ရယ်စရာ ပဟေဠိ အမှတ် ဝ၂၁ အဖြေများ

Tuesday, July 19, 2011

ကြော်ငြာခပေးမှ ကြော်ငြာဖော်ပြပေးမယ့်မဂ္ဂဇင်း
==============================

မေးခွန်း ၁) မြန်မာနိုင်ငံမှာ အမျိုးသမီးတွေဟာ ညွှန်ကြားရေးမှူးချုပ်၊ သံအမတ်ကြီး စတဲ့ ရာထူးတွေ မရကြပါဘူး။ သူတို့မှာ ဘာ ချို့ယွင်းချက် ရှိနေလို့လဲ။
သဲလွန်စ= စစ်ထဲဝင်။
အဖြေ - ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ လုပ်သက်ရင့်ထော်နေပါစေ ဒီရာထူးတွေ ပေးတဲ့ထုံးစံ မရှိပါ။
ဒီရာထူးတွေက တပ်က လာသူတွေ အတွက်ပါ။ ဒါကြောင့် ဒီရာထူးတွေ ရချင်ရင် စစ်ထဲဝင်ပါ။
စစ်ရေးအတွေ့အကြုံ ရှိရင် နာဂစ်ဥပဒေအရ သမ္မတတောင်ဖြစ်နိုင်ပါတယ်။

=======================

မေးခွန်း ၂) ပြည်ပအားကိုး ပုဆိန်ရိုး အဆိုးမြင်ဝါဒီ ဆန့်ကျင်ကြပါ စသဖြင့် ဗိုလ်ချုပ်ကြီး တို့ရဲ့ ကြော်ငြာတွေကို စာအုပ် စာစောင် မဂ္ဂဇင်း ဂျာနယ်တွေက အခမဲ့ ဖော်ပြလာတာ အနှစ် ၂၀ ကျော်ပါပြီ။ အခု မဂ္ဂဇင်းတစောင်က ပြောလိုက်ပါတယ် - ကြော်ငြာခ ရမှ ဒီကြော်ငြာတွေ ထည့်ပေးမယ် တဲ့။ ဘယ်မဂ္ဂဇင်းက အဲဒီလို ပြောလိုက်တာလဲ။

သဲလွန်စ - ကြော်ငြာပါတဲ့ မဂ္ဂဇင်း၊ အင်္ဂလိပ်ဘာသာနဲ့ ထုတ်တယ်။

အဖြေ - ဧရာဝတီ မဂ္ဂဇင်း
=======================

မေးခွန်း ၃) မျိုးချစ်စိတ် ဆိုတာ လူမျိုးခြားမုန်းတီးရေး၊ ငါ့အမျိုးတွေ နေရာကောင်းရရေး စသဖြင့် အဓိပ္ပာယ် အမျိုးမျိုး ဖွင့်ကြပါတယ်။ ဒါဆိုရင် ပြည်သူ့ဆန္ဒကိုရော ဘယ်လို အဓိပ္ပာယ် ဖွင့်ကြမလဲ။ ပြည်သူ့ဆန္ဒ ဆိုတာ ဘာလဲ။
သဲလွန်စ - ၀ိုင်းဝိုင်းလေး။
ပြည်သူ့ဆန္ဒ ဆိုတာ ပုလင်းဝိုင်းလေးနဲ့ ထည့်ရောင်းတဲ့ နာမည်ကျော် သွေးဆေး ဖြစ်ပါတယ်။


း)

1 comments :

  1. အဲဒီကြော်ငြာကို အခမဲ့ထည့်ပေးလာတာ နှစ် (၂၀) ကျော်ပြီဆိုတော့... အခြား မဂ္ဂဇင်းတွေက ကြော်ငြာခ အကြွေးတွေတောင်းဖို့ မရှိဘူးလား... ကိုယ်ရမယ့်အကြွေးတောင် မတောင်းရဲတဲ့ အဖြစ်မျိုးပါတကား...

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved