မြန်မာ စာနယ်ဇင်းလောက စစ်တမ်း

Wednesday, June 1, 2011

အဖားဆုံး၊ တကိုယ်ကောင်းအဆန်ဆုံးနှင့် အထင်ပေါ်ချင်ဆုံးသော အယ်ဒီတာများ

၁။ မြတ်ခိုင် (လျှပ်တစ်ပြက်)
၂။ ကိုကို(စက်မှုတက္ကသိုလ်)(Flower News, Yangon Time)
၃။ ဒေါက်တာတင်ထွန်းဦး(ပြည်မြန်မာဂျာနယ်, Myanmar Times)
၎။ ဒေါက်တာတင်အောင်ရွှေ(ကနောင်)
၅။ ညိုသစ်ငယ်(ပေါ်ပြူလာ)

စစ်တမ်းအရ မြတ်ခိုင်မှာ အစိုးရကို အဖားဆုံးဖြစ်ပြီး ကျန်သူများမှာ အဖားမတိမ်းမယိမ်းများ ဖြစ်ကာ ကိုယ်ကျိုးအတွက် အလုပ်ဆုံးနှင့်
ထင်ပေါ်မည့် မည်သည်နေရာမဆို ဆရာဝင်လုပ်တတ်လေ့ ရှိသည်။ လူငယ်အယ်ဒီတာ ညိုသစ်ငယ် ဘာကြောင့် ပါဝင်လာသည်ကို
အတည်ပြုချက် ယူခဲ့ရာ သူသည် လုပ်ငန်းခွင်တွင် ပိုင်ရှင်ကို အဖားနိုင်ဆုံးဖြစ်ကြောင်း၊ သူ့လက်အောက်ဝန်ထမ်းများ၏ ပြောဆိုချက် များအရ အခိုင်အမာ သိရသည်။

အတင်းအပြောဆုံး၊ စကားအလွယ် အပြောဆုံးနှင့် စကားမလုံဆုံးသော အယ်ဒီတာများ

၁။ အောင်စိုးသူ (First news)
၂။ ဟိန်းလတ် (Asian Fame Media Group)
၃။ ကျော်သီဟ(ဟင်္သာတ)( Health Care)
၎။ ချစ်မောင်(အ၀ကျွန်း) (ရုပ်ရှင်တေးကဗျာ)
၅။ တူးတူးမြင့်သိန်း(အလင်္ကာဝတ်ရည်)

စစ်တမ်းအရ အောင်စိုးသူသည် မိမိမှန်သလို လောကနီတိ စကားများပြောကာ အယုံသွင်းလေ့ရှိပြီး ပင်ကိုယ်ကမူ သူများ မကောင်း မိမိသာကောင်း အယူအဆဖြင့်ရပ်တည်ကာ မည်သည့်အတွင်းစကားမျှ စိတ်ချရသူ မဟုတ်ကြောင်းနှင့် ကျန်သူများမှာလည်း စကားကို မိမိကသာ အမှန်ပြောသယောင်ဖြင့် ပြင်ပမည်သည့်နေရာတွင် မဆို စကားကို အလွယ်တကူ တစ်ဖက်သား နစ်နာအောင် ပြောတတ်သူများ ဖြစ်ကြောင်း အခိုင်အမာ တွေ့ရှိရပါသည်။

ဆက်ဆံရေး အပြေပြစ်ဆုံး၊ လက်အောက်ငယ်သားအပေါ်အမျှတဆုံး၊ နားအလည်ဆုံးနှင့် လူချစ်လူခင်အများဆုံး အယ်ဒီတာများ

၁။ ၀င်းငြိမ်း(အလင်းတန်းနှင့် ရွှေအမြုတေ)
၂။ နီနီ(ဥပဒေ) (အချစ်)
၃။ နန်းအိအိဇာ (သရဖူ)
၎။ သျှီသူအောင်(ယခင်-ရတီ)
၅။ ဒေါက်ထွေး(ဆေး-မန်း)(Health Digest)
စစ်တမ်းအရ ဦးဝင်းငြိမ်းသည် စာပေအနုပညာနယ်နှင့် မိမိလက်အောက်ဝန်ထမ်းများအပေါ်တွင် အနုပညာသမားပီသစွာ
ဆက်ဆံအုပ်ချုပ်ပြီး သပ်သပ်ရပ်ရပ်အလုပ်လုပ်တတ်ကာ ၀န်ထမ်းများ အမှားရှိလျှင်လည်း နားလည်မှုရှိစွာ သွန်သင်ဆုံးမပြီး ခေါင်းအေးအေး နေထိုင်လေ့ ရှိသူဖြစ်သလို စာနယ်ဇင်းပါတ်ဝန်းကျင်တွင်လည်း မိမိအလုပ်မိမိလုပ်ကာ စကားအရှုပ်အရှင်း ကင်းကင်း နေထိုင်ရင်း စာပေသမားများ၊ စာနယ်ဇင်း ကြီးငယ်တို့အကြား နွေးထွေး အေးချမ်း ပျော်ရွှင်စွာ နေထိုင်သူဖြစ်သည်။

ကျန်သူများသည်လည်း အထက်ပါ အရည်အချင်းများနှင့် ကိုက်ညီပါသည်။

အဆိုပါစစ်တမ်းများသည် ပြည်တွင်းပြည်ပ စာပေအနုပညာသမားများ၊ စာနယ်ဇင်းများနှင့် သူတို့နှင့်ဆက်စပ်ပတ်သက်သူများစွာ၏
သတ်မှတ်ချက်များဖြစ်ပြီး မဲအရေအတွက်အရ အစဉ်လိုက်ဖော်ပြပေး လိုက်ခြင်းသာ ဖြစ်သည်။

ဆက်လက်၍ တခြားစစ်တမ်းများ ကောက်ယူမှုပြီးဆုံးပါက ထပ်မံတင်ပြပေးပါဦးမည်။

ပြည်တွင်းစာနယ်ဇင်းသမားတဦး စစ်တမ်းကောက်ယူ ပေးပို့သည်

10 comments :

  1. Anonymous said... :

    Congratulations Saya U Win Nyein.

    Tmoe

  1. maung aya said... :

    Congratulations Aunty Ni Ni

  1. Anonymous said... :

    အမေရိကန်မှာရုပ်ရျင်အထူးချွန်ဆုံးသူတွေကို အော်စကာဆု ချီးမြှင့် သလို ၊ အညံ့ဆုံး ရုပ်ရှင်တွေအတွက်လည်း ရွှေအုန်းပင် ဆုချီးမြှင့်သည်ဟုမှတ်သားဖူးပါသည်၊
    မြန်မာပြည်မှ စာနယ်ဇင်းသမားများအတွက် အဖားဆုံးဆုအဖြစ် ရွှေဖားဆု ၊ ရွှေတောက်တဲ့ဆုများ
    တည်ထွင်ဆုပေးမည်ဆိုလျင် ငြင်းမည်သူ၇ှိလိမ့်မည်မထင်

  1. Anonymous said... :

    Irrawaddy .. သူများကိုကျ ကွန်မန့်ပေးရင် အဖြတ်လေး အတောက်လေးနဲ့ လုပ်ပေးပါတဲ့။ သူ့ပို့စ် ကတော့ တော်တော် အဖြတ်အတောက် ကောင်းတယ်။ ဖတ်ရတာ ရှင်းလို့ အချို့စာကြောင်းတွေက တဝက်နဲ့တင် နောက်တကြောင်း ရောက်သွားတယ်။

  1. Anonymous said... :

    ရွှေဖားနဲ့ ရွှေတောက်တက်ကို စိတ်ဝင်စားတယ် ဗျ...။

  1. Anonymous said... :

    ကောင်းပါသည်။ ဆရာဝင်ငြိမ်း သည် ပြည်သူအပေါ်အမြဲ ရပ်တည်ပေးစေလိုပါသည်။
    စာနယ်ဇင်သမားများသည် မြတ်ခိုင်လို ဆံရှည်ထားပြီး
    ကိုယ်ကျိုး၊ ယုတ်မှာသူအဖြစ်ကို မမြင်လိုပါ။

  1. တ/ဥက္ကလာ ဖိုးတုတ် said... :

    အဖါးဆုံးဆုမှာ ဒေါက်တာမတင်ဝင်း မပါသေးဘူးနော်
    အံ့ပါရဲ့ ဒီလောက် ဖါးပေးထားတာတောင် လူတွေကမေ့
    နေကြသေးတယ်

  1. Anonymous said... :

    ပြည်ပ အခြေစိုက် မြန်မာမီဒီယာ တွေကြား အယ်ဒီတာ၊ အယ်တီတာချုပ် များရဲ့  သတင်းထောက်တွေ အပေါ် ဆက်ဆံရေး နဲ့  ဘယ်လို abuse လုပ်ကြပုံတွေ ကို ကော စစ်တမ်း တယောက်ယောက် က ကောက်ကြည့်ရင်ကော....

  1. Anonymous said... :

    ဟားဟားဟား.... ငါသိပြီ... ငါသိပြီ... ဒီလိုကိုးကွ....

  1. Anonymous said... :

    အလို..မောင်ဟိန်းလတ်က ပေါ်ပြူလာကနေ asian fame မီဒီယာကိုရောက်သွားပြီပေါ့

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved