ဧရာဝတီ ဘလော့ဂ်ကို စတိုင် အမြင်သစ်နဲ့ ဘယ်လိုဖတ်ကြမလဲ....

Tuesday, July 5, 2011

ကဲ Google ရဲ့ Blogger က ကြည့်ရှုသူ အပေါင်းကို ဘလော့ဂ် တခုအား အသွင်မတူတဲ့ ပုံစံမျိုးကွဲလေးတွေနဲ့ ဘယ်လိုကြည့်မလဲဆိုတာ မိတ်ဆက်လိုက်ပါတယ်။

Blogger ကတော့ ဒါလေးကို All about Dynamic Views for Readers လို့ နာမည်တပ်ထားပါတယ်။

ဥပမာ ။ ။ ဧရာဝတီ ဘလော့ဂ်လင့်ခ်ဖြစ်တဲ့ www.irrawaddyblog.com ရဲ့ နောက်မှာ /view (http://www.irrawaddyblog.com/view/)
ဆိုတာလေးကို ပေါင်းထည့်ရိုက်ပေးခြင်းအားဖြင့် သူက စာဖတ်သူ အပေါင်းကို အမြင်သစ်အသွင်သစ်များဆီသို့ ခေါ်ဆောင်သွားပါလိမ့်မယ်။

ပထမဆုံး မြင်ရမှာ ကတော့ Sidebar view ဖြစ်ပါတယ်။ အဲဒီမှာ က ဘလော့ဂ်မှာ တင်ထားတဲ့ blog posts တွေကို အသစ်ကနေစပြီး ဟိုးအဟောင်းတွေ အထိ ပို့စ် တစ်ခုချင်းစီကို အစီအစဉ်လိုက် ဘေးမှရှိတဲ့ sidebar လေး ကနေ တစ်ခုချင်းစီကို လွယ်ကူစွာဖတ်နိုင်ပါတယ်။ (http://www.irrawaddyblog.com/view/sidebar)


ဧရာဝတီ ဘလော့ဂ် ကို Sidebar view နဲ့ တွေ့နေရပုံ

ဒုတိယ view ကတော့ Snapshot view (http://www.irrawaddyblog.com/view/snapshot) ပါ။ ဘလော့ဂ် ပို့စ် တွေထဲကပါတဲ့ ဓာတ်ပုံတွေကို အစီအရီပြထားပါလိမ့်မယ်။ Mouse pointer လေးကို ထောက်ကြည့်ရင်ဖြင့် သူနဲ့ ပတ်သတ်တဲ့ စာလေးတွေထွက်လာပါလိမ့်မယ်။


Snapshot view မှာ အမြင်တစ်မျိုး

တတိယ Mosaic view (http://www.irrawaddyblog.com/view/mosaic) မှာတော့ ကိုယ်ကြိုက်နှစ်သက်မည့် ဘလော့ဂ်ပိုစ်များကို လွယ်ကူစွာရွေးချယ်နိုင်အောင် စီစဉ်ထားပါတယ်။ ကျန်တဲ့ view တွေကိုတော့ ညာဘက်ဒေါင့်လေးမှာရှိတဲ့ view အမျိုးမျိုးရွေးနိုင်တဲ့နေရာမှာ ရွှေးချယ်ခံစားနိုင်ပါတယ်။


Mosaic View

ယခု လို view တွေ ကို ဧရာဝတီ ဘလော့ဂ် တခုတည်း မဟုတ်ပါဘူး။ တခြား ဘလော့ဂ်များရဲ့  Blog URL နောက်တွင် /view ဆိုတာလေး ပေါင်းရေးလိုက်ခြင်းအားဖြင့် ခံစားနိုင်ပါတယ်။

သားကြီး

3 comments :

  1. Anonymous said... :

    ဧရာဝတီ ဘလော့အသစ်ရဲ့ လေးအောက်ဒီဇိုင်း အရမ်းကောင်းပါတယ် ဖတ်ရကြည့်ရတာကိုရှင်းနေတာပါပဲ ကွာတလီကိုသေချာဦးစားပေးထိန်းထားတဲ့အတွက်လဲ ဂုဏ်ယူပါတယ်ခင်ဗျာ အရင်ဘလော့လေးအောက်ကတော့ ကြာကြာကြည့်ရင်မျက်လုံးကျိန်းလာပါတယ် အခု အဖြူလေးနဲ့ဆိုတော့ တော်တော့်ကို သပ်သပ်ယပ်ယပ်ပါပဲ။

  1. ဘီလူး said... :

    ကျွန်တော်ကတော့ အဟောင်းပုံစံကို ပိုကြိုက်တယ်..

  1. Anonymous said... :

    စတိုင်အသစ်ကိုအရမ်းကြိုက်ပါတယ်။ ဒါပေမဲ့အဖြူရောင်သုံးထားတာတော့ ကျနော့်အတွက်မျက်လုံးအရမ်းစူးပါတယ်

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved