ဒုက္ခသည်များ၊ KIA နဲ့  ဒေါ်အောင်ဆန်းစုကြည်

Monday, June 20, 2011


 
ဒီနေ့ ကျရောက်တဲ့ နိုင်ငံတကာ ဒုက္ခသည်များနေ့ အခမ်းအနားကို
ထိုင်း - မြန်မာနယ်စပ် မယ်လ ဒုက္ခသည်စခန်းမှာ ကျင်းပကြတဲ့ ပုံပါ။



တက်ရောက်လာတဲ့ မြန်မာပြည်သား ဒုက္ခသည် ၂၅၀၀ ၀န်းကျင် ရှိတာ တွေ့ရတယ်လို့ ကျွန်ုပ်တို့ရဲ့ သတင်းထောက်က သတင်းပို့ပါတယ်။

 
ဒုက္ခသည်များနေ့မှာ ဒုက္ခသည်တွေ ဘာလုပ်ကြသလဲ??

 
သူတို့က ထိုးစစ်ဆင်ခံနေရတဲ့ KIA ကို အားပေးထောက်ခံကြတယ်။ ပုံမှာမြင်ရတဲ့အတိုင်း KIA အလံနဲ့ we love kachin land ဆိုတဲ့ ဆိုင်းဘုတ်နဲ့။


 
ဒါကတော့ ကချင် စစ်ခေါင်းဆောင်တွေပုံပါ။ Facebook က ယူပါတယ်။
မျှော်လင့်ထားတဲ့ အဆိုးဆုံးအခြေအနေရဲ့ နိဒါန်းနဲ့ ရင်ဆိုင်နေရတဲ့ KIA က ထူးထူးခြားခြား လုပ်ပြလိုက်ပါတယ်။
အဲဒါကတော့ ဌာနချုပ် လိုင်ဇာမှာ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကို တခမ်းတနား လုပ်လိုက်တာပါပဲ။


 
တိုက်ပွဲတွေ ဖြစ်မနေဘူး၊ ရန်စောင်တဲ့ စစ်ပြင်နေတဲ့ အနေအထားအတိုင်းပဲ ဆိုရင်တော့ KIA က ဒီပွဲကို လုပ်ဖြစ်ပါ့မလား??

 
ခုတော့ ပြောင်ပြောင်တင်းတင်းပဲ ဒေါ်အောင်ဆန်းစုကြည်ကို ကျုပ်တို့ ထောက်ခံတယ် ပေါ့။

 
ဒါကတော့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့၊ မနေ့က NLD ရုံးမှာ လုပ်တုန်းက တက်ရောက်ခဲ့တဲ့ လူငယ်တဦးရဲ့ပုံပါ။ Facebook က ယူပါတယ်။

1 comments :

  1. Anonymous said... :

    သူမကို အယုံအကြည်မရှိပြီး ထောက်ခံမှုရအောင် သူ့ မွေးနေ့ကို ကမန်းကတန်း ထ ကျင်းပကြတာမဟုတ်ပါဘူး.... မီဒီယာတွေက လျှောက်မဖွပါကြနဲ့....
    ဒေါ်အောင်ဆန်းစုကြည်ကို အစကတည်းက ထောက်ခံနေခဲ့ကြပါတယ်... ဒါကြောင့် ကချင်ပြည်နယ်ကို ထိုးစစ်ပြန်ဆင်မှု ၁၀ရက်အကြာမှာ ကျရောက်ခဲ့တဲ့ သူမမွေးနေ့ကို (၁၉၊၆၊၂၀၁၁)ကျင်းပပေးခဲ့တယ်.... အားကိုးခဲ့လို့သာဘဲ ကချင်ပြည်နယ်ရဲ့ တကျော့ပြန်ထိုးစစ်ဆင်မှုမှာ ဖြစ်ပွါးခဲတဲ့ လူ့အခွင်းအရေးချိုးဖောက်မှုကို ၀င်ရောက်ပတ်သက်ပေးဖို့ တိုင်ကြားခဲ့ပေမဲ့ သူမလစ်လျူရှုခဲ့တယ်... ၂၀၁၁ခုနှစ်၊ သြဂုတ်လကနေစပြီး ကေအိုင်အိုက အစိုးရကိုယ်စားလှယ်နဲ့ ငြိမ်းချမ်းရေး စတင်ဆွေးနွေးခဲ့တယ်... သူမကို ကြားနေအဖြစ်တောင်းဆိုခဲ့တယ်...သူမ မပါနိုင်ကြောင်းငြင်းဆိုခဲ့တယ်.... နောက်ပြီး သူမကို ဆွမ်လွတ်ရွယ်ဂျာနဲ့ ပတ်သက်ပြီး တရားဥပဒေစိုးမိုးရေးဥက္ကဌဖြစ်တဲ့သူမကို အိတ်ဖွင့်ပေးစာ ပို့ခဲ့တုန်းကလဲ ပြန်စာ လုံးဝမလာခဲ့ပါ။ သူမရဲ့ အမေရိကားခရီးစဉ်မှာ ကချင်လူထုအခြေပြုအဖွဲ့အစည်းတွေ တွေ့ဆုံဖို့ ပြုလုပ်ခဲ့စဉ်ကလဲ အခွင့်မပေးခဲ့ဘူး.... ၂၀၁၃ခုနှစ်ကျမှ ကချင်နဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ သူမပါဝင်မယ်ဆိုပြီး ပြောလာတာက စောများ စောလွန်းမနေဘူးလားဗျာ...
    သေချာတာက သူမမွေးနေ့ပြုလုပ်တဲ့နေ့အထိ (၂၀၁၁ခုနှစ်၊ ဇွန်လ၊၁၉ရက်နေ့) သူမကို ကချင်တွေယုံကြည်နေခဲ့တယ်ဆိုတာဘဲ.... ဒါပေမဲ့သူမရဲ့ ကချင်တွေပေါ်မှာထားတဲ့ ကိုယ်စားပြုမှုမရှိခဲ့တာတွေအတွက်ကြောင့် သူမကို ယုံကြည်မှုလျှော့သွားတာ..... ဘယ်သူမပြုမိမိမှုဘဲ....

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved