လပြည့်ဝန်းသို့ တမ်းခြင်း ၎

Saturday, June 4, 2011


တေးရေးကိုနေ၀င်း ၆၀ ပြည့် မွေးနေ့မှာ ပါဝင်ဂုဏ်ပြုထားသူတယောက်က ရော့ခ်သီချင်းတွေဆိုတဲ့ သျှီ ( shetherocker.com ) ဖြစ်ပါတယ်။
ပထမဆုံး စီးရီး ဂန္ဓာရီ နဲ့ ဂီတလောကထဲ ရောက်လာသူပါ။

တဖြည်းဖြည်း အောင်မြင်လာတဲ့ သျှီက ၂၀၀၉ ဇန်နဝါရီ လမှာတော့ ရန်ကုန်မှာ တကိုယ်တော် စင်မြင့်ဖျော်ဖြေပွဲ ပြုလုပ်ခဲ့ပါတယ်။



ကြယ်ကြွေချိန်ညလေးတည

သျှီက အဲဒီ စတိတ်ရှိုးမှာ သီချင်း ၃ ပုဒ် ရွေးထားတယ် ဆိုပြီး သီချင်းတွေ မဆိုခင် ၁ မိနစ်ကျော်ကျော်လောက် စကားပြောပါသေးတယ်၊ သူဆိုလိုက်ရင်တော့ ဒီသီချင်းတွေ ပျက်သွားတော့မှာပဲ တဲ့။ (တကယ် ဆိုပြီးချိန်မှာတော့ သူပြောတာနဲ့ ဆန့်ျကင်ဘက်ပါပဲ၊ နားထောင်လို့ ကောင်းပါတယ်)
ဆိုပြီးချိန်မှာတော့ သူ ဘာကြောင့် ဒီ ကြယ်ကြွေချိန်ညလေးတည သီချင်းကို ရွေးဖြစ်သလဲ ဆိုတာကို ပြောပြသွားတာကို တွေ့ရမှာပါ။



ခတ္တာ

ခိုင်ထူးဆိုခဲ့ဖူးတဲ့ နာမည်ကြီးသီချင်းပါ။ ခိုင်ထူးပရိတ်သတ်များကတော့ သျှီရဲ့ ဆိုဟန်ကို ကြိုက်ချင်မှ ကြိုက်ပါလိမ့်မယ်။ ချီးကျူးစရာကောင်းတာက သျှီက သီချင်းကို စာသား အမှားအယွင်းမရှိ ဆိုသွားနိုင်တာပါပဲ။



နောက်ဆုံးအိမ်မက်

ဒီသီချင်း သံစဉ်က ကိုရဲလွင် လက်ရာ။

အဓိပ္ပာယ်ရှိလွန်းတဲ့ ဒီသီချင်းက ခပ်ပေါ့ပေါ့ ဆိုလို့ မဖြစ်ပါဘူး။
သီချင်း အစပိုင်းမှာ သျှီက ခံစားချက်ကို ကြိုးစားပြီး ထည့်နေရပုံပါပဲ။ တဖြည်းဖြည်းနဲ့ အဆင်ပြေသွားပါတယ်။ သီချင်းအဆုံးသတ်မှာ သူလုပ်သွားပုံက ရုတ်တရက် စီစဉ်လိုက်တာလား၊ တီးဝိုင်းနဲ့ ကြိုညှိထားတာလား ဆိုတာကိုတော့ သူတို့ပဲ သိနိုင်မှာပါ။
ဒီသီချင်းကိုကြိုက်တဲ့၊ ၀တ္ထုထဲ ထည့်ရေးဖူးတဲ့ စာရေးဆရာမကလည်း ရှေ့ဆုံးတန်းနားမှာ ရောက်နေပါတယ်။
ဒီစတိတ်ရှိုး နဲ့ ဒီသီချင်းအကြောင်းကို ဘလော်ဂါတယောက်က ရေးထားတာကိုလည်း သွားဖတ်သင့်ပါတယ်။
http://mawstwaymitwayyar.blogspot.com/2011/02/blog-post_656.html မှာပါ။



ဒီဘလော့မှာ တင်ခဲ့သမျှ ကိုနေ၀င်း အမှတ်တရ
လပြည့်ဝန်းသို့ တမ်းခြင်း ၁
လပြည့်ဝန်းသို့ တမ်းခြင်း ၂
လပြည့်ဝန်းသို့ တမ်းခြင်း ၃

6 comments :

  1. Anonymous said... :

    ဧရာဝတီကို ကျေးဇူးအရမ်းတင်ပါတယ်။ ဒီသီချင်းတွေကို မမှီခဲ့တော့ မသိခဲ့ပါဘူး၊ သိပ်ကောင်းပြီး အဓိပ်ပါယ် ရှိတဲ့သီချင်းတွေပါ။ မောင့်လပြည့်ဝန်းကိုလည်း ပြန်ပြီးနားထောင်ချင်ပါသေးတယ်ရှင်။

  1. Anonymous said... :

    နောက်ဆုံးအိပ်မက်ကို သျှီဆိုတာ ခိုင်ထူးဆိုတာထက် ပိုကြိုက်တယ်။ ဇော်ဝင်းထွဋ်ဆိုရင် ပိုကောင်းမယ်ထင်ပါတယ်။

  1. Anonymous said... :

    ဧရာဝတီကို ကျေးဇူးအထူးတင်ပါတယ်။ ဒီသီချင်းတွေကို မှီခဲ့တော့ ကိုခိုင်ထူး ကပိုကောင်းတယ် လို့ ခံစားမိပါတယ်။ ကိုနေ၀င်း ရေးတဲ့သီချင်းတွေ အကုန်ကောင်းပါတယ်၊ ကိုထီးဆိုင်၊ ကိုခင်မောင်တိုး၊ ကိုခိုင်ထူး တို့ နဲ့ ပိုလိုက်ပါတယ်။ ကိုခင်မောင်တိုး၊ ကိုခိုင်ထူး နဲ့ ကိုနေ၀င်း တို့ ရဲ့ သီချင်း တွေ လဲ တင်ပေးပါဦး

  1. Anonymous said... :

    ဧရာဝတီက မျက်နှာလိုက်လိုက်သလိုပဲဗျာ
    ကိုနေ၀င်းအကြောင်းဘယ်နှပို့ရှိနေပြီးလဲ
    အဖိုးကြီးသီချင်းတွေပဲပေးခံစားတော့မှာလား
    တခြားအနုပညာရှင်တွေလဲလုပ်ပါဦး
    အနုပညာအကြောင်းဖော်ပြတာ ကို့စိတ်ကြိုက်ကြီးပဲဖော်ပြတော့မှာလား
    ကျနော်တို့လူငယ်ပရိတ်သတ်လဲ ဧရာဝတီကိုအားပေးနေတယ်ဆိုတာမမေ့နဲ့ဦး
    ခုဟာက တခါလာလဲကိုနေ၀င်း၊တခါလာလဲ ကိုရဲလွင်နဲ့စိတ်မသက်သာလိုက်တာ
    ခုက စာရေးသူက ကိုနေ၀င်းနဲ့ကိုရဲလွင်အမျိုးလားထင်ရတယ်
    ကျနော်ဧရာဝတီဘလော့ကို ပင်မ၀က်ဆိုက်ထက်ပိုကြိုက်ပါတယ်
    ဖတ်ရတာပေါ့ပါးလို့
    အဆိုးမြင်ပြီးပြောတာမဟုတ်ဘူး
    ပရိတ်သတ်တယောက်အနေနဲ့ feed back ပေးကြည့်တာပါ

  1. Anonymous said... :

    very hard to sing this song.left and right tones are there.i like both singers (Ko Khine Htoo and She ).

  1. SWE Swe said... :

    ကိုရဲလွင် ကိုနေ၀င်း တို့နဲ့ လုပ်စားနေတာကို နားလည်ပေးလို့ ရပါတယ်၊
    ကိုရဲလွင် ကိုနေ၀င်းတို့ရဲ့ မာစတာ ဘရိန်းကို လေးစားနားလည်ပေးပါတယ်၊
    သူတို့ဟာ သာမန်တေးရေးဆရာတွေ မဟုတ်သလို အမှန်တကယ် တိုင်းပြည်အပေါ်မှာလဲ သစ်စာ ရှိသူတွေပါ။ သူတို့ ရေးချင်တာတွေ ရေးရဖို့ အတွက် ထောင်ဆိုတာကိုလဲ မကြောက်ခဲ့သလို အမှောင်ဆိုတာမျိုးကိုလဲ မမှုတဲ့သူတွေပါ။ ယုံကြည်ချက်မဟုတ်ရင် အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေဆီကလဲ ပိုက်ဆံယူပြီး ချပေးထားတဲ့ လမ်းကြောင်းကို လိုက်သူတွေ မဟုတ်ပါဘူး၊
    ဒါကို ပြည်သူတွေက ကောင်းကောင်းသိပါတယ်၊ ဧရာဝတီက အရောင်တင်ပေးမှ လက်တဲ့သူတွေ မဟုတ်ပါဘူး။ နောက်တချက်က သီချင်းတပုဒ်ကောင်းတယ်ဆိုတာ ပင်မ မွေးထုတ်ပေးလိုက်တဲ့ တေးရေးဆရာ ကောင်းဖို့အပြင် ပါဝင်သူတွေအားလုံးကောင်းမှ ရပါတယ်။ သီချင်းတပုဒ်ကောင်းဖို့ဆိုတာ တေးဆိုသူနဲ့ ဂီတဖန်တီးသူတွေလဲ ကောင်း ရပါတယ်။ သီချင်းရေး ဆရာ ကောင်းတိုင်းလဲ အောင်မြင်တဲ့ သီချင်းတပုဒ် ဖြစ်လာတာ မဟုတ်ဘူးဆိုတာ သိစေချင်တာပါ၊

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved