ပြည်သူ့ဂုဏ်ရည်ဆု ဒေါ်ရှု ရ

Monday, May 16, 2011

(ဓာတ်ပုံ - Moe Kyaw/Facebook)

ပြည်တွင်းရှိ စေတနာ့ လူမှုဝန်ထမ်း လုပ်ဆောင်နေသူများအတွက် ရွေးချယ် ချီးမြှင့်တဲ့ ပြည်သူ့ဂုဏ်ရည်ဆုအတွက် ဆန်ခါတင် ၅ ဦးအနက် အကျဉ်းကျ သံဃာတော်နဲ့ သီလရှင်များကို ထောင်ဝင်စာ တွေ့ပေးနေတဲ့ ဒေါ်ရှုကို မဲအများဆုံးနဲ့ မနေ့က ရွေးချယ်လိုက်ပါတယ်။ နိုင်ငံပေါင်း ၄၀ က မဲဆန္ဒရှင် ၂ သိန်းခွဲကျော်က မဲပေးခဲ့ကြတယ်လို့ သိရပါတယ်။

ဧရာဝတီ ဝက်ဘ်ဆိုဒ်မှာ ဆောင်းပါးရှင် မင်းနိုင်သူ ရေးခဲ့တဲ့ ဒေါ်ရှုအကြောင်းကို ဒီနေရာမှာ ဖတ်နိုင်ပါတယ် ။ မနှစ်တုန်းကတော့ ပြည်သူ့ဂုဏ်ရည်ဆိုကို နာရေးကူညီမှု အသင်း (ရန်ကုန်) က ဦးကျော်သူက ရရှိခဲ့ပါတယ်။

မဲပေးခဲ့ကြတဲ့ စာရင်းဇယားများကို ပြည်သူ့ဂုဏ်ဆိုဒ်မှာ အောက်ပါအတိုင်း ဖော်ပြထားပါတယ်။

မဲပေးကြသည့် နိုင်ငံစုစုပေါင်း = ၄၀ နိုင်ငံ
စုစုပေါင်း လက်ခံရရှိသည့် မဲအရေအတွက် = ၂၅၀၂၂၈ မဲ
ပထမ မဲအများဆုံး ရရှိသူ - စုစုပေါင်းမဲ၏ ၄၃.၉၁ %
ဒုတိယ မဲအများဆုံး ရရှိသူ - ၂၅.၇၅ %
တတိယ မဲအများဆုံး - ၁၅.၃၆ %
စတုတ္ထ မဲအများဆုံး - ၁၀.၃၇ %
ပဉ္စမ မဲအများဆုံး - ၀.၃၉ % ဖြစ်ပါသည်။

ဆန္ဒမဲလာရောက်ပေးကြသည့် ဧည့်ပရိသတ် ၀င်ရောက်မှု အများဆုံး နိုင်ငံများမှာ -

၁။ အမေရိကန်ပြည်ထောင်စု - စုစုပေါင်းမဲ၏ ၄၁.၁၀ %
၂။ စင်ကာပူ - ၂၁.၈၆ %
၃။ ထိုင်းနိုင်ငံ - ၆.၄၆ %
၎။ ဂျပန် - ၃.၁၆%
၅။ ၾသစေၾတးလ် - ၃.၀၈ %
၆။ မြန်မာနိုင်ငံ - ၁.၁၃ %

8 comments :

  1. Anonymous said... :

    မဲကောက်နေမယ့်အစား အလှည့်ကျ ပေးလိုက်တာ ပိုမကောင်းဘူးလား။ဘာလို့လည်းဆိုတော့ အားလုံးက ကောင်းတဲ့အလုပ်လုပ်နေကြတဲ့သူတွေဆိုတော့ ဘယ်သူသာတယ် မသာဘူးဆိုတာ ဆုံးဖြတ်လို့မရဘူး။အားလုံးအတူတူပဲ။ဒီတော့ အားလုံးကို အလှည့်ကျစနစ်ပေးလိုက်တာ အကောင်းဆုံးပါပဲ။ဒီလူတစ်ယောက်တည်းကြည့်ပဲ မဲပေးရွေးချယ်နေရင်လည်း ကျန်တဲ့ အနစ်နာခံလုပ်နေတဲ့သူတွေတွက်လည်း နစ်နာတယ်မဟုတ်လား။ဒီတော့ အလှည့်ကျစနစ်သာ အကောင်းဆုံးပါ။

    မောင်

  1. Mu said... :

    သူ သူ ကိုယ်ကိုယ်..အရင် လိုချင်ကြမှာ ချည်း ဘဲ ..
    ဒါ ဆို..မောင် ..နောက်ဆုံး မှ ယူ...

  1. ko hinthar said... :

    မဖြူဖြူသင်းလိုလူကျတော.ဒီဆုမရပဲဒေါ်ရှုလိုမနေ.တစ်နေ.ကမှပေါ်လာတဲ.
    လူမှုဝန်ထမ်းကရတာတော.နည်းနည်းဆန်းနေသလိုပဲ။ ဒေါ်ရှုအကြောင်းဖတ်
    ရတာနဲ.လုပ်ဆောင်မှုတွေကမီဒီယာတွေမှာဒီလောက်ကြီးလည်းမတွေ.ခဲ.ရပါဘူး။

  1. Maung said... :

    ဒီဆုကိုမျှော်ကိုးပြီးလုပ်တဲ့လူမရှိလောက်ဘူးထင်ပါတယ်...
    ကိုယ်ကျိုးစွန့်ပြီးတကယ်လုပ်တဲ့သူတွေက အလိုလိုထင်ရှားလာမှာဘဲလေ..
    လျှပ်စစ်မီးလိုအလည့်ကျပေးတာတော့ မကောင်းဘူးလို့မြင်ပါတယ်..
    ဘာလိုလဲဆိုတော့...အားနာပြီးပေးရတာမျိုးမရှိတော့ဘူးပေါ့...

  1. အင်း.မောင်ပြောတာမှန်တယ်လို့ ဘဲထောက်ခံတော့မယ်နော်

  1. htike said... :

    အခုလိုကိုယ်ကျိုးမဖက်ပဲအနှစ်နာခံပြီးတော့တတ်နိုင်သမျှလိုက်လံ
    ကူညီပေးခဲ့တဲ့ အန်တီရှုလိုလူတွေများများရှိရင်သိပ်ကောင်းမှာပဲခင်
    ဗျာ...ယုံကြည်ချက်ကြောင့်နိုင်ငံရေးလှုပ်ရှားသူသံဃာတော်၊သီလ
    ရှင်၊လူအများကိုယ် တတ်နိုင်သမျှလိုက်လံကူညီပေးနေတဲ့အန်တီ
    ရှုအား လေးစားဂုဏ်ယူမိပါတယ်..ဒီထက်မကကူညီပေးနိုင်ပါစေ
    လိုဆုတောင်းပေးလိုက်ပါတယ်...............

  1. Anonymous said... :

    attention: "Maung"

    Please obey voting, democracy, fair and square order.
    Do not submit SPDC's idea

  1. Anonymous said... :

    ဘယ်က ဒေါ်ရှုလည်း မကြားဘူးဖူး။ ဆုဆိုရင် ဒေါ်စုပဲ ရတယ်ထင်ရတယ်။ သတင်းခေါင်းစဉ်ရိုက်တာများ မှားသလားလို့။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved