UMFCCI ဥက္ကဋ္ဌ၊ ဒု ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးသစ်များ

Monday, April 11, 2011

ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ရဲ့ လစ်လပ်သွားတဲ့ ဥက္ကဋ္ဌ ရာထူးနေရာ အပါအ၀င် ဗဟိုအလုပ်မှုဆောင်၊ အလုပ်အမှုဆောင် စုစုပေါင်း ၁၃၀ နေရာအတွက် လျှို့ဝှက် မဲစနစ်ဖြင့် ဧပြီလ ၉ ရက်နေ့က တစ်ရက်တည်း အပြီးအပြတ် ရွေးချယ်ခဲ့ပါတယ်။

မဲစနစ်နဲ့ ရွေးချယ်မှာ ဆိုပေမယ့် ကြိုတင် ရွေးထားပြီး ဖြစ်တယ်ဆိုပြီး သတင်းတွေကလည်း ထွက်ပေါ်နေခဲ့ပါတယ်။ အရင်ဥက္ကဋ္ဌဖြစ်တဲ့ ဦးဝင်းမြင့်က အခု စီးပွား/ကူးသန်း ဝန်ကြီး ဖြစ်သွားပါပြီ။ Eleven News က သတင်းထဲမှာပဲ ရာထူးတွေအတွက် ရွေးချယ်ရာမှာ သမာသမတ်ကျဖို့ လိုတယ်ဆိုတာကို မီးမောင်းထိုးပြထားတာ ဖတ်ရပါတယ်။

ဥက္ကဋ္ဌ
ဦးဝင်းအောင်

ဒုတိယ ဥက္ကဋ္ဌများ
၁။ ဦးသောင်းတင်
၂။ ဦးဇော်မင်းဝင်း
၃။ ဒေါက်တာမောင်မောင်လေး
၎။ ဒေါက်တာမြဟန်
၅။ ဦးအောင်လွင်
၆။ ဦးလှမောင်ရွှေ
၇။ ဦးထွန်းအောင်

အထွေထွေ အတွင်းရေးမှူးနှင့် တွဲဖက် အထွေထွေ အတွင်းအရေးမှူးများ
၁။ ဒေါက်တာမျိုးသက်(အတွင်းရေးမှူး)
၂။ ဦးမြင့်စိုး(တွဲဖက်)
၃။ ဦးအေးလွင်(တွဲဖက်)
၎။ ဦးမိုးကျော်(တွဲဖက်)
၅။ ဦးမြင့်ဇော်(တွဲဖက်)
၆။ ဒေါ်ခိုင်ခိုင်နွယ်(တွဲဖက်)
၇။ ဦးအောင်ခင်မြင့်(တွဲဖက်)

Credit: Eleven News

1 comments :

  1. Anonymous said... :

    နောက်ဆုံးတော့ လည်း ဒီလူတွေပါဘဲ၊ အသစ် ထင်ရပေမယ့် နကိုကတည်း က ချယ်လှယ်နေကျလူတွေ ဘဲ...BVS ဘွဲ့ရသူက.ဒေါက်တာမြဟန်..နားမလည်တာက..ဘယ့်နှယ်က ဘယ်လို ဒေါက်တာ မျိုးသက် ဖြစ်ရပြန်တာလဲ..မြန်မာပြည် ဘုန်းကြီး တွေ ဆန်ဒ ပြ လမ်းလျှောက်တော့ UMF CCI အဆောက်အဦးထဲမှာ ဘုန်းကြီးတွေကို ရိုက်ဖို့ လူမိုက်တွေကို စု ပြီး ဒံ ပေါက် ကျွှေးထားတာ မျက်မြင် မြင်ခဲ့ဘူးတယ်..အင်း စီးပွား ဖြစ်မယ်ဆို ဘာ လုပ်ရ လုပ်ရ ထဲမှာ UMFCCI ထိပ်ဆုံးက ပါနေတာ ရှက်စရာ ဘဲ..ဒေါက်တာ မောင်မောင်လေး လည်း ဘုရား တရား တွေ ပြောပြီး ငွေ ၇ ရေး သာ ပထမ လုပ် နေမှာ မြင်ယောင်သေးတယ်...ကို မြဟန်ကတော့ သမီး တော် အမေရိကား ဆန်ဖရန် စစ်စကို မှာ ဖြုန်း ဖို့ ကြုံး ပေဦးတော့ ...ကောင်း ပါပေ့ နော်

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved