မြန်မာ့အလင်းရဲ့  KIA ဒေသ တိုက်ပွဲသတင်း

Saturday, June 18, 2011

သတင်းစာ စောင့်ဖတ်သူတွေ ဒီနေ့တော့ စောင့်ရကျိုးနပ်ပါပြီ
ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ဖြစ်တာ ၁၀ ရက်လောက်အကြာမှာ သတင်းထည့်ပါတယ် ပြည့်ပြည့်စုံစုံနီးပါးပါပဲ
KIA စစ်သားတယောက် အဖမ်းခံနေရတုန်း မလွှဲမရှောင်သာ သေဆုံးသွားတယ် ဆိုတဲ့ အချက်တော့ မပါပါဘူး။ အဲဒီဒေသအထိ သွားပြီး သတင်းမယူနိုင်တာကြောင့် ဒီအချက် မထည့်လိုက်မိတာ ဖြစ်နိုင်ပါတယ်။

မန်စီရဲကင်းက ၂ ယောက်ကို KIA က ဖမ်းသွားတဲ့အကြောင်းလည်း ဖတ်ရမှာပါ။ ဒီအချက်ကို ပြည်ပအခြေစိုက် သတင်းဌာနတွေမှာ မတွေ့ရပါဘူး။ မြန်မာ့အလင်းက ဒီနေရာမှာတော့ အသာရပါတယ်။ အဲဒီ ၂ယောက်ကို ရဲအဖွဲ့က သွားတောင်းတာ မရဘူး စစ်တပ်ကတောင်းမှ ရတယ် တဲ့။ စစ်တပ်က အရေးကြီးတယ်ကွ ဆိုတာကို ပြောချင်ဟန် တူပါတယ်။

အစိုးရကို အသိအမှတ်ပြုပါ ဘာမလုပ်နဲ့ ညာမလုပ်နဲ့ ဆိုတာတွေလည်း သတင်းထဲမှာ ပေါ်တင် ဆုံးမထားပါတယ်။

ဖေ့စ်ဘုတ်မှာ ဒါမျိုးသတင်းတွေ ဖတ်လိုကြောင်း ဆန္ဒပြုသူများနေလို့ ပြန်ကြားရေးဝံကြီးက ဒီသတင်း ချက်ချင်း ရေးလိုက်တာ ဖြစ်နိုင်ပါတယ်း)

5 comments :

  1. Anonymous said... :

    ကချင်တွေလည်း ကိုးကန့်နဲ့ကရင်တွေလိုပဲခွေးပြေးဝက်ပြေး ပြေးရတော့မယ်
    ကောင်းတယ် အရင်ကမြို့ထဲလာပီးအနိုင်ကျင့်တဲ့ကောင်တွေ အခုတော့ခံလိုက်ဥိး

  1. Anonymous said... :

    ဟိုတလောက သတင်းစာမှာ သောင်းကျန်းသူအဖျက်သမားတဲ့။ အခုတော့ KIA ပြန်ဖြစ်သွားပြန်ပြီ။

    ဒါလဲ မလွဲမရှောင်သာလို့ ဖြစ်မယ်။ :D

  1. Anonymous said... :

    KIA လို့သုံးနှုံးတာ အခုမှမဟုတ်ပါဘူး။အရင်တစ်ခါ ဗုံးကွဲတုန်းက တောထဲမှာအလုပ်လုပ်သွားတဲ့ ကချင်ပြည်သူတစ်ယောက် ခြေထောက်ဒဏ်ရာရသွားတုန်းကလည်း KIA အဖွဲ့စည်းထောင်ထားသော မိုင်းနင်းမိသောကြောင့် စသဖြင့်သုံးနှုံးထားတာပါ။သတင်းစာ ရက်စွဲအတိကျတော့ မမှတ်မိတော့ပါဘူး။

    KIA သောင်းကျန်းသူလို့ သုံးနှုံးတာ တစ်ခါပဲတွေ့ဖူးပါတယ်။အဲဒီနောက် မသုံးနုံးတော့ပဲ KIA လို့ပဲသုံးနှုံးခဲ့တာပါပဲ။

    အစိုးရဘယ်လိုပဲသုံးနှုံးသုံးနှုံး ကျုပ်တို့ကတော့ နိုင်ငံတစ်ခုမှာ တပ်မတော်ကလွဲပြီး ကျန်တဲ့လက်နက်ကိုင်တွေကို သောင်းကျန်းသူတွေလို့ပဲမြင်တယ်ဗျာ။


    မောင်ငပိ

  1. Bo Bo said... :

    both governments cheats alittle..to defense themselves especially Myanmar tatmadaw government does wisely.



    Bo Bo
    Phx AZ USA

  1. Anonymous said... :

    မြန်မာ့အလင်းကိုရေးနေတဲ့ သူတွေရဲ့ဦးနောက်၊ အတွေးတွေကို သုပ်စားပြီး ရေကျက်အေးနဲ့မြည်းရင်တောင် မူးလောက်တယ်.. ဒီလူတွေနဲ့ တစ်ခါလောက် ထင်ခွေမကြုံ ရေခပ်ကြုံရင်တော့ နှာဖမ်းကြိုးတပ်ပြီး နယ်စပ်ကိုရောက်နေရတဲ့ ပြည်သူတွေရဲ့ပစ္စည်းကို လှည်းနဲ့ဆွဲပြီးပြန်ပို့ခိုင်းမယ်......

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved