ပျော်စရာအကောင်းဆုံး နိုင်ငံများစာရင်း

Saturday, June 4, 2011


ကမ္ဘာမှာ ဘယ်နိုင်ငံက ပျော်စရာအကောင်းဆုံး ဖြစ်မလဲ။
အဖြေကတော့ တရုတ်နိုင်ငံ ဖြစ်ပါတယ် တဲ့။
ဒါ မြောက်ကိုရီးယား အစိုးရ မကြာသေးခင်က ထုတ်ပြန်တဲ့ စစ်တမ်းကို ကိုးကားထားတာပါ။

ပျော်ရွှင်နေတဲ့ မြောက်ကိုရီးယားခေါင်းဆောင်

ကြီးမြတ်သော မြောက်ကိုရီးယားခေါင်းဆောင်ကြီးတွေက အခုမှ ဧပရယ်ဖူးလုပ်တာလို့ မထင်လိုက်ပါနဲ့။ အမှန်တကယ်၊ တရားဝင်၊ အတည်အတံ့၊ လူသိရှင်ကြား ထုတ်ပြန်တဲ့ ရလဒ် ဖြစ်ပါတယ်။

ပျော်စရာအကောင်းဆုံး နိုင်ငံတရုတ် ရဲ့ နောက်မှာ မြောက်ကိုရီးယား၊ ကျူးဘား၊ အီရန်၊ ဗင်နီဇွဲလား တို့ လိုက်ပါတယ်။ အေးချမ်းသာယာတဲ့နိုင်ငံ ၅ ခုပေါ့ဗျာ။

အမေရိကန်၊ တောင်ကိုရီးယားတို့ကတော့ နောက်ဆုံးမှာ ရှိနေပါတယ် တဲ့။ အီတလီသတင်းဌာန Corriere Della Sera က သောကြာနေ့မှာ သို့ကလို သတင်းပို့ပါတယ်။

ဆက်ရေးထားတာက တရုတ်ပြည်ဟာ စစ်တမ်းမှာ အမှတ် ၁၀၀ ရတယ်ဆိုပြီး မြောက်ကိုရီးယားရုပ်မြင်သံကြားက ထုတ်လွှင့်သွားပါသတဲ့။ မြောက်ကိုရီးယားက ၉၈ မှတ်ပဲ ရလို့ ဒုတိယအဆင့်နဲ့ ကျေနပ်ရ ဆိုပဲ။
တောင်ကိုရီးယားက ၁၈ မှတ်ပဲ ရလို့ အဆင့် ၁၅၂ ကို ရောက်သွားရှာတယ်၊ အမေရိကန် ဆိုရင် အဆင့် ၂၀၃ တဲ့။

"စစ်တမ်း ရလဒ်ကို အမေရိကန်တွေဆီ ပို့လိုက်စမ်းပါကွာ၊ ဒါမှ ဒီကောင်တွေ နည်းနည်းပါးပါး ခံစားသွားရအောင်" လို့ တရုတ်ပြည်က တယောက် မှတ်ချက်ပေးတာကို Facebook မှာ တွေ့လိုက်ရပါတယ်။

မြန်မာပြည်က အဆင့် ဘယ်လောက် ချိတ်မလဲ မသိရသေးပါ။ သိရင် လက်တို့ပါအုံး လို့ ကိုရီးယားစာ ဖတ်တတ်သူများ၊ အင်တာနက်မှာ ရှာဖွေရေး ကျွမ်းကျင်သူများကို မေတ္တာရပ်ခံပါရစေ။

စစ်တမ်းက စိတ်ချရပါ့မလား။ အင်း - ယုံရမှာပါ။
သူ့ကိုယ်သူ နံပတ် ၁ နေရာမှာ မထားဘူး ဆိုတော့ မြောက်ကိုရီးယားရဲ့ စစ်တမ်းက သမာသမတ်ကျမယ်လို့ ယူဆနိုင်ပါတယ်။
ကဲ -သွားကြမလား ပျော်ရွှင်ခြင်းနိုင်ငံတွေဆီကို။

ကိုးကား - http://www.ynetnews.com/articles/0,7340,L-4078010,00.html

11 comments :

  1. ဘစ်ကက် said... :

    မြန်မာပြည်ကဆဌမဗျို့..ထိပ်ဆုံးငါးနိုင်ငံပဲ ဖော်ပြပေးတာမြောက်ကိုရီးယားမှာ ပုံနှိပ်မှင်ရှားလို့ပါ။

  1. Anonymous said... :

    အင်း တရုတ်ရဲ့ လက်ဝေခံနိုင်ငံ ပီသရှာပါပေတယ်။ မြန်မာကလည်း သူ့အလိုလို တရုတ် လက်အောက်ခံ လုပ်ချင်နေတာ။ ဒီ ဧရာဝတီက သတင်းထောက်တယောက်ကပဲ ၀ တွေ သန်းချီပြီး တရုတ်ပြည်ထဲမှာ ရှိသေးတယ်ဆိုပဲ။ သိန်းဖေမြင့်ရဲ့ အရှေ့မြောက်တိုင်းတခွင်ကို လေ့လာကြည့်ပါဦး။ သူ သုတေသန လုပ်ထားတဲ့ ၀ လူဦးရေနဲ့ ဆိုရင် တမိသားစုမှာ တနှစ်ကို ၁၀ ယောက်ပေါက်ဦးတော့ ဒီလောက်အရေအတွက်ရှိမယ်မထင်။

  1. Anonymous said... :

    အင်း တရုတ်ရဲ့ လက်ဝေခံနိုင်ငံ ပီသရှာပါပေတယ်။ မြန်မာကလည်း သူ့အလိုလို တရုတ် လက်အောက်ခံ လုပ်ချင်နေတာ။ ဒီ ဧရာဝတီက သတင်းထောက်တယောက်ကပဲ ၀ တွေ သန်းချီပြီး တရုတ်ပြည်ထဲမှာ ရှိသေးတယ်ဆိုပဲ။ သိန်းဖေမြင့်ရဲ့ အရှေ့မြောက်တိုင်းတခွင်ကို လေ့လာကြည့်ပါဦး။ သူ သုတေသန လုပ်ထားတဲ့ ၀ လူဦးရေနဲ့ ဆိုရင် တမိသားစုမှာ တနှစ်ကို ၁၀ ယောက်ပေါက်ဦးတော့ ဒီလောက်အရေအတွက်ရှိမယ်မထင်။

  1. Anonymous said... :

    ဟားးးးဟားဟားဟားဟားဟာားဟား......ဒီနေ့ စောစောစီးစီးဟာသ ဖန်တီးပေး ကင်ကျုံအီး ကျေးဇူးတင်းပါတယ်။ အင်း.......ရူးများနေပြီလားလို့ မစဉ်းစားသင့်ကြဘူးလားဗျာ ဟရို့......

  1. Anonymous said... :

    ကိုယ့်ခြေထောက်ပေါ် မရပ်တည်နိုင်တဲ့ သူတွေအဖို့ အရှင်သခင်ကို ဖားဖို့အမြဲစဉ်းစား နေရတယ်။
    ကိုယ့်ခြေထောက်ပေါ် ရပ်တည်နိုင်တဲ့ နိုင်ငံတွေဟာ ကိုယ့်တိုင်းပြည်တိုးတက်ဖို့ အမြဲစဉ်းစား နေတယ်။

  1. ကင်သန်းရွှီး said... :

    မျောက် ကိုးရီးယား လို အကြွင်းမဲ့ အာဏာယူ နိုင်ငံ က ထုတ်ပြန် တာ ဆိုတော့ မယုံ နိုင်စရာ ရှိကြလား ဗျာ ..

  1. Anonymous said... :

    ဘီဘီစီက သတင်းတစ်ပုဒ်ကို မကြာသေးခင်ကပဲ နားထောင်လိုက်ရပါတယ်။ နော်ဝေး ကလူတွေက ကမ္ဘာပေါ်မှာ အပျော်ရွင်ဆုံးဖြစ်ပြီး ဥရောပ မြောက်ပိုင်းက ၅ နိုင်ငံက ထိပ်ဆုံး ၁၀ နိုင်ငံထဲမှာပါပါတယ်။ အမေရိကန် ဂျပန် ယူကေ ပြီးတော့ တရုတ် အိန္ဒိယတို့လည်းမပါပါဘူး။ ထူးထူးခြားခြား Coasta Rica ဆိုတဲ့ ကျွန်းနိုင်ငံ သေးသေးလေးလေး က ၁၀ နိုင်ငံထဲမှာပါပါတယ်။ ဒါသတင်းဟာ ပိုပြီး ယုံကြည်ကိုးကားလို့ရမယ်ထင်ပါတယ်။ အထက်က သတင်းကတော့ ပြည်သူတွေရံ ပျော်ရွင်မှုကိုတိုင်းတာတာ မဖြစ်နိုင်ပါဘူး။ ခေါင်းဆောင်တွေရဲ့ ပျော်ရွင်မှု ဖြစ်ပါလိမ့်မယ်။ကျောင်းက တရုတ်သူငယ်ချင်းတွေကတော့ အမြဲတမ်းပဲသူနိုင်ငံတိုးတက်တာကို သူတို့ကိုယ်တိုင်တောင် မထောက်ခံကျပါဘူး။
    ပစိဖိတ် ကျွန်းဘက်က နိုင်ငံကသူငယ်ချင်းတွေက ကျွန်းသေးသေးလေးပေါ်ကလာတယ်ဆိုမေမယ့် သူတို့ဘ၀တွေက တကယ်ပျော်ရွင်နေကြတာပါ။

  1. Anonymous said... :

    တကယ်တော့ နော်ဝေ မှာလည်းပြသနာတပုံတပင်ကြီးပါ၊
    လူမှု့ ရေး၊စီးပွါးရေး။ခုအပါတ်ထဲမှာဘဲ Bank ပြသနာပေါ်နေတာလက်တွေ့ 
    ထပ်ခါ လေ့လာဖို့ လိုမှာပါ။

  1. Anonymous said... :

    Very very similar to Myanmar Government!!! Seem like U Kyaw San was trained by North Korea's media!!!

  1. Anonymous said... :

    သန်းရွှေနဲ့ အပေါင်းပါများ၊ အခု အစိုးရအဖွဲ့များ၊ ကြံ့ဖွတ်များ၊ ပြည့်သူ့ရဲများအမည်ခံ စစ်တပ်ခွေးများ၊ စစ်တပ်နောက်လိုက် အင်တာနက်ပေါ် ဟောင်နေတဲ့ ခွေးလေလွင့်များ၊ ဟိုလိုဒီလို နိုင်ငံရေးပါတီများ စတဲ့ စတဲ့ လူတွေကို အဲ့ဒီ ကမ္ဘာ့အပျော်ဆုံးနိုင်ငံ ငါးနိုင်ငံဆီကို ပို့ပြစ်လိုက်ကွာ .. ရှုပ်တယ် .. ဒီအမှိုက်တွေ ..

  1. Anonymous said... :

    ဒီမျောက်ကိုရီးယားကောင်တွေ.. တယုတ်ကလွဲလို့ ဘယ်ကိုမှ မရောက်ဖူးတာ.. ဒီတယုတ်ပြည် (တရုတ်ကို စာလုံးပေါင်းပြောင်းကြည့်တာ.. အသံထွက်အတူတူဘဲလေ) ကိုဘဲ.. ပျော်စရာအကောင်းဆုံးထင်တာပေါ့..။ ညာဏ်ရည်မီလို့ နိုင်ငံရပ်ခြားရောက်သွားသူတွေက ပြန်မလာတော့ ရှိတဲ့ကောင်တွေကိုဘဲ မေးဖြစ်တာနေမှာလေ။ တောင်ကိုရီးယားကျတော့လဲ သူတို့ထက်သာလို့ မနာလိုစိတ်က ထိပ်တက်ပြီး သိတ် အမှတ်မပေးတာ..။ ကျန်တဲ့ အမေရိက တို့ဘာတို့ကျတော့ ဘယ်လိုနေတယ်ထိုင်တယ် ဒင်းတို့က သိမှမသိတာ နံကြားနှိုက် အပ်ချလောင်းလုပ်ပြီး အဆင့်ကိုရွေးလိုက်တာ.. နေမှာဘဲ။ ဒီလိုဘဲထင်တယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved