ဒေါ်အောင်ဆန်းစုကြည်ကို ပုဂံလူထု သောင်းသောင်းဖြဖြ ကြိုဆို

Thursday, July 7, 2011

ဓာတ်ပုံ AP
ဓာတ်ပုံ AP
ဓာတ်ပုံ AP
ဓာတ်ပုံ AP
ဓာတ်ပုံ - ဧရာဝတီ
ဓာတ်ပုံ - ဧရာဝတီ

ဒေါ်အောင်ဆန်းစုကြည်နဲ့ သားငယ် ကင်မ်အဲရစ်တို့ရဲ့ ပုဂံ ခရီးစဉ်ဟာ မနက်ဖြန်ဆို ပြီးဆုံးတော့မှာ ဖြစ်ပါတယ်။ ဒီခရီးစဉ်ဟာ သူ့ရဲ့ ပုဂ္ဂလိက ခရီးစဉ် ဖြစ်တာကြောင့် ဒီခရီးမှာ လူထုကို နိုင်ငံရေးနဲ့ ပတ်သက်လို့ ဘာစကားမှ မပြောခဲ့ပါဘူး။ ဒါပေမယ့် ပုဂံ ပြည်သူလူထု ကတော့ ဒေါ်အောင်ဆန်းစုကြည် သွားရာနောက်ကို တကောက်ကောက်လိုက်ပြီး နှုတ်ဆက်ကြ လက်ဝှေ့ယမ်းပြကြနဲ့ အားပါးတရ ရှိလှပါတယ်။ မနေ့ကတော့ ဒေါ်အောင်ဆန်းစုကြည်က ပုဂံဒေသခံတွေကို နှုတ်ဆက်စကား ပြန်ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှုတ်ဆက်စကားကို ကြားတဲ့အချိန်မှာ ပုဂံ ဒေသခံတွေဟာ တော်တော်လေး ဝမ်းမြောက်ပျော်ရွှင်သွားကြတယ်လို့ သိရပါတယ်။ ဒီ ခရီးစဉ်ဟာ ဒေါ်အောင်ဆန်းစုကြည်က သူ့သားငယ်အတွက် သွားပေးခဲ့တဲ့ ခရီးစဉ်လို့ ဆိုပါတယ်။ နောက်တခေါက် ပုဂံကို လာဦးမယ် လို့လည်း သူ ကတိပေးခဲ့ပါတယ်။ အဲဒီအခေါက်ကျရင်တော့ လူထုကို ဘာစကားတွေ ပြောမလဲဆိုတာ စောင့်ကြည့်ရမှာပါ။ သူ့ရဲ့ NLD အဖွဲ့ဝင်တချို့ကတော့ သူအခုလို ခရီးထွက်လာတာ အရဲကိုးလွန်းတယ်၊ အန္တရာယ်ကြီးတယ်လို့ ဝေဖန်ကြပါတယ်။

တချို့ကျတော့ သူ ဒီလို ထွက်လာတာကို သဘောကျကြပါတယ်။ နိုင်ငံရေးကိစ္စ မဟုတ်ပေမယ့် လူထုကြားထဲကို သွားလိုက်တဲ့အတွက် လူထုရဲ့ သူ့အပေါ် တုန့်ပြန်မှု ဘယ်လိုရှိနိုင်တယ် ဆိုတာကို မှန်းဆကြည့်လို့ရတယ်လို့လည်း တချို့က ပြောကြတယ်။ တချို့ကျတော့လည်း ဒီပဲယင်း အဖြစ်အပျက်ကို မမေ့နိုင်ကြသေးဘူး၊ သူ့အသက်အန္တရာယ်အတွက် တော်တော်လေး စိုးရိမ်ကြတယ်၊ တချို့ကျတော့ ဒီပဲယင်း ခေတ်တုန်းကလို မဟုတ်တော့ဘူး၊ သတင်းသမားတွေက သူ့နောက်မှာ တကောက်ကောက် ပါနေတယ်၊ သူ့အပေါ် ကျူးလွန်ချင်တိုင်း ကျူးလွန်လို့ မရတော့တဲ့အတွက် အခုလို လူထုကြားကို ထွက်လာတာ ကောင်းတယ်လို့ ပြောဆိုကြတယ်။

ဓာတ်ပုံတွေအရတော့ သူဟာ ဒီခရီးကို သားငယ်နဲ့အတူ ထွက်လာရတဲ့အပေါ် တော်တော်ပျော်ရွှင်နေပုံရတယ် (သတင်းထောက် တချို့ရဲ့ အလိုက်မသိမှုကြောင့် အနည်းအကျဉ်း စိတ်အနှောင့်အယှက် ဖြစ်ရတာက လွဲလို့ပေါ့)။ သားဖြစ်သူကို မြစေတီ ကျောက်စာအကြောင်း ရှင်းပြ၊ ပုဂံဘုရားတွေအကြောင်းပြောပြ၊ ဘုရားကို အတူဖူးကြနဲ့ မြင်ရတာကိုက စိတ်ချမ်းသာစရာ ကောင်းပါတယ်။

အစိုးရကတော့ ဒေါ်အောင်ဆန်းစုကြည် ခရီးမထွက်ခင်က သတင်းစာထဲမှာ ရက်ဆက်ဆိုသလို ခြိမ်းခြောက်တဲ့ စကားတွေနဲ့ နှုတ်သီးကောင်း လျှာပါး ရန်တွေ့ခဲ့ပေမယ့် ခုတလောမှာတော့ နည်းနည်းငြိမ်နေပါတယ်။ ခရီးစဉ်တလျှောက်မှာလည်း နှောင့်ယှက် တာမျိုး မရှိပေမယ့် အရပ်ဝတ်ရဲတွေက ဓာတ်ပုံရိုက်တယ်လို့တော့ သိရတယ်။ သူ တခြားဒေသတွေကို သွားမယ်ဆိုရင်လည်း ဒေသခံ ဝန်ကြီးတွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ လူထု တိုက်ရိုက် ထိတွေ့ခွင့်မရအောင် ဒေသခံ ဝန်ကြီးတွေက နည်းပရိယာယ်တွေ ကြိုဆင်ထားတယ်လို့လည်း ကြားရတယ် (ဥပမာ - သူသွားမယ့်မြို့နယ်မှာ လူထု မတက်မနေရ ဟောပြောပွဲတွေ လုပ်တာမျိုးပေါ့)

ဘာပဲဖြစ်ဖြစ် မနက်ဖြန်မှာတော့ ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်ပြန်ပါပြီ။ အခု ပုဂ္ဂလိက ခရီးစဉ်ဟာ သူ့ရဲ့ နိုင်ငံရေးခရီးစဉ်အကြို စမ်းသပ်မှုလား ဆိုတာတော့ မေးစရာရှိပါတယ်။ အဲဒီလိုဆိုရင်တော့ သူ့ခရီးစဉ် အောင်မြင်တယ်လို့ ဆိုရမှာပါ။

ဒေါ်အောင်ဆန်းစုကြည်ကို ပုဂံဒေသခံတွေ ဘယ်လိုကြိုဆိုတယ် ဆိုတာကို ဒီမှာ ဖတ်နိုင်ပါတယ်။

3 comments :

  1. nga khong gyi said... :

    excuse myanmar goverment, u can see very clearly about whats our people need?what are they expecting?see it.very clear.please negotiate with democratics and do the best for our country.

  1. Anonymous said... :

    This is good news. Our people must keep to Daw Su.
    Dun

  1. Myanmar Government said... :

    I don't want to see this situation.I am jealous of her.I must stop her super popularity as soon as possible.Must eliminate her.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved