လပြည့်ဝန်းသို့ တမ်းခြင်း ၉
Friday, June 24, 2011
ဆေးမင်ကြောင် ပရပွနဲ့ ရင်ဂို၊ မြူးမြူးကြွကြွ ဇော်ပိုင်တို့ရဲ့ ကိုနေ၀င်း အမှတ်တရ သီဆိုမှုများ
ရင်ဂို
လွမ်းရတဲ့ညတွေလွန်ပါစေ
မငိုမိတယ်
ဒီသီချင်းကို အရင်က ဘယ်သူ ဆိုခဲ့တယ် ဆိုတာကို ပြောပြသွားတာကတော့ ရင်ဂိုရဲ့ အားသာချက် ဖြစ်ပါလိမ့်မယ်။
ဇော်ပိုင်
ခုမှတော့ ငိုမနေနဲ့တော့
စစ်ကိုင်းလမ်း
ခိုင်ထူးရဲ့ နာမည်ကြီးသီချင်းဖြစ်ပါတယ်။ ဒီသီချင်းကို အဆိုတော်တဲ့ ဇော်ပိုင်ရဲ့ စတိုင်နဲ့ ကြားရမှာပါ။
စစ်ကိုင်းလမ်း ဆိုတာ သီချင်းစာသား၊ တေးသွား၊ တီးခတ်မှုတွေက အပြစ်ပြောစရာ မရှိတဲ့ သီချင်းပါ။
ဒီ စင်တင်ပွဲမှာ ဇော်ပိုင်က ပရိသတ်ကို သီချင်း ၂ ပိုဒ်လောက် ဘာကြောင့် ဆိုခိုင်းသလဲ??
သီချင်း တ၀က် ကျော် ၂း၂၅ ရောက်တဲ့အခါမှာ - သြော် - ဒါကြောင့် ဆိုခိုင်းတာကိုးလို့ သိမှာပါ။ ခိုင်ထူးပရိသတ်တွေပဲ သိနိုင်မှာပါ။
လိုက်ဆိုတဲ့ ပရိသတ်တချို့လည်း သူ့လို ဖြစ်နေတာကို ၁း၀၆ မှာ သဲသဲကွဲကွဲ ကြားလိုက်ရပါတယ်။
လပြည့်ဝန်းသို့ တမ်းခြင်း ၁
လပြည့်ဝန်းသို့ တမ်းခြင်း ၂
လပြည့်ဝန်းသို့ တမ်းခြင်း ၃
လပြည့်ဝန်းသို့ တမ်းခြင်း ၎
လပြည့်ဝန်းသို့ တမ်းခြင်း ၅
လပြည့်ဝန်းသို့ တမ်းခြင်း ၆
လပြည့်ဝန်းသို့ တမ်းခြင်း ၇
လပြည့်ဝန်းသို့ တမ်းခြင်း ၈
4 comments :
  1. Kyi said... :
    သျှီတုန်းကတော့ အကောင်းလွန်သွားပြီး၊ သိပ်ကို အံ့အားသင့်ခဲ့ရတယ်။ ပရိသတ်ကို သူနဲ့ အတူ
    ဆိုတာပြီးရင်၊ ခင်ဝမ်းအထိပဲ ကြိုက်ပါတယ်။ ဒီသီချင်းကို သီချင်းဆိုတတ်ရုံ၊ အော်နိုင်ရုံနဲ့ 
    ဆိုလို့ မရတဲ့သီချင်းပါ။ တေးရေးသူကို ဂုဏ်ပြုတဲ့ အစီအစဉ်ဆိုတော့လည်း၊ ဘာမှမပြောလိုပါဘူး။ စစ်ကိုင်းလမ်းသီချင်းကို၊ နာမည်အရှိန်လေးနဲ့  လာဆိုသွားတဲ့၊ ဇော်ပိုင်ကို သိပ် ဒေါသထွက်မိပါတယ်။ အမှတ်တရအစီအစဉ်လေးဆိုတာကို၊
    ခေါင်းထဲ တကယ်ထည့်ထားရင်၊ အခုလို ပေါ့တီး ပေါ့ဆ ဆိုဖြစ်မယ် မထင်ပါဘူး။ သယ်ဆောင်ရာ အိပ်လည်းပြင်၊ ယာဉ်ပျံကိုစီး ဆိုတဲ့အပိုဒ်ကို၊ လုံးချလိုက်တာ သျှီကို မျက်နှာပူသင့်ပါတယ်။ ခုမှတော့ ငိုမနေနဲ့ တော့ဆိုတဲ့သီချင်းကတော့၊ သူ့ စတိုင်ပါပဲ။ ဒီသီချင်းမှာတောင် ကိုယ်ဆိုနေတာ ကီး ၀ဲ နေတယ်
    ဆိုတာ၊ နည်းနည်းသတိပြုသင့်ပါတယ်။ ကိုယ်ဆိုနေရင်းနဲ့ ၊ ပရိသတ်က လိုက်ဆိုတာဟာ၊
    ပိုပြီး ဂုဏ်ယူစရာပါ။
  1. Anonymous said... :
    ကိုယ် ဆိုမယ့် သီချင်းကို အလွတ်ရသင့်ပါတယ်။ မရရင်လည်း စာရွက် အတိုလေး တစ်ခုခုနဲ့ ဆိုပါဦး ။ အပြစ်မပြောသေးဘူး . . . ။ ခုဟာက လွန်လွန်း သကွယ်. . . သိချင်း တစ်ပုဒ် လုံး မေ့နေတာတော့ မဟုတ်သေးဘူးဗျာ .
  1. ကို ခလေး said... :
    အေးလေဗျာ ကိုဇော်ပိုင်ကြီးကလည်း။ သယ်ဆောင်ရာ အိပ်လည်းပြင်...ဆိုဒါကို...အင်..အင်..အင်...ယဉ်ပျံကိုစီ..တဲ့။ ဒီသီချင်းကို သေချာသိတဲ့ သူတွေအတွက် တော့ သိသာ နေတာပဲ။
  1. Anonymous said... :
    ခိုင်ထူးရဲ့..BEST (1,2)အ‌ခွေထဲမှာစစ်ကိုင်းလမ်းသီချင်း
    ကို..ခံစားချက်အပြည့်နဲ့‌ဇော်ပိုင်ပြန်ဆိုထားတာ..ရင်ထဲ
    စူးဝင်သွားတာဘဲ...ဒီတခါဘယ်လြိုဖစ်တာလဲ.."သယ်
    ‌ဆောင်ရာ"ဆိုတဲ့စာသားကို‌မေ့‌နေတာရုပ်ဆိုးလှတယ်..။
Post a Comment
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved