ထိုင်းရဲ့ တရားဝင် နေ့ တွက်ခ

Thursday, July 14, 2011

ဘုရားသုံးဆူဒေသ အလုပ်သမားများ (ဓာတ်ပုံ - ဧရာဝတီ)

ဘုရားသုံးဆူတဘက်ကမ်းက နေ့စားခ ၁၅ ဘတ် တိုးရေး ဆန္ဒပြတာ အဆုံးမသတ်သေးဘူးလို့ သိရပါတယ်။
သူတို့ အလုပ်မဆင်းတဲ့နည်းနဲ့ စက်ရုံပိုင်ရှင်ကို ဆန္ဒပြနေတာ ၄ ရက် ရှိသွားပါပြီ။

ထိုင်းအစိုးရက အဲဒီဒေသမှာ အလုပ်သမားတွေကို နေ့တွက်ခ ၁၈၁ ဘတ် ပေးဖို့ သတ်မှတ်ထားတာပါ။

လောလောဆယ်တော့
လုပ်သက်အပေါ် မူတည်ပြီး သူတို့ရတာက ၆၅ ဘတ်ကနေ ဘတ် ၈၀ အထိ လို့ ဆိုပါတယ်။

အခု တောင်းနေတာ အစိုးရပြဋ္ဌာန်းထားတဲ့အတိုင်း ပေးဖို့ မဟုတ်ပါဘူး။ ၁၅ ဘတ်ပဲ တိုးပေးဖို့ ပြောနေတာပါ။
(၁၅ ဘတ် = ဒေါ်လာဝက်)

အစိုးရ ဥပဒေထုတ်ပြီး သတ်မှတ်ပေးတဲ့ အနိမ့်ဆုံး နေ့တွက် လုပ်အားခ ရရေး ဆိုတာ ထိုင်းနိုင်ငံသားတွေအတွက်ပဲမဟုတ်ဘူး၊ နိုင်ငံခြားသားတွေလည်း အကျုံးဝင်တယ် လို့ အလုပ်သမားအဖွဲ့တခုက ပြောပါတယ်။

"ဒီဥပဒေက အလုပ်သမားတယောက်ကို အနိမ့်ဆုံးလခ ဒီလောက် ပေးကို ပေးရမယ် လို့ ဆိုလိုတယ်။
ထိုင်းတွေအတွက် သီးသန့် ဆိုပြီး ခွဲခြား သတ်မှတ်ထားတာ မရှိဘူး။
ထိုင်းပဲ ဖြစ်စေ၊ နိုင်ငံခြားသားပဲ ဖြစ်စေ ရကို ရရမယ့် လုပ်အားခပဲ"

ရောင်ခြည်ဦး အလုပ်သမား အဖွဲ့ တာဝန်ခံ ကိုမိုးဆွေ ပြောသွားတာပါ။

အနိမ့်ဆုံး နေ့တွက်ခတွေက ခရိုင်တခုနဲ့ တခု မတူပါဘူး။
ထိုင်းအလုပ်သမားဝန်ကြီးဌာန ၀က်ဆိုက် mol.go.th မှာ ဇယားချ ဖော်ပြထားတာကို ကူးယူ ဖော်ပြပေးပါ့မယ်။ ၂၀၁၁ ဇန်န၀ါရီ ၁ ရက်နေ့က အစပြုပြီး ဒီနှုန်းအတိုင်း ပေးရမယ် ဆိုပဲ။

ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတဲ့ ဖူးခက်ဒေသကို နေ့တွက်ခ ဘတ် ၂၀၀ ကျော် သတ်မှတ်ထားပါတယ်။
မဟာချိုင် ဘန်ကောက်လည်း ၂၀၀ ကျော်ပါပဲ။
မြန်မာပြည်သား များတဲ့ ခရိုင်တွေက ဘတ် ၂၀၀ ၀န်းကျင် သတ်မှတ်ထားတဲ့ ခရိုင်တွေပါ။

Table shows the minimum wage. This was announced to effect.
Since the date January 1, 2011



အနည်းဆုံး

နေ့တွက်ခ

ခရိုင်အမည်များ

221 ဖူးခက် Phuket
215 ဘန်ကောက် Bangkok စမုတ်ပရာကန် Samutprakan
နခွန်ပထုံ
Nakhonpathom နော်သန်ဘူရီ Nonthaburi ပထွန်ဌာနီ Pathumthani and စမွတ်စခွန် Samutsakhon
196
ချုံဘူရီ Chonburi
193 ချချွန်ဆောင် Chachoengsao ဆာရာဘူရီ Saraburi
190 အယုဒ္ဓယ Ayutthaya
189 ရာရောင် Rayong

186

ဖန်င Phangnga

185

ရနောင်း Ranong
184
ခရပ်ဘီ Krabi

183 နခွန်ရပ်ခ်ျစီမ Nakhonratchasima ပရာချင်ဘူရီ Prachinburi
182 လော့ဘူရီ Lopburi

181

ကန်ချနဘူရီ Kanchanaburi.

180

ချင်းမိုင် Chiangmai and ရပ်ခ်ျဘူရီ Ratchaburi
179 ချန်တဘူရီ Chantaburi and ပက်ခ်ျဘူရီ Petchburi

176

ဆောင်ခလာ Songkhla and ဆင်ဘူရီ Sing Buri

175

ထရန် Trang

174

နခွန်စီသမာရက် Nakhonsithammarat အန်သွန် Angthong

173

ချုံဖွန် Chumporn ဖတ်သာလွန် Phatthalung စတန် Satun ဆာခရောင် Sakaeo

172

စမွတ်ဆုန်ခရန် Samutsongkhram ပရာချပ်ကီရီကန် Prachuapkhirikhan ရာလား Yala စူရတ်ဌာနီ Suratthani
171

နရာသီဝပ် Narathiwat ဥဘွန်ရပ်ချဌာနီ Ubonratchathani ဥဒေါင်းဌာနီ Udonthani

170 နခွန်နရုတ် Nakhonnayok ပတာနီ Pattani

169

နောင်ခိုင် Nongkhai လန်ဖွန်း Lampoon ထရတ် Trat
168 ကန်ဖန်ပက် Kamphaengphet ဥထိုင်းဌာနီ Uthaithani
167 ကလစင် Kalasin ခွန်ကင် Khon Kaen ချိုင်န Chainat စူဖန်ဘူရီ Suphan Buri

166

ချင်းရိုင် Chiang Rai နခွန်စ၀မ် Nakhonsawan ဘူရီဘမ် Buribam ပက်ချဘန် Phetchabun ရစိုသွန် Yasothon ရွိုင်အင် Roiet စခွန်နခွန် Sakonnakhon

165

ချိုင်ရပ်ဖွန် Chaiyaphum မုဒါဟန် Mukdahan လန်ပန်း Lampang ဆူခိုထိုင်း Sukhothai နောင်ဘူလန်ဖူး Nongbualamphu

164

နခွန်ဖနွမ် Nakhonphanom

163

ဖိချစ် Phichit ဖိစနလွတ် Phitsanulok ဖရယ် Phrae မဟာစာရခမ် Mahasarakham မဲဟောင်ဆောင် Mae Hong Son အမ်နတ်ကျရင် Amnatcharoen ဥတာရဒစ် Uttaradit

162

စူရင် Surin တာ့ခ် Tak

161

နန် Nan

160

စီစာခက် Sisaket

159

ဖရောင် Phayao

1 comments :

  1. Anonymous said... :

    အစိုးရ ဥပဒေထုတ်ပြီး သတ်မှတ်ပေးတဲ့ အနိမ့်ဆုံး နေ့တွက် လုပ်အားခ ရရေး ဆိုတာ ထိုင်းနိုင်ငံသားတွေအတွက်ပဲမဟုတ်ဘူး၊ နိုင်ငံခြားသားတွေလည်း အကျုံးဝင်တယ် လို့ အလုပ်သမားအဖွဲ့တခုက ပြောပါတယ်။

    "ဒီဥပဒေက အလုပ်သမားတယောက်ကို အနိမ့်ဆုံးလခ ဒီလောက် ပေးကို ပေးရမယ် လို့ ဆိုလိုတယ်။
    ထိုင်းတွေအတွက် သီးသန့် ဆိုပြီး ခွဲခြား သတ်မှတ်ထားတာ မရှိဘူး။
    ထိုင်းပဲ ဖြစ်စေ၊ နိုင်ငံခြားသားပဲ ဖြစ်စေ ရကို ရရမယ့် လုပ်အားခပဲ"

    ရောင်ခြည်ဦး အလုပ်သမား အဖွဲ့ တာဝန်ခံ ကိုမိုးဆွေ ပြောသွားတာပါ။

    ကျနော် တစ်ခုလောက်ပြောပါရစေ
    ကျနော်တို့ သည် မြန်မာနိုင်ငံသားဖြစ်ပါတယ်
    သူများနိုင်ငံမှာအလုပ်လုပ်တယ်ဆိုတာ အခွင့်အရေး တန်တူရဖို့ မလွယ်ပါဘူး
    မြန်မာနိုင်ငံမှာရော တန်တူရနိုင်ပါသလား
    သူများနိုင်ငံက သတ်မှတ်ထားတဲ့ ဈေးနှုန်းအတိုင်းရချင်တယ်ဆိုရင် အခွန်ဆောင်ဖို့ မမေ့သင့်ဘူးထင်ပါတယ်
    တရားဝင်လာအလုပ်လုပ်လို့  သတ်မှတ်ဈေးနှုန်းမရဘူးဆိုရင် ဥပဒေအတိုင်းလုပ်ယူနိုင်ပါတယ်
    ကိုမိုးဆွေကို အရင်က လေးစားပါတယ်
    အခုလည် လေးစားပါတယ်

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved