ပြက္ခဒိန်

Friday, June 3, 2011

ဧရာဝတီ ၀ိုင်းတော်သားတယောက်ရဲ့ အလုပ်စားပွဲပေါ်က ပြက္ခဒိန်


ပြက္ခဒိန်မှာ ပုံက အဓိက ကျပါတယ်။ ပြက္ခဒိန် ၀ယ်သူ ၉၉% က ကြည့်ပျော်ရှုပျော်ရှိတဲ့ပုံ၊ ကိုယ်ကြိုက်တဲ့ပုံပါမှ အဲဒီ ပြက္ခဒိန်ကို ၀ယ်မှာပါ။
ပုံမှာ မြင်ရတဲ့ပြက္ခဒိန်ကိုတော့ အခမဲ့ဝေပါတယ်။
၂၀၁၀ မြန်မာပြည်မှာ မဲဆွယ်ကြပုံ နဲ့ ရွေးကောက်ပွဲရနံ့တွေပါတဲ့ ပြက္ခဒိန်ပါ။ i vote ဆိုတဲ့ပုံတောင် ပါသေး။

ဒီပုံတွေကြည့်ပြီး မတရားကျင့်မှု၊ ပျော်ပျော်ကြီး မတရား ကျင့်ခံမှု၊ ကြိုတင်မဲ ဆိုတာတွေ စိတ်ကူးထဲ ပေါ်လာတယ်၊ ဒါကြောင့် ချစ်စရာကောင်းတဲ့ နှုတ်ခမ်းနီမလေးတွေပုံကို ပရင့်အောက်ပြီး ကပ်ထားလိုက်တာပါ တဲ့။ စိတ်ညစ်စရာ နိုင်ငံရေးပုံရိပ်တွေကို အမြဲ ကြည့်နေရတာထက် ဒီပုံတွေနဲ့ပဲ ကိလေသာ ပွားများတာ ပိုကောင်းမယ်လို့ ဆိုတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved