ကျနော်သည် မျောက်တကောင်ဖြစ်သည်

Tuesday, July 26, 2011

ဦးကျော်ဆန်း မိန့်ခွန်းခြွေနေပုံ။
တနင်္ဂနွေနေ့ သတင်းစာတွေမှာ ဖော်ပြထားတာပါ။

မြန်မာပြည်သားတွေဟာ မျောက်ကနေ ဆင်းသက်လာတယ် ဆိုတဲ့သဘော အတည်ပေါက် ပြောကြားချက်ကို တနင်္ဂနွေ သတင်းစာတွေမှာ ဖတ်ရမှာပါ။ ၀ံကြီး အဲ - ၀န်ကြီးဦးကျော်ဆန်းက ပြောသွားတာပါ။ လူသားအစ မြန်မာက ဆိုပြီး "ကမ္ဘာကပင်အသိအမှတ်ပြုလက်ခံ"တယ် ဆိုပဲ။

ကိုယ်တိုင်လည်း မျောက်က ကပြီး သက်သေလည်း ပြခဲ့တဲ့ ဝန်ကြီး ဖြစ်ပါတယ်


လူဖြစ်ပေါ်ပုံနဲ့ ပတ်သက်ပြီး ကမ္ဘာမှာ ထင်ရှားတဲ့ အယူအဆ တမျိုး ရှိခဲ့တာ သူ ထည့်မပြောသွားပါ။

လူဆိုတာ မျောက်က ဆင်းသက်တယ် တဲ့။ ပညာရှင် ဒါဝင်ရဲ့ ကမ္ဘာကျော်အယူအဆပါ။

ဒီအယူအဆနဲ့ ၀န်ကြီးရဲ့ ပြောဆိုချက်တွေ ပေါင်းလိုက်ရင် ဘာရမလဲ။

4 comments :

  1. Anonymous said... :

    ဒီကျော်ဆန်းဆိုတဲ့ ၀နေကောင်ကတော့ ဘာလုပ်လုပ် ဘာပြောပြော အစကိုမလွတ်.. ပြောစရာချည့်.. သူမျောက်ဖြစ်ချင်တိုင်း တပြည်လုံး ဆွဲဆွဲထည့်တာ..။ က.. နေပုံကို ကြည့်လိုက်ဦး ပြောမယ်ဆိုပြောစရာ.. မျောက်ဇာတ်ခင်းနေသလားအောက်မေ့ရ… ကိုင်း.. ဘယ့်နှယ် လုပ်ကြမတုန်း...။

  1. Anonymous said... :

    ဒေါ်စု ပုဂံဘုရားဖူးကပြန်လာတော့ ပုဂံဘုရားတွေ ရှေးဟောင်းအမွေအနှစ်တွေကိုပြုပြင်ဘို့အများကြီးလိုအပ်နေတယ်လို့ပြောခဲ့တယ်။ဒါကြောင့် ဒီသတင်းခေါင်းစဉ်ကို " ပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်မှာကြားချက်အရ ပုဂံရှေးဟောင်းအမွေအနှစ်များ ပြုပြင်ထိမ်းသိမ်းရန် ၀န်ကြီးနှင့်အဖွဲ့အစည်းအဝေးကျင်းပ " လို့တပ်ရင်ပိုမှန်မယ်

  1. Anonymous said... :

    ဒို့ဝံကြီးက
    စာလုံးပေါင်းမှားသွားသည်ခွင့်လွတ်ပါဝန်ကြီးခင်ဗျာ။
    ဒို့ဝန်ကြီးကလူချစ်လူခင်သိပ်ပေါတာ။ဟိုသူကစ၊ဒီသူကစနဲ့။ချစ်လို့စတာနော်စိတ်မစိုးရဘူးနော်၊ကဲဖေ့သားကြီးရှေ့ဂျွှမ်းလေးထိုးလိုက်အုံး။

  1. Anonymous said... :

    I saw one article in myanmarexpress blog and they described daw aung san su kyi face looks like monkey. Now, after reading this article, finally i understand why they got angry and fought to daw aung san su kyi by describing monkey face.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved