စင်ကာပူ ရောက်ရင် တွေ့ရတာကတော့ i pod, i pad ကွန်ပျူတာ ပိစိ ကိုယ်စီနဲ့ စလုံးတွေပါပဲ။ ရထားပေါ်မှာ ကားပေါ်မှာ အချိန်ကို အအား မထားကြပါ။ ဖုန်းနဲ့ အိုင်ပေါ့နဲ့ သီချင်းနားထောင်မယ် တယောက်ယောက်ဆီ စာရေးမယ် ဆိုတာ စလုံးတွေရဲ့ ပုံရိပ် ဖြစ်နေပါပြီ။ တချို့ဆိုရင် တလုံးတည်းမက ၂ လုံး။
စလုံးမှာလည်း မြန်မာပြည်သား အင်အားက ထုထည်ကြီးကြီး ရှိတာကြောင့် ဒီဓလေ့ ဒီရောဂါ အထိုက်အလျောက် စွဲနေကြပါပြီ။
ဒီခေတ်ပေါ် ပစ္စည်းတွေအားကိုးနဲ့ ကိုယ်ဘာလုပ်နေ ဘယ်ရောက်နေလဲ ဘာစားနေလဲ ဆိုတာတွေကို facebook မှာ တင်ကြ ဖလှယ်ကြပါပြီ။ မြန်နှုန်းမြင့်အင်တာနက်ကြောင့် အဆင်ပြေပါတယ်။
အခု ရန်ကုန်၊ နေပြည်တော်တို့မှာ လက်ကိုင်ဖုန်းနဲ့ အင်တာနက် သုံးနိုင်ပြီလို့ သိရပါတယ်။ အင်တာနက် မြန်နှုန်း သိပ်မနိမ့်ဖို့၊ လူကြိုက်များအသုံးတည့်တဲ့ ၀က်ဆိုက်တွေကို ပိတ်မထားဖို့ပဲ လိုပါတော့တယ်။
မဖြစ်နိုင်ပါ။ မဖြစ်နိုင်ပါ။
မြန်မာပြည်မှာက နွားနို့ကိုရေထိုးရောင်းသလို
အင်တာနက်ကို ရေထိုးရောင်းလိုက်၊ အလေးခိုးလိုက်
ခဲတွေသလဲတွေနဲ့ရောရောင်းလိုက်နဲ့ ရှိထားတဲ့အင်တာနက် ၁ ပိသာလောက်ကို အမျိုးမျိုးရောပြီးရောင်းနေတဲ့အင်တာနက်အတုတွေပါ။
ရေရောထားတဲ့အင်တာနက်ကိုနာမည်တမျိုးပေးလိုက်။
အလေးခိုးထားတဲ့အင်တာနက်ကိုနာမည်တမျိုးပေးလိုက်
ခဲတွေသလဲတွေရောထားတဲ့အင်တာနက်ကိုနာမည်တမျိုးပေးလိုက်နဲ့ အင်ထုပြီးလုပ်စားနေကြလို့ပါ။
တုနိုင်းစရာရှားလို့ စင်ကာပူနဲ့မှယှဉ်ရတယ်လို့
မဖြစ်နိုင်ပါ။မဖြစ်နိုင်ပါ။