ဖိလစ်ပိုင်မှ ကမ္ဘာ့ အပုဆုံးလူသား

Monday, June 13, 2011

ကိရိယာမျိုးစုံဖြင့် အရပ်တိုင်းနေပုံ (ဓာတ်ပုံ - AP)
ကမ္ဘာ့အပုဆုံး လူသားလေးဟာ ဖိလစ်ပိုင်ရှိ ဆင်ရဲနွမ်းပါးတဲ့ မိသားစုလေးမှ ဆင်းသက်လာပြီး မကြာသေးမီရက်များမှာ အသက် ၁၈ နှစ် ပြည့်ခဲ့ပါတယ်။

ဘလောရင်း မွေးနေ့ (ဓာတ်ပုံ - AP)

သူ့ရဲ့  လက်ရှိအရပ်ကတော့ ၂၃.၆ လက်မ (59.93 cm) နဲ့ ကမ္ဘာ့အပုဆုံး Guniness World Records certificate ကို သူရဲ့  မွေးနေ့မှာ လက်ခံရရှိခဲ့ပါတယ်။

(ဓာတ်ပုံ - Reuters)

သူ့နာမည်ကတော့ ဘလောရင်း (Mr Balawing) ဖြစ်ပြီး ယခင် ကမ္ဘာ့အပုဆုံး နီပေါ နိုင်ငံသား Mr. Khagendra Thapa Mager ထက် 7 cm ပိုပုပါတယ်။

သူဟာ အသက် နှစ်နှစ်မှာ ကြီးထွားနှုန်း ရပ်တန့်သွားတယ်လို့ သူ့အဖေက ပြောတယ်။ မွေးချင်း ၄ ယောက် ရှိတဲ့အနက် ကျန် ၃ ယောက်မှာ သာမန်လူများလို ကြီးထွားကြပြီး မောင်ဘလောရင်း ကျမှ ဘယ်လိုဖြစ်သွားသည် ဆိုတာကို ဆရာဝန်များကိုယ်တိုင် အဖြေရှာ မတွေ့ကြသေးပါဘူး။

စေတနာရှင်များနဲ့ နိုင်ငံရေးသမားများပါ မကျန် သူ့ကို ပိုက်ဆံတော်တော်များများ လှူဒါန်းခဲ့ကြတယ်လို့ AFP သတင်းတပုဒ်က ဖော်ပြထားပါတယ်။

TG

မူရင်း ။ ။ BBC: Philippines man crowned world's shortest

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved