ရှပ်နီ ဆန္ဒပြပွဲ နှစ်ပတ်လည်

Thursday, May 19, 2011

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အစိုးရဆန္ဒပြပွဲတွေ တလကြာလုပ်ခဲ့ပြီး သွေးထွက်သံယို နှိမ်နင်းမှုများနဲ့ အဆုံးသတ်ခဲ့တဲ့ တနှစ်မြောက် နှစ်ပတ်လည်အဖြစ် သက်ဆင်ကိုထောက်ခံတဲ့ ရှပ်နီတွေဟာ ဆန္ဒပြပွဲတွေ ပြုလုပ်နေပါတယ်။

နှစ်ပတ်လည်နေ့ ဆန္ဒပြချီတက်ပွဲကို ရှပ်နီတွေက ငြိမ်းချမ်းစွာပြုလုပ်မယ်လို့ ဆိုပါတယ်။

မနှစ်က ဆန္ဒပြပွဲမှာ စုစုပေါင်း အရပ်သား၊ စစ်သားနဲ့ နိုင်ငံခြားသားများ အပါအဝင် လူ ၉၂ ဦး သေဆုံးခဲ့ပါတယ်။

အခု ဝန်ကြီးချုပ် အဖိဆစ်က လာမယ့် ရွေးကောက်ပွဲကို ဇူလိုင်လ အစောပိုင်းမှာ ပြုလုပ်မယ်လို့ ပြောထားပါတယ်။

(ဓာတ်ပုံ - ဧရာဝတီ)








0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved