ဂျွန်မက်ကိန်း၊ ကျော်သူ၊ ဖြူဖြူသင်း နဲ့ မြန်မာပြည်

Thursday, June 2, 2011

မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူတွေဘက်က ၁၀၀% ရပ်နေတဲ့
အမေရိကန် နိုင်ငံရေးသမားကြီး ဂျွန်မက်ကိန်းက
ဒီနေ့ သူ့ရဲ့ မြန်မာပြည်ခရီးစဉ် ဒုတိယနေ့မှာတော့ ကိုကျော်သူ၊ မဖြူဖြူသင်းတို့ရဲ့ လူမှုရေး လုပ်ငန်းတွေဆီ ရောက်သွားပါတယ်။

ကိုကျော်သူနဲ့ တွေ့တော့ မက်ကိန်းကြီးက ဘာတွေ ပြောသလဲဆိုတာ ဧရာဝတီ ပင်မ စာမျက်နှာမှာ ရေးထားတာ ဖတ်ပြီးကြပြီး ဖြစ်မှာပါ။

ဒါကတော့ တောင်ဒဂုံက ခုခံကျလူနာဂေဟာကို သွားရောက်လည်ပတ်တဲ့ပုံပါ။
-

ဂျွန်မက်ကိန်းကို ကြိုကြပုံ

ရန်ကုန်မြို့ အမေရိကန်သံရုံး ယာယီတာဝန်ခံ၊ မဖြူဖြူသင်း၊ ဂျွန်မက်ကိန်း နဲ့ ကြိုဆိုသူများ

သူနဲ့ မြန်မာပြည်နဲ့က အင်မတန် ရေစက်ပါပုံ ရပါတယ်။

၂၀၀၉ ခုနှစ်က မြန်မာပြည်ကို ဦးတည်ဟန်ရှိတဲ့ မြောက်ကိုးရီးယား ကုန်တင်သင်္ဘော Kang Nam ကို အမေရိကန်တို့က နောက်ယောင်ခံလိုက်တဲ့သတင်း မှတ်မိကြမှာပါ။
အဲဒီလို နောက်ယောင်ခံလိုက်တဲ့ ရေတပ် ဖျက်သင်္ဘော နာမည်က USS John S. McCain တဲ့။


ရှေလျှောက်လည်း မြန်မာပြည်ဆိုင်ရာ သတင်းတွေမှာ မက်ကိန်းကြီးရဲ့ နာမည်တွေ မကြာမကြာ တွေ့ရဦးမှာပါ။

သူ အခု ရန်ကုန်မှာ နက်ဖန်အထိ နေအုံးမယ် ဆိုတော့ ဒီ သုံးလေးရက်အတွင်း သူ့သတင်းတွေချည်း ရေးကြ ဖတ်ကြရမှာ အသေအချာပါပဲ။

2 comments :

  1. Anonymous said... :

    USS John S. McCain is named in honor of Admiral John S. McCain who is grandfather to Senator McCain.

  1. Anonymous said... :

    အော် ဦးသိန်းစိန်တောင်မရောက်ဘူးသေးဘူး.....

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved