ရယ်စရာ ပဟေဠိ အမှတ် ဝ၁၇ အဖြေများ

Wednesday, June 15, 2011


မေးခွန်း ၁ - ရန်ကုန်အစိုးရက ဒီညနေ (အင်္ဂါညနေ) လုပ်မယ့် သတင်းစာရှင်းလင်းပွဲ အစီအစဉ် ပျက်သွားပါတယ်။ ဘာကြောင့် ပျက်သွားရတာလဲ။
(သဲလွန်စ - မလိုတော့ပါဘူး)

အဖြေ - သတင်းသမားတို့၏ မေးခွန်းများကို စာပေစိစစ်ရေးရုံးသို့ ဦးစွာ တင်ရသည်။ စာပေစိစစ်ရေးရုံးက မေးခွန်းများ အားလုံးကို ဆင်ဆာဖြတ်လိုက်သည်။
မေးခွန်းများ မရှိသည့် အတွက် စာနယ်ဇင်းသမားများနှင့် တွေ့ဆုံရန် မလိုအပ်တော့ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရက ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် သတင်းစာရှင်းလင်းပွဲ ပျက်လေသည်။

မေးခွန်း ၂ -
KIA ကချင်လွတ်လပ်ရေး တပ်ဖွဲ့ ကို အစိုးရက စစ်တပ်တွေ လွှတ်ပြီး ဆော်ပလော်တီးပါတယ်။ ဘာကြောင့် အခုလို ချေမှုန်းနေရတာလဲ။
(သဲလွန်စ - ထောက်လှမ်းရေးအစီရင်ခံစာ)

အဖြေ - စစ်ဖက်ရေးရာလုံခြုံရေးအဖွဲ့ - စရဖ လို့ ခေါ်တဲ့ ထောက်လှမ်းရေးတွေက နေပြည်တော်ကို အစီရင်ခံပါတယ်။ KIA တပ်ဖွဲ့မှာ ရှိတဲ့ သေနတ်တွေဟာ ကလေးကစားစရာတွေ ဖြစ်တယ်။ တကယ် ပစ်လို့ မရဘူး။ ပစ်ခတ်ဖို့ လိုလာရင် လေးခွ (ဘတ်ခွ)ကိုပဲ အားကိုးရတယ် တဲ့။
ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က အဲဒီ အစီရင်ခံစာကို ယုံပြီး KIA ကို ဆော်ဖို့ အမိန့်ပေးလိုက်တာပါ။
ဒီမနက် လင်းကြက်တွန်ချိန် နေပြည်တော်ရောက်သွားတဲ့ စရဖ အစီရင်ခံစာတစောင်မှာ ဒီလို ရေးထားပါတယ်။

"မြန်မာ့တပ်မတော် ထိုးစစ်ကြောင့် KIA သောင်းကျန်းသူ ငါးရာကျော် သေဆုံးသည်။ မြန်မာ့တပ်မတော်သားတချို့ ဒဏ်ရာ အနည်းငယ် ရရှိသည်။ လောက်စာလုံး ထိသော ဒဏ်ရာများ ဖြစ်ကြောင်း သိရသည်"



;)

3 comments :

  1. အိုပါး (ခေတ္တကိုရီးယား) said... :

    လောက်စာလုံးနဲပစ်နေတာ အစိုးရစစ်တပ်မှမဟုတ်တာ
    ပေါတောတောနဲ.

  1. Anonymous said... :

    When KIA used striker,military government use chemical weapons.

  1. Anonymous said... :

    အော် .. တော်တော် သနားစရာ အိုပါး ပါလား။
    ဘာရေးလို့ ရေးထားမှန်းမသိ။
    စာမတတ်တာ သေချာတယ်။
    သူငယ်တန်းတောင် မအောင်ဘူးထင်တယ်။
    ကိုးရီးယားမှာ 3D (Dirty, Dangerous, Difficulty) အလုပ်မျိုးလုပ်နေတာပဲ ဖြစ်လိမ့်မယ်။

    စာထဲမှာက ကေအိုင်အေက လေးခွနဲ့ ပစ်တယ်လို့ ရေးထားတာလေ။ ကေအိုင်အေမှာ လက်နက်မရှိဘူး၊ ဒါကြောင့် အစိုးရစစ်တပ်က ထိုးစစ်သွားဆင်တယ်ဆိုတာကို ပြောတာလေ။
    ဒါတောင် နားမလည်ဘူးလား။ ငတုံး။ ငပေါ။ အရူး အိုပါး။

    အစိုးရစစ်တပ်က လောက်စာလုံးနဲ့ ပစ်နေတယ်လို့ ရေးထားလို့လား။ ပေါတောတော အိုးပါး။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved