အလင်းနဲ့ ရေးတဲ့ ပန်းချီ

Thursday, May 19, 2011


အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သတင်းနှင့်ပြန်ကြားရေးဌာနနဲ့ ပြင်ပဓာတ်ပုံ အနုပညာရှင်များရဲ့ ပူးပေါင်းဆောင်ရွက်မှုအဖြစ် “အလင်းနှင့်ရေးတဲ့ပန်းချီ” (Sketching with Light) ဓာတ်ပုံပြပွဲကို ပထမဆုံးအကြိမ်အဖြစ် မေလ ၂၃ ရက်နေ့မှ မေလ ၂၅ ရက်နေ့အထိ NLD အဖွဲ့ချုပ် ဌာနချုပ်ခန်းမမှာ ကျင်းပမှာ ဖြစ်ပါတယ်။

လူငယ် အမျိုးသမီးဓာတ်ပုံပညာရှင် ၄ ဦး အပါအ၀င် ဓာတ်ပုံအနုပညာရှင် စုစုပေါင်း ၃၇ ဦးက သူတို့ရဲ့ လက်ရာတွေကို ခင်းကျင်းပြသမှာဖြစ်ပြီး ပြပွဲမှာ ရောင်းရငွေတွေကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးစီးဆောင်ရွက်နေတဲ့ NLD ရဲ့ လူမှုရေးလုပ်ငန်းများအတွက် လှုဒါန်းမှာ ဖြစ်ပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved