နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုဝင်တွေ တွေ့ဆုံတဲ့ပွဲ

Tuesday, June 14, 2011





မကြာသေးမီကမှ ပြန်လည်လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသား မိသားစုတွေရဲ့ တွေ့ဆုံပွဲတရပ်ကို အကျဉ်းကျခံနေရတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် တဦးဖြစ်တဲ့ ကိုပဏ္ဍိတ်ထွန်းရဲ့ နေအိမ်မှာ ဒီနေ့ ဇွန်လ ၁၂ ရက်နေ့ နေ့လယ် ၁း၀၀ နာရီက ပြုလုပ်ခဲ့ပါတယ်။

ဒီပွဲကို အကျဉ်းကျခံနေရတဲ့ ကိုမင်းကိုနိုင်ရဲ့ အစ်မ၊ ကိုမြအေး၊ ကိုပြုံးချို၊ ကိုဇော်သက်ထွေးတို့ရဲ့ ဇနီးတွေ၊ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်က မဖြိုးဖြိုးအောင်ရဲ့ဖခင်၊ ကိုဒီငြိမ်းလင်း၊ ကိုရှိန်းရာဇာထွန်းတို့ရဲ့ မိခင်တွေနဲ့ ကိုနေဖုန်းလတ်ရဲ့ မိဘနှစ်ပါးတို့အပြင် တခြား နိုင်ငံရေး အကျဉ်းသား မိသားစုဝင်တွေ တက်ရောက်ခဲ့ကြပါတယ်။ ဒါ့အပြင် “၈၈” မျိုးဆက်ကျောင်းသားမျာား၊ NLD အဖွဲ့ဝင်များနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ပြည်သူတချို့လည်း တက်ရောက်ခဲ့ကြပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ပြန်လည်လွတ်မြောက်လာရေး အတွက် ဥပဒေကြောင်းအရ ဆက်လက် ရင်ဆိုင်နိုင်ရေး၊ နိုင်ငံရေး အကျဉ်းသား မိသားစုဝင် အချင်းချင်း အပြန်အလှန် ဝိုင်ဝန်းကူညီနိုင်ရေးနဲ့ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသား တွေရဲ့ မိသားစုဝင်တွေ တသွေးတည်း တသားတည်း ရှိနေကြောင်း ပြသနိုင်ရေး စတဲ့ ရည်ရွယ်ချက်တွေနဲ့ ဒီ တွေ့ဆုံပွဲလေးကို ပြုလုပ်ခဲ့ကြတာပါ။

ဒီတွေ့ဆုံပွဲမှာ ပြန်လည် လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေက သူတို့ ခံစားခဲ့ရတဲ့ ထောင်အတွေ့အကြုံ တွေကို ပြန်လည် ပြောပြပါတယ်။ ဒါ့အပြင် နိုင်ငံရေး အကျဉ်းသား မိသားစုဝင်တွေက သူတို့ရဲ့ ခံစားချက်တွေကို ပြောကြားကြပြီး နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် ဆုတောင်းကြပါတယ်။ ညနေ ၄ နာရီမှာတော့ တွေ့ဆုံပွဲ ပြီးဆုံးခဲ့ပါတယ်။

2 comments :

  1. Anonymous said... :

    နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်အောင် ဆုတောင်းပေး တောင်းဆိုနေယုံမျှ နှင့် လွတ်မြောက်ရာ လမ်း မမြင်ပါ ။ ပြည်ပရောက်နေပြီး သံရုံးရှေ့ အပြသက်သက် သွားရောက်အော်နေရုံမျှ နှင့် မဖြစ်နိုင်ပါ။
    ပြည်တွင်းမှာ သည့်ထက် သည်ထက် ပြင်းပြင်းထန်ထန်တောင်းဆို သင့်နေပြီဖြစ်ပါသည် ။

  1. Anonymous said... :

    သူများကိုတော့ အကြံပေးတိုက်တွန်းတတ်တယ် ကိုယ်ကိုယ်တိုင်ကျတော့ သွားမလုပ်ရဲဘူး ဆရာကြီးတပါးပါပဲ လေဆရာကြီးးးးးး

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved