3, 2011


ကမ္ဘာ့အတော်ဆုံး ထောက်လှမ်းရေးအဖွဲ့ရွေးတယ် တဲ့။ ဆန်ကာတင် သုးံဖွဲ့ ကျန်တယ်CIA ရယ်၊ FBIရယ်၊ မြန်မာစစ်ထောက်လှမ်းရေးရယ်

ဒိုင်အဖွဲ့က သူတို့ကို ဗိုလ်လုပွဲအနေနဲ့ တစ်ခု စမ်းသပ်လိုက်တယ်တောအုပ်တစ်ခုထဲ ယုန်တစ်ကောင် ထည့်လိုက်တယ်။ အဲဒီယုန်ကို သုံးဖွဲ့စလုံးက လိုက်ရှာရတယ်

ပထမဆုံး CIA ၀င်သွားတယ်
သူတို့က သူတို့ရဲ့နည်းတွေအတိုင်း လုပ်တယ်
တိရိစ္ဆာန် သတင်းပေးတွေကို နေရာအနှံ့ ချထားတယ် သစ်ပင်တွေကိုလည်း စပိုင် လုပ်ခိုင်းတယ်ဒါပေမယ့် လုံးဝ မတွေ့ဘူး။ ရှုံးတယ်။
အထူးစုံစမ်း ထောက်လှမ်းမှု ၃ လ အကြာမှာ ထွက်လာတဲ့ CIA ရဲ့ အစီရင်ခံစာမှာ "ဒီတောထဲမှာ ယုန် လုံးဝ မရှိဘူး" လို့ ရေးထားတယ်။


FBI ၀င်သွားတယ်...
သူကတော့ သူလုပ်နေကျအတိုင်း မြေလှန်ရှာတယ်။ ၂ ပတ်လောက်ရှာတယ်။
မတွေ့ဘူး
မတွေ့တဲ့ အဆုံးမှာ တောကို မီးရှို့ပစ်ခဲ့တယ်

း)) နောက်ဆုံးကျတော့ မြန်မာစစ်ထောက်လှမ်းရေးက ကော့ပက်ကော့ပက်နဲ့ဝင်သွားတာပေါ့
သိပ်မကြာပါဘူး။ မိလာတယ်
ဒါပေမယ့် ယုန်တော့မဟုတ်ဘူးဝက်ဝံတစ်ကောင်
ဝက်ဝံက လမ်းတစ်လျှောက်လုံး ဘာအော်လာတယ်မှတ်လဲ...

အမလေးဗျ... ကြောက်ပါပြီဗျ... ကျနော် ယုန်ပါခင်ဗျ... မနှိပ်စက်ပါနဲ့တော့.. ကြောက်ပါပီ.. ကျနော် ယုန်အစစ်ပါခင်ဗျ တဲ့

10 comments :

  1. Anonymous said... :

    ကြောက်ပါပြီခင်ဗျ ဆိုကတည်းက အနှိပ်စက်ခံရပြီး အတင်းအဓမ္မ မဟုတ်မတရားဝန်ခံခိုင်းတာပေါ့။ ဒါမှမဟုတ်လည်း သူတို့ဘောင်ခတ်ချင်လာတဲ့အခါ မတရားနည်းနဲ့ ၀န်ခံအောင် လုပ်ယူတာမျိုးပေါ့။ အိမ်ထဲ ဘိန်းပစ်ဖမ်းတာမျိုးလည်းလုပ်တတ်သေးတာလေ။
    ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ.. ဂျပန်ကင်ပေတိုင်ရှုံးအောင် အစစ်ဆေးကောင်းတဲ့ မြန်မာ့စစ်ထောက်လှမ်းရေး။ ဗိုလ်ချုပ်ခင်ညွန့်အပြုတ်မှာ သူတို့လဲ လှည်းနေလှေအောင်းမြင်းဇောင်းမကျန် ဆရာနဲ့အတူပါသွားကြလေတယ်။ ခု အသစ်ဖွဲ့ပြန်ဘီတဲ့နော်..။ ဘယ်လောက်စွမ်းမယ်တော့မသိ။

  1. Anonymous said... :

    I thought that was CIA in the original joke who torture and forced the rabbit to make false confessions.

  1. Anonymous said... :

    အရမ်းကို ထိမိတဲ့ ဟာသလေးပါ...

  1. Anonymous said... :

    ဘယ်ကလာ... ၀က်ဝံ က ယုံကို စားပစ်လိုက်လို့ ဖမ်းလာတာပါ...အရမ်းတော်တဲ့ ထောက်လှမ်းရေးတွေနော်...

  1. Anonymous said... :

    ဟာသ ကတော့ ကောင်းပါတယ်။
    ဒါပေမဲ့ တရုတ်ထောက်လှမ်းရေးမကောင်းကြောင်းလေးလည်း
    ထည့်ရေးပါအုံး။ တခါလာလည်း စီအိုင်အေ၊ အက်ဘီအိုင် ဘာညာ
    အာဏာရှင်နိုင်ငံက ထောက်လှမ်းရေးတွေ မကောင်းကြောင်းကိုမပြောတာ
    ကတော့ မရိုးသားမှုတွေများလား။ ကိုမင်းလူကဗျာလို
    အမေကျော်ဒွေးတော်မလွမ်းရပါဘူးတဲ့
    အဖေကျော် ပေါက်ဖေါ်လွမ်းရမယ် ဆိုပဲ
    ဟာသ တွေ သန့်ရှင်းကြပါစေ။

  1. Anonymous said... :

    ဟာသ ဦးနှောက်တော်တော်ကောင်းပါတယ် တော်တော်လေးရီရပါတယ် စကားမစပ် ရန်ကုန်မြို.တော်ဝန်ဘယ်သူဖြစ်သွားပြီလဲ သိပါကြပါသလားခင်ဗျာ သိရင်ပြောကြပါအုံး

  1. Anonymous said... :

    But U Khin Nyut Group is the best , because that time , appear problems are solve and peaceful to country people.
    Now , whatever appears , no solve and
    have dangers. So , i think U Khin Nyut group is better than another group.

  1. RED BEE said... :

    ဟာသလေးကောင်းပါတယ်။
    အပြစ်ပြောတာလဲလွယ်ပါတယ်။နိုင်ငံအပြင်ကပြောတာပိုလွယ်သေးတယ်
    အဓိကကျွန်တော်တို.တစ်ဦးချင်းစီက မွေးရာပါအခွင်.ထူးခံလူတန်းစားစရိုက်ကို စွန်လွတ်နိုင်ရဲ.လား
    မဖြစ်သင်.ဘူး မတရားဘူး ဒါပေမဲ.ငါတို.ကတစ်ခါထဲပါ။
    ဒီအစိုးရကိုမကြိုက်ဘူး၊ဒါပေမဲ.ငါ့ဦးလေးရဲ.မိန်းမရဲ.အကိုကဗိုလ်ချုပ်နော်
    ကျွန်တော်တို.မြန်မာက VIP ဆိုတာသိပ်ကြိုက်တာ

  1. Anonymous said... :

    ဟာသလေးတခု။ ရယ်ရမလိုလိုနဲ့ တော်တော်လေးခံစားရပါတယ်။
    ဒီလိုအဖြစ်အပျက်တွေနဲ့ လူပေါင်းဘယ်နှစ်ယောက်လောက်ခံစားသွားရပြီလဲစဉ်းစားမိရင်း
    မရီနိုင်တော့ပါ။

  1. tun said... :

    ပုံပြင်လေးမပြီးသေးပါ။..နောက်တနေ့တွင် မြန်မာစစ်ထောက်လှမ်းရေးမှ လွတ်လပ်သော သတင်းစာရှင်းလင်းပွဲကြီးတရပ်ကိုကြီးမှူးကျင်းပပြီး ထို-ယုံတဖြစ်လည်းဝက်ဝံအား မည်သို့မည်ပုံဖမ်းဆီးမိခဲ့ကြောင်းကို ... အထူးယုံစစ်ဆင်ရေးကာလအတွင်းထောက်လှမ်းရရှိခဲ့သော.. ကွင်းဆက်များ... အချိတ်အဆက်များ... သက်သေအထောက်အထားများ...မှတ်တမ်းမှတ်ရာများ... ပုံကြီးပုံငယ်များနှင့်တကွ..ရှင်းလင်းတင်ပြခဲ့ပါသည်။ တဖန် ယုံမဟုတ်ပါဟု တင်ပြငြင်းဆိုသူများကို လည်း "မိုးလုံးပြည့် မုသာဝါဒ" ဖြန့်ချီသူများ အနေဖြင့်စွပ်စွဲသတ်မှတ်ကာ ယုံအမှုနှင့်ချိတ်ဆက်ပြီး ဖမ်းဆီးခဲ့ပါသည်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved