တေးရေးကိုနေ၀င်း ၆၀ ပြည့် မွေးနေ့မှာ ပါဝင်ဂုဏ်ပြုထားသူတယောက်က ရော့ခ်သီချင်းတွေဆိုတဲ့ သျှီ ( shetherocker.com ) ဖြစ်ပါတယ်။
ပထမဆုံး စီးရီး ဂန္ဓာရီ နဲ့ ဂီတလောကထဲ ရောက်လာသူပါ။
တဖြည်းဖြည်း အောင်မြင်လာတဲ့ သျှီက ၂၀၀၉ ဇန်နဝါရီ လမှာတော့ ရန်ကုန်မှာ တကိုယ်တော် စင်မြင့်ဖျော်ဖြေပွဲ ပြုလုပ်ခဲ့ပါတယ်။
ကြယ်ကြွေချိန်ညလေးတည
သျှီက အဲဒီ စတိတ်ရှိုးမှာ သီချင်း ၃ ပုဒ် ရွေးထားတယ် ဆိုပြီး သီချင်းတွေ မဆိုခင် ၁ မိနစ်ကျော်ကျော်လောက် စကားပြောပါသေးတယ်၊ သူဆိုလိုက်ရင်တော့ ဒီသီချင်းတွေ ပျက်သွားတော့မှာပဲ တဲ့။ (တကယ် ဆိုပြီးချိန်မှာတော့ သူပြောတာနဲ့ ဆန့်ျကင်ဘက်ပါပဲ၊ နားထောင်လို့ ကောင်းပါတယ်)
ဆိုပြီးချိန်မှာတော့ သူ ဘာကြောင့် ဒီ ကြယ်ကြွေချိန်ညလေးတည သီချင်းကို ရွေးဖြစ်သလဲ ဆိုတာကို ပြောပြသွားတာကို တွေ့ရမှာပါ။
ခတ္တာ
ခိုင်ထူးဆိုခဲ့ဖူးတဲ့ နာမည်ကြီးသီချင်းပါ။ ခိုင်ထူးပရိတ်သတ်များကတော့ သျှီရဲ့ ဆိုဟန်ကို ကြိုက်ချင်မှ ကြိုက်ပါလိမ့်မယ်။ ချီးကျူးစရာကောင်းတာက သျှီက သီချင်းကို စာသား အမှားအယွင်းမရှိ ဆိုသွားနိုင်တာပါပဲ။
နောက်ဆုံးအိမ်မက်
ဒီသီချင်း သံစဉ်က ကိုရဲလွင် လက်ရာ။
အဓိပ္ပာယ်ရှိလွန်းတဲ့ ဒီသီချင်းက ခပ်ပေါ့ပေါ့ ဆိုလို့ မဖြစ်ပါဘူး။
သီချင်း အစပိုင်းမှာ သျှီက ခံစားချက်ကို ကြိုးစားပြီး ထည့်နေရပုံပါပဲ။ တဖြည်းဖြည်းနဲ့ အဆင်ပြေသွားပါတယ်။ သီချင်းအဆုံးသတ်မှာ သူလုပ်သွားပုံက ရုတ်တရက် စီစဉ်လိုက်တာလား၊ တီးဝိုင်းနဲ့ ကြိုညှိထားတာလား ဆိုတာကိုတော့ သူတို့ပဲ သိနိုင်မှာပါ။
ဒီသီချင်းကိုကြိုက်တဲ့၊ ၀တ္ထုထဲ ထည့်ရေးဖူးတဲ့ စာရေးဆရာမကလည်း ရှေ့ဆုံးတန်းနားမှာ ရောက်နေပါတယ်။
ဒီစတိတ်ရှိုး နဲ့ ဒီသီချင်းအကြောင်းကို ဘလော်ဂါတယောက်က ရေးထားတာကိုလည်း သွားဖတ်သင့်ပါတယ်။
http://mawstwaymitwayyar.blogspot.com/2011/02/blog-post_656.html မှာပါ။
ဒီဘလော့မှာ တင်ခဲ့သမျှ ကိုနေ၀င်း အမှတ်တရ
လပြည့်ဝန်းသို့ တမ်းခြင်း ၁
လပြည့်ဝန်းသို့ တမ်းခြင်း ၂
လပြည့်ဝန်းသို့ တမ်းခြင်း ၃
ဧရာဝတီကို ကျေးဇူးအရမ်းတင်ပါတယ်။ ဒီသီချင်းတွေကို မမှီခဲ့တော့ မသိခဲ့ပါဘူး၊ သိပ်ကောင်းပြီး အဓိပ်ပါယ် ရှိတဲ့သီချင်းတွေပါ။ မောင့်လပြည့်ဝန်းကိုလည်း ပြန်ပြီးနားထောင်ချင်ပါသေးတယ်ရှင်။