သူငယ်ချင်းအတွက်

Tuesday, August 2, 2011


ထူးအိမ်သင် ဖန်တီးရေးဖွဲ့ခဲ့တဲ့ အင်မတန်ရိုးစင်း၊ ချစ်စရာကောင်းတဲ့ သီချင်းပါ။
၁၉၈၆ ခုနှစ် သူ့ရဲ့ ပထမဆုံး စီးရီး နာရီပေါ်မှမျက်ရည်စက်များ ထဲက သီချင်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့လ အလဲဗင်းမီဒီယာဂရုရဲ့ ဆောင်းပါးတပုဒ် မှာလည်း ဒီသီချင်းအကြောင်း ထည့်သွင်း ရေးသားထားပါတယ်။



သူငယ်ချင်းအတွက်

ကလေးများအားလုံးလည်း စာသင်မယ့်ဆရာကို မျှော်နေတယ်
စာသင်ခုံတွေလည်း ဖရိုဖရဲ ပိုးစားခြကိုက်နဲ့
ခေါင်းလောင်းကြီးလည်း အိပ်ပျော်နေဆဲ အသံမမြည်နိုင်ရှာတယ်
စာအံသံတွေ ကြားချင်ပါတယ် ကွက်လပ်ဖြည့်လိုက်ပေါ့ကွယ်

ကျေးလက်က ဆရာ သူငယ်ချင်းရယ်
ခေါင်းလောင်းကြီး အသံတွေ ချိုမြမယ်
အားလုံအတွက် တာဝန်တွေထမ်းဆောင်မယ့်
မင်းအတွက် တို့ ဂုဏ်ယူလိုက်ပါတယ်

ဆေးပေးခန်းထဲ ပင့်ကူတွေလည်း အခိုင်အမာ အိမ်ယာဖွဲ့
အို လူနာကုတင်တွေလည်း ဖရိုဖရဲ ပိုးစားခြကိုက်နဲ့
ဆင်းရဲလွန်းတဲ့ ဘ၀တွေ တကယ်ပဲ ချူချာနေရှာတယ်
လူတွေအကုန် ကျန်းမာရေးအတွက် ကွက်လပ်ဖြည့်လိုက်ပေါ့ကွယ်

ကျေးလက်က ဒေါက်တာသူငယ်ချင်းရယ်
စိတ်ဓာတ်ကလေး ဖြူစင်သန့်ရှင်းတယ်
အားလုံအတွက် တာဝန်တွေထမ်းဆောင်မယ့်
မင်းအတွက် တို့ ဂုဏ်ယူလိုက်ပါတယ်



1 comments :

  1. Anonymous said... :

    ဒီလိုပဲပေါ်ပင်လေးတွေလိုက်လုပ်ပေါ့။
    တခြားသတင်းဆိုဒ်ကဖေါ်ပြပြီးရင်
    ထထလိုက်ယောင်ပေါ့။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved