အာဇာနည်နေ့ မျက်နှာဖုံးပေါ် ရောက်ပြီ

Wednesday, July 20, 2011

ကြေးမုံမှာတော့ဦးအောင်ဆန်းဦးပုံ

မြန်မာ့အလင်းက ဒေါ်အောင်ဆန်းစုကြည်ပုံ

"အရပ်သား" အစိုးရလက်ထက် ပထမဆုံးအကြိမ် ကျင်းပတဲ့ အာဇာနည်နေ့ အခမ်းအနား သတင်းကို ဒီနေ့ထုတ် သတင်းစာ မျက်နှာဖုံးတွေမှာ ဖော်ပြထားပါတယ်။

သူတို့ ဘောင်းဘီဝတ်ထားစဉ်ကာလတွေတုန်းကတော့ အာဇာနည်နေ့သတင်းကို အတွင်းပိုင်းမှာပဲ ဖော်ပြခဲ့တာပါ။

ဒါကြောင့် ဒီနှစ်တော့ သတင်းစာတွေကို ထိန်းချုပ်ထားတဲ့ ဗိုလ်ကျော်ဆန်း အရမ်း အရမ်း သဘောကောင်းလာတယ်လို့ ဆိုရမှာပေါ့။

မြန်မာ့အလင်းမှာ ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြ မိသားစု
new light of myanmar မှာ ဦးဘ၀င်း၊ ဦးရာဇတ် မိသားစု
ကြေးမုံမှာ ဗိုလ်ချုပ်အောင်ဆန်း၊ မိုင်းပွန်စော်ဘွား မိသားစု တို့ လွမ်းသူ့ပန်းခွေချတဲ့ ဓာတ်ပုံတွေ ဖော်ပြပါတယ်။

ကျန်တဲ့ မိသားစုတွေရဲ့ ပုံတွေ မပါပါ။

မနှစ်တုန်းက အာဇာနည်နေ့ သတင်းမှာတော့ ဓာတ်ပုံ တပုံပဲ ပါပါတယ်။ မြို့တော်ဝန် ပန်းခွေချပုံပါ။

6 comments :

  1. ဘစ်ကက် said... :

    ဒေါ်စုကို သခင်မြမိသားစုနဲ့တွဲ၊ ဗိုလ်ချုပ်သားကိုတော့ မိုင်းပွန်စော်ဘွားမိသားစုနဲ့တွဲပြီး သတင်းစာမှာဖော်ပြထားတာ ဗေဒင်ယတြာအရ ဘယ်လိုကိန်းခန်းရှိသတုံး ကြည့်ပြေးကပါအုံး ဆရာတို့... ဒီကောင်တွေက ယုံရတာမဟုတ်ဘူး။

  1. Anonymous said... :

    အရပ်သား အစိုးရမဟုတ်ပါဘူးဗျ ဘောင်းဘီချွတ် အစိုးရပါ

  1. Anonymous said... :

    သိတ်လဲချီးကျူးမနေကြပါနဲ့ အုံးဗျာ..တကယ့်စိတ်ပါလက်ပါအလေးအနက်ထားပြီး၊ စိတ်ရင်းစေတနာရင်းနဲ့ လုပ်ပေးခဲ့တာမဟုတ်ပါဘူးနော်..
    မဆလ အစိုးရလက်ထက်မှာ အောက်ကအချက်တွေလုပ်ပေးခဲ့တယ်..
    (၁) အာဇာနည်နေ့ အကြိုတပါတ်လောက်ကစပြီး။ ကျောင်းတွေမှာ စာစီစာကုံး၊ ပန်းချီ၊ ပြိုင်ပွဲတို့ ကျင်းပပေးခဲ့တယ်..(အခုလုပ်သလား)
    (၂) အာဇာနည်နေ့ ကြိုဆိုသောအားဖြင့် လူငယ်တွေအာဇာနည်ကုန်းသန့် ရှင်းရေးလုပ်တာတို့ ၊ သွေးလှူတာတို့ ၊ မြန်မာ့အသံကလဲ ဇာတ်လမ်းလွှင့်ပေးတာတို.၊ ဆောင်းပါးတွေ၁ ပါတ်ကြိုရေးတာတို့ ၊ (အခုအဲဒါတွေ၁ခုမှမလုပ်)

    (၃) အာဇာနည်နေ့ အထိမ်းအမှတ် ၁၀း၃၇ မိနစ်မှာ ဥသြဆွဲပေးတာတို့ ၊ ကားတွေ၊ သင်္ဘောတွေဥသြဆွဲပေးဖို့ မေတ္တာရပ်ခံတာတို့ .. ပြောရရင်ဦးနေ၀င်းဟာယုတ်မာတယ်လို့ ကြားဖူးပေမဲ့၊ ပညာရှိပီပီယဉ်ယဉ်ကျေးကျေးနဲ့ လုပ်ခဲ့တယ်..(ဒီနေ့ စစ်ခွေးတွေလက်ထက်မှာတော့၊ ရိုင်းရိုင်းဆိုင်းဆိုင်းအစဉ်အလာကောင်းတွေကိုဖျက်ခဲ့တယ်..) ဒီလိုသေးသိမ်တဲ့စိတ်ယုတ်တွေကိုပေါ်ပေါ်တင်တင်လုပ်ခဲ့လို့ လဲ၊ ဘယ်သူအကောင်းမြင်မြင် သူတို့ ကိုအကောင်းမမြင်နိုင်ဘူး)
    (၄) အာဇာနည်နေ့ ထုတ်သတင်းစာတွေကိုတောင်အထူးထုတ်အဖြစ်မထုတ်နိုင်ဘူး..(မဆလ လက်ထက်မှာ သတင်းစာအောက်ဆုံးရှေ့ဖုံးမှာ အာဇာနည်ကြီးများကိုအလေးပြုပါ၏ဆိုပြီးစာလုံးမဲကြီးတွေနဲ့ဂုဏ်ပြုခဲ့တယ်.. ဘယ်လောက်ဆိုးသလဲဆိုရင်..အယ်ဒီတာအာဘော်မှာကို အယ်ဒီတာကအာဇာနည်နေ့ အကြောင်းတစွန်းတစလေးတောင်မရေးဘူး၊ ကြည့်ဦးသီးနှံအထွက်တိုးရေးတဲ့......
    မြန်မာတွေကလည်းအခက်သားလား၊ ရိုင်းရိုင်းပြောရရင်၊ ခွေးဝမ်းသာအောင်လေလည်ပြနေသလိုဘဲ.. မပိတ်ပင်သင့်တာကိုပိတ်ပြီးတော့၊ နဲနဲလေးဖွင့်ပြ၊ လက်ခုတ်ဝိုင်းတီးလိုက်ကြ...လိုက်ပါတယ်..ဒီမိုးဒီရေဒီလူတွေ...
    ငပုကျော်ဆန်းကိုအထင်မသေးနဲ့ ၊ လျှော့မတွက်နဲ့နော်..ရုပ်ဖတ်ကြမ်းကြေရင် သူ့ဥပဓိရုပ်ကသူဘာဆိုတာပြနေပြီးသားနော်။။။။။

  1. Anonymous said... :

    အာစီယန်ဥက္ကဌ လုပ်ချင်လို့ သဘောကောင်းချင်ယောင်ဆောင်နေတာပါ။sp

  1. Anonymous said... :

    ပြောရရင်တော့အများကြီးရှိသေး၊
    မဆလလက်ထက်မှာ..၀န်ကြီးချုပ်အဆင့်၊ နောက်တော့ ပြန်ကြားရေးနဲ့ ယဉ်ကျေးမှု့ ဝန်ကြီးအဆင့်၊ န၀တလက်ထက်မှာ ၀န်ကြီး၊ နောက်တော့ ယဉ်ကျေးမှု့  ဒု ၀န်ကြိးအဆင့်၊ ကြည့်အခုအဖြည်းဖြည်းအဆင့်လျှော့လာတာ..မြို့ တော် ၀န်အဆင့်၊ လက်ရှိအဆိုးရလက်ထက်မှာ ရန်ကုန်မြို့ တော်ဝန်ရဲ့အဆင့်ဟာအရင်အစိုးရတွေလက်ထက်ကနဲ့ ပြောမယ်ဆိုရင် သူဟာတိုင်းမန်နေဂျာအဆင့်သာရှိတ်ာနော်၊ တိုင်းဒေသကြီးဝန်ကြီး။။။ ပြည်ထောင်စုဝန်ကြိးမဟုတ်ပါ..ဆိုတော့ကာနောက်ဆို၊ အာဇာနည်နေ့ ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးလောက်လွှတ်လိမ့်မယ် စောင့်ကြည်.. သူတို့ ရဲ့အတွင်းသရုပ်ကရှင်းရှင်လေးပါ..ဒီလူတွေမှာစိတ်ကောင်းစေတနာကောင်းကိုမရှိတာပါ..

  1. မောင်ကောင်း said... :

    သြော်... တက်တက်ချင်း ဆောက်နဲ့ထွင်ဆိုလို့လဲမဖြစ်ပြန်ဘူးလေ၊ သိသာသိစေ မမြင်စေနဲ့ နအဖ ပေါ်လစီ အရ အသာလေး သာသာထိုးထိုးလျော့ပေးလိုက်တာပါ၊ ဒါမှ သူတို့ ခေါင်းစဉ်တပ်လို့ရမယ်လေ နိုင်ငံတော်အစိုးရသစ်စေတနာအမှန်ဖြင့် ဒေါ်စုအား အာဇာနည်နေ့ ကျင်းပခွင့် တက်ရောက်ခွင့် ပေးခဲ့သော်လဲ .. သော်လဲ သော်လဲ ပေါင်းများစွာနဲ့ မကြာမီမျှော်....

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved